သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-06-21
ထိုင်းမြန်မာနယ်စပ် တာ့ခ်ခရိုင် ဘန်မယ်ကဆရွာမှာ မနေ့ညက ကွမ်းယာဝယ်တာနဲ့ ပတ်သက်လို့ အချေအတင်ဖြစ်ပြီး ခိုက်ရန်ဖြစ်ပွားတဲ့အတွက် မြန်မာရွေ့ပြောင်းအလုပ်သမားတဦး သေဆုံးခဲ့ တယ်လို့ ဒီနေ့ထုတ် ထိုင်း Nation သတင်းစာက ရေးပါတယ်။
2018-06-21
ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့နယ်မှာ မနေ့ညက မြန်မာ ၂ ဦးကို စိတ်ကြွဆေးပြား ၃ဝ ကီလိုဂရမ်နဲ့အတူ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
2018-06-21
မြန်မာအပါအဝင် ကမ္ဘာ့ ၈ နိုင်ငံက အမြဲစိမ်းသဘာဝသစ်တောတွေဟာ ၂ဝ၁၄ ကနေ ၂ဝ၁၆- နှစ်နှစ်တာ ကာလအတွင်း တနှစ်ကို သြစတြေလျနိုင်ငံရဲ့ အကျယ်အဝန်းပမာဏနှုန်းအတိုင်း ပျက်စီးပျောက်ဆုံးနေရကြောင်း သိပ္ပံပညာရှင်တွေက ဒီနေ့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
2018-06-21
ပြည်ပက အမုန်းပွားစေတဲ့ သဘောထားအမြင်တွေကြောင့် ရခိုင်ပြည်နယ်က အသိုင်းအဝိုင်းနှစ်ခု အကြား ပိုမိုကွဲပြားစေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြော လိုက်ပါတယ်။
2018-06-21
အမေရိကန်အခြေစိုက် Caterpillar ကုမ္ပဏီ၊ ဆွီဒင်အခြေစိုက် Volvo ကုမ္ပဏီ၊ ဂျပန်အခြေစိုက် Komatsu ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံက လယ်ယာမြေသိမ်းယူမှုတွေ၊ သဘာဝပတ်ဝန်းကျင် ဖျက်ဆီးမှုတွေနဲ့ လက်နက်ကိုင်ပဋိပက္ခစတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်နေတယ်လို့ ဆွီဒင်နိုင်ငံအခြေစိုက် Swedwatch အဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
2018-06-21
တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ အစည်းအဝေးကို လာမယ့် ဇူလိုင်လ ၁ဝ ရက်ဝန်းကျင်မှာ ကျင်းပနိုင်ဖွယ်ရှိတယ်လို့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အတွင်းရေးမှူးတစ်ဦးက ပြောပါတယ်။
2018-06-21
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်မြို့က ကျောင်းသား ၄ ယောက်ဟာ ဇွန် ၁၈ က ပျောက်ဆုံးနေတာ ဒီကနေ့အထိ ရှာမတွေ့သေးဘူးလို့ ဟိုပင်မြို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
2018-06-21
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ၂ဝ၁၆ ခုနှစ်က အကြမ်းဖက်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သူတွေကို ထောက်ပံ့ကူညီပေးခဲ့တယ်ဆိုပြီး လူသတ်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ ရှိုင်းဆောက်လုပ်ရေးကုမ္ပဏီ ဥက္ကဋ္ဌ ဦးအောင်ဇော်ဝင်းကို မောင်တောခရိုင်တရားရုံးက တရားရှင်လွှတ်ပေးလိုက်ပါတယ်။
2018-06-21
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ ဥက္ကဋ္ဌ ခွန်ထွန်းဦးဟာ တာဝန်ကနေ အနားယူခွင့်ပြုဖို့ ပါတီကို စာတင်ထားပါတယ်။
2018-06-21
မွန်ပြည်နယ်က မြို့နယ် ၇ ခုမှာ ရေကြီးရေလျှံခဲ့တာကြောင့် ပျက်ဆီးဆုံးရှုံးခဲ့ရတဲ့ တန်ဖိုးငွေကျပ် သိန်း ၆၅ဝဝ နီးပါးထိရှိတယ်လို့ မွန်ပြည်နယ် အစိုးရအဖွဲ့က ပြောပါတယ်။
2018-06-21
Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်းကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲဆိုထားတဲ့ ကိုကျော်မျိုးရွှေကို မန္တလေးမြို့ မဟာအောင်မြေမြို့နယ် တရားရုံးက စစ်ဆေး တာ ပြီးဆုံးခဲ့ပါတယ်။
2018-06-21
ဇူလိုင်လဆန်းမှာ ကျင်းပဖို့ လျာထားတဲ့ တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံမှာ တိုင်းရင်းသားအဖွဲ့တွေ လိုလားတဲ့ ပြည်နယ် ဖွဲ့စည်းပုံ ရေးဆွဲရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ အစိုးရနဲ့ တပ်မတော်က အတည်ပြုလိုတဲ့ ပြည်ထောင်စုက ခွဲမထွက်ရေးနဲ့ဆိုင်တဲ့ကိစ္စတွေ ဆွေးနွေးမှာ မဟုတ်သေးဘူးလို့ တိုင်းရင်းသားခေါင်းဆောင်တွေ က ပြောကြပါတယ်။
2018-06-21
၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်အတွင်း တစ်နိုင်ငံလုံးမှာ မြေပြိုမှုနဲ့ မြစ်ကမ်းပါးပြိုကျမှု အကြိမ် ၅၄၀ ကျော် ဖြစ်ပွားခဲ့ပါတယ်။
2018-06-21
နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ် အတော်များများမှာ ဗိုလ်ချုပ် အောင်ဆန်း ကြေးရုပ်တုတွေထားရှိဖို့ တိုင်းနဲ့ပြည်နယ် အစိုးရအဖွဲ့တွေ ဦးဆောင်ပြီး စီစဉ်နေတဲ့အပေါ် တိုင်းရင်းသားဒေသတွေမှာ ကန့်ကွက်မှုတွေ ရှိနေပါတယ်။
2018-06-21
ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် ထွက်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည်တွေ စားဝတ်နေရေး အခက်အခဲကြုံနေရကြောင်းနဲ့ ဒီဒုက္ခသည်တွေကို ထောက်ပံ့ပေးဖို့ အကူအညီပေးရေးအဖွဲ့တွေကို ခွင့်ပြုသင့်တယ်လို့ ကချင်ငြိမ်းချမ်းရေးကွန်ရက်က ဒေါ်ခွန်ဂျာကပြောပါတယ်။