ICJ အမှုနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးသြဇာ


2020.01.31

ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ ICJ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ မြန်မာနိုင်ငံအပေါ် တိုင်ကြားထားတဲ့အမှုမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တရားရုံးတက်ပြီး ရင်ဆိုင်ခဲ့တဲ့အတွက် ပြည်တွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးသြဇာ ပိုမြင့်မားလာတာ တွေ့ရပါတယ်။

နိုင်ငံတကာမှာတော့ ရခိုင်ပြည်နယ်မှာ မြန်မာ့တပ်မတော်ရဲ့ လုပ်ဆောင်ချက်တွေအပေါ် ဒေါ်အောင်ဆန်းစုကြည်က ကာကွယ်ပြောဆိုခဲ့တဲ့အတွက် ဝေဖန်မှုတွေက ပိုများလာပါတယ်။ လူ့အခွင့်အရေး တိုက်ပွဲဝင်သူ ဒီမိုကရေစီ ခေါင်းဆောင်တဦးအဖြစ် ကမ္ဘာကသိကြတဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် မတူကွဲပြားတဲ့အမြင်တွေအကြောင်း RFA ဝိုင်းတော်သား စောဖိုးခွားက တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။