သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-07-19
ဖမ်းဆီးခံလိုက်ရတဲ့ ဆရာဝန် ငါးဦးထဲကနှစ်ဦးဟာ CDM ဆရာဝန်တွေဖြစ်ပြီး စစ်တပ်က ရာဇသတ်ကြီးပုဒ်မ- ၅၀၅ (က) နဲ့ ဖမ်းဝရမ်း ထုတ်ခံထားရသူတွေ ဖြစ်တယ်လို့ဆိုပါတယ်။
2021-07-19
ဒီနေ့ကျရောက်တဲ့ ၇၄ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ဒေါ်အောင်ဆန်း စုကြည် တက်ရောက်ဂါရဝပြုခွင့်မရခဲ့သလို ဒီကိစ္စအတွက် စစ်ကောင်စီက တစ်စုံ တစ်ရာ ကြိုတင်ဆွေးနွေးတာတွေလည်းမရှိခဲ့ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေ ဦးခင်မောင်ဇော်က RFA ကို ပြောပါတယ်။
2021-07-19
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်မှာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ ၃၁၁ ဦးရှိနေပြီလို့ KIA သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက RFA ကို ပြောပါတယ်။
2021-07-19
ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်ဖြစ်ပွားနှုန်းတွေ မြင့်တက်နေချိန်မှာ ဆေးရုံတွေနဲ့ ကုသရေးစင်တာတွေမှာ အောက်ဆီဂျင် အလုံအလောက်မရှိတာ၊ အောက်ဆီဂျင်ကို စျေးအဆမတန်တင်ပြီး ရောင်းချသူတွေရှိနေပါတယ်။
2021-07-19
စစ်ကိုင်းတိုင်း၊ ရေဦးမြို့၊ ကြာပန်းအဝိုင်းအနီးမှာ ဒီကနေ့ ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့ မနက်ပိုင်းက ဗုံးနှစ်လုံး ပေါက်ကွဲပြီး ရဲနှစ်ယောက် ဒဏ်ရာရသွား တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရေဦးမြို့က ဒေသခံတွေက ပြောပါတယ်။
2021-07-19
ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် မနေ့က ထပ်မံသေဆုံးသူ လေးဦး ရှိခဲ့ တာကြောင့် သေဆုံးသူ စုစုပေါင်း ၄၁ ဦးအထိ ရှိလာနေတယ်လို့ ရခိုင်ပြည်နယ် ကျန်းမာရေးဌာနက ဒီနေ့မနက် ၈ နာရီက ရရှိတဲ့စာရင်းတွေအရ သိရပါတယ်။
2021-07-18
နိုင်ငံရေးအကျဉ်းသားဟောင်း လူငယ်တစ်ယောက်ဖြစ်တဲ့ ကိုတင်ထွဋ်ပိုင်နဲ့ လူငယ် တစ်ယောက်ဖြစ်တဲ့ ကိုအောင်မင်းဦးတို့ကို ရန်ကုန်တိုင်း လှိုင်မြို့နယ်မှာ လက်နက်နဲ့ အတူ စစ်ကောင်စီက ဖမ်းလိုက်တယ်လို့ မနေ့ညက သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
2021-07-18
ဒီနေ့ကျရောက်တဲ့ အာဇာနည်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့တဲ့ မိန့်ခွန်း တွေထဲက လက်ရှိ ဒီကာလနဲ့ တိုက်ဆိုင်တယ်လို့ပြောနိုင်တဲ့ စကားတချို့ကို RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က ကောက်နုတ်တင်ပြထားပါတယ်။
2021-07-18
စစ်တက္ကသိုလ်သင်တန်းကျောင်းတွေရှိတဲ့ မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာ ဇူလိုင် ၁၈ ရက် မနေ့ညပိုင်းက နည်းပညာတက္ကသိုလ်(DSTA)ရဲ့ ဂိတ်ပေါက် အမှတ် ၃ မှာ ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။ ဒီနေ့မနက်ပိုင်း ပြင်ဦးလွင်မြို့နေရာအချို့မှာ စစ်ဆေးမှုတွေ တင်းကျပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-07-18
ရက္ခိုင့်တပ်တော် (AA) ရဲ့ တပ်မှူး တစ်ဦးဖြစ်သူ အသက် ၄၀ အရွယ် ဗိုလ်မှူးကြီး ဘုန်းမြတ်ဟာ မနေ့က မနက်ပိုင်းက ကိုရိုဗိုင်းရပ်စ် ကူးစက်ခံရလို့ ကွယ်လွန်သွားခဲ့ တယ်လို့ ရက္ခိုင့်တပ်တော်စစ်ရုံးချုပ်က မနေ့က ညနေပိုင်းက ထုတ်ပြန်ပါတယ်။
2021-07-18
ကိုဗစ်ကြောင့် သေဆုံးမှုနှုန်းတွေ တစ်နေ့တခြား များလာနေသလို ကိုဗစ်လူနာတွေ ကို နေ့ရောညပါ ကူညီပေးနေတဲ့ လူမှုကူညီရေးအဖွဲ့ဝင်တွေလည်း ကူးစက်ခံရတာ တွေ ရှိလာနေပြီး သေဆုံးတဲ့အထိ ဖြစ်လာနေပါတယ်။
2021-07-18
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ကနေ မိုင်ပေါင်း ၃၀ လောက်ဝေးတဲ့ အရှေ့စည်း၊ ဒိုးနွယ်၊ ကျောက်ဖူး၊ တင်ဒါး စတဲ့ ကျေးရွာတွေမှာ ဇူလိုင် ၁၅ ရက်နေ့ကစပြီး စစ်ကောင်စီနဲ့ ဒေသခံ PDF တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
2021-07-18
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ သေနတ်နဲ့ပစ်ခတ်ခဲ့လို့ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ အနောက်ဘက် ခုနှစ်မိုင် အကွာမှာရှိတဲ့ ဆိပ်ခွန်ကျေးရွာက ရွာသား လေးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက RFA ကို အတည်ပြုပြောပါတယ်။
2021-07-17
ရန်ကုန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ သုံးရက်ဆက်တိုက် မြင့်တက်နေပါတယ်။ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဇူလိုင်လ ၁၇ရက်နေ့ ထုတ်ပြန်ချက်အရ ပိုးတွေ့သူ ၅၄၉၇ ဦးရှိပြီး သေဆုံးသူ ၂၃၃ ဦးရှိတယ်လို့ ဆိုပေမယ့် နာရေးကူညီမှုအသင်းတွေကတော့ သေဆုံးသူဟာ ဒီထုတ်ပြန်ထားတဲ့ အရေအတွက်ထက် အများကြီးပိုနိုင်တယ်လို့ ခန့်မှန်းပါတယ်။
2021-07-17
စစ်ကိုင်းတိုင်းဒေသကြီး လက်ပံတောင်းတောင်ဒေသ ဖောင်းကားကျေးရွာက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းဟာ ကပ်ရောဂါကအခြေအနေကြောင့် အင်အားလျော့ပါးသွားပေမယ့် နေ့စဉ်ရက်ဆက်မပျက် ချီတက်ပြီး ၂၀၂၁ ဇူလိုင် ၁၇ ရက် ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။