ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့နယ်မှာ မနေ့ညက မြန်မာ ၂ ဦးကို စိတ်ကြွဆေးပြား ၃ဝ ကီလိုဂရမ်နဲ့အတူ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
အသက် ၃၂ နှစ် စိုင်းလုံဆိုသူနဲ့ အသက် ၂၃ နှစ်အရွယ် လှိုင်ဟန်တို့ကို မယ်ဆိုင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာလို့ ထိုင်းဘုရင့်ရဲတပ်ဖွဲ့ မူးယစ်နှိမ်နင်းရေးဌာနက ပြောပါတယ်။
အရပ်ဝတ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက မူးယစ်ရောင်းဝယ်သူသဏ္ဍာန်ဆောင်ပြီး ချိန်းဆိုတဲ့နေရာကို မြန်မာ ၂ ဦးက ပစ်ကပ်ကားငယ်နဲ့ လာရောက်ပို့ရာမှာ ဖမ်းဆီးခဲ့တာလို့ နေရှင်းသတင်းစာကရေးပါတယ်။ ဖမ်းဆီးမိတဲ့ဆေးပြားတွေရဲ့ ကာလတန်ဖိုးဟာ ဘတ် သန်း ၃ဝ ရှိတယ်လို့ သိရပါတယ်။ ဒီဆေးပြားတွေကို တာချီလိတ်မြို့နယ်ထဲက သယ်လာတာဖြစ်ပြီး မြန်မာနယ်စပ်နဲ့ ၁ ကီလိုမီတာအနီးမှာ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။