ရက္ခိုင်တပ်တော် (AA) က ဗိုလ်မှူးကြီးတစ်ဦး ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကွယ်လွန်

2021.07.18
ရက္ခိုင်တပ်တော် (AA) က ဗိုလ်မှူးကြီးတစ်ဦး ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကွယ်လွန် ရက္ခိုင့်တပ်တော်(AA)ရဲ့ တပ်မှူး ဗိုလ်မှူးကြီး ဘုန်းမြတ် ကို တွေ့ရစဉ်
ဓာတ်ပုံ - ရက္ခိုင့်တပ်တော် (AA)

ရက္ခိုင့်တပ်တော် (AA)ရဲ့ တပ်မှူး တစ်ဦးဖြစ်သူ အသက် ၄၀ အရွယ်ဟာ မနေ့က မနက်ပိုင်းက ကိုရိုဗိုင်းရပ်စ် ကူးစက်ခံရလို့ ကွယ်လွန်သွားခဲ့တယ်လို့ ရက္ခိုင့်တပ်တော်စစ်ရုံးချုပ်က မနေ့က ညနေပိုင်းက ထုတ်ပြန်ပါတယ်။

ဗိုလ်မှူးကြီး ဘုန်းမြတ်ဟာ ပလက်၀ဒေသ ထိုးစစ်တိုက်ပွဲကို ဦးဆောင်တိုက်ပွဲ၀င်ခဲ့ပြီး အောင်မြင်မှု ရရှိခဲ့သူ ဖြစ်သလို ရခိုင်တစ်မျိုးသားလုံးအတွက် စံပြနမူနာ ယူထိုက်တဲ့သူတစ်ဦး ဖြစ်တယ်လို့လည်း အဲဒီ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ရက္ခိုင့်တပ်တော် (AA) ရဲ့ တပ်မှူးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် ကလည်း အခုလို ဗိုလ်မှူးကြီး ဘုန်းမြတ် ကွယ်လွန်သွားတာနဲ့ပတ်သက်လို့ ယူကျုံးမရ ကြေကွဲရသလို တိုင်းပြည်နဲ့လူမျိုး အပေါ်မှာ ပေးဆပ် စွမ်းဆောင်မှုတွေအတွက် ဂုဏ်ပြုတယ်လို့လည်း သူရဲ့ တွစ်တာ စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရမှု တတိယလှိုင်းအဖြစ် ပြီးခဲ့တဲ့ မတ်လ ၁၂ နေ့ကစလို့ စတင်တွေ့ရှိခဲ့တာပါ။

အခုဆိုရင် ရက္ခိုင်တပ်တော် (AA) ရဲ့ တပ်မှူးအပါအ၀င် ကိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရလို့ သေဆုံးသူဟာ ဇူလိုင်လ ၁၇ရက်နေ့အထိ ၃၈ ဦးအထိ ရှိသွားပြီဖြစ်သလို ကူးစက်ခံရသူဟာလည်း ၁၃၅၈ ဦးရှိသွားပြီလို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာကန ဒီကနေ့ နေ့လယ်က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။