သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-03-20
တရုတ်မြန်မာ နယ်စပ်ကတဆင့် ကချင်ပြည်နယ်ထဲကို နည်းမျိုးစုံနဲ့ တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသားတွေဟာ မြန်မာနိုင်ငံထဲမှာ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေကြပါတယ်။
2018-03-20
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မယ်ဆိုတဲ့ ကတိကဝတ်နဲ့ ၂ဝ၁၅ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ NLD ပါတီအစိုးရ တာဝန်ယူလာခဲ့တာ အခုဆိုရင် ၂ နှစ်ကျော်လာပါပြီ။
2018-03-20
ထိုင်းမြန်မာနယ်စပ်ကနေ ကြက်ဝက်နဲ့ အေးခဲအသားတွေ မြန်မာနိုင်ငံတွင်းကို နည်းလမ်းပေါင်းစုံနဲ့ နေ့စဉ်ဝင်ရောက်နေပါတယ်။
2018-03-20
၁၃၇၉ ခုနှစ် မဟာသြင်္ကန်မှာ နိုင်ငံတော်၊ အဖွဲ့ အစည်း၊ လူပုဂ္ဂိုလ်တစ်ဦးတယောက်ရဲ့ ဂုဏ်သိက္ခာ ညှိုးနွမ်းစေမယ့် အကြောင်းအရာမျိုး သံချပ်တွေထဲမှာ မပါဝင်စေရလို့ ရန်ကုန် မဟာသြင်္ကန် သီချင်း သံချပ်၊ စီစစ်ကြပ်မတ်ရေးကော်မတီက ကြေညာထားပေ မယ့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က စနစ်တကျ ဝေဖန်ထောက်ပြနိုင်တယ်လို့ ပြောထားတဲ့အတိုင်း နိုင်ငံရေးအရွေ့နဲ့ ပတ်သက်ပြီး စနစ်တကျဝေဖန် ထောက်ပြထားတယ်လို့ ဒီနှစ်မှာ ရွှေရတုသက်တမ်း နှစ် ၅၀ ပြည့်ခဲ့ပြီဖြစ်တဲ့ “မောင်မောင်ဆိုလေ ထီးရိုးရှည်” သံချပ်အဖွဲ့ကြီးရဲ့ ခေါင်းဆောင် ကိုဒီဥက္ကာ က ပြောပါတယ်။
2018-03-20
အစိုးရနဲ့ KNU အဖွဲ့တို့ NCA စာချုပ်နဲ့ အပစ်အခတ်ရပ်ထားပေမယ့် တပ်မတော်က ကရင်ပြည်နယ် ဖာပွန်ဒေသမှာ လမ်းဖောက်မယ်ဆိုပြီး တပ်တွေပို့ထားတဲ့အပြင်၊ ဒေသခံကရင်တိုင်းရင်းသားတွေကို ပစ်ခတ်ခြောက်လှန့်ထားတဲ့အတွက် ရွာသား ၂၀၀၀ လောက် တောတောင်တွေထဲ ပုန်းခိုနေရလို့ ဖာပွန်ခရိုင်ဟာ မတည်ငြိမ်သေးဘဲ ဖြစ်နေပါတယ်။ ဒီပြဿနာပြေလည်ဖို့ JMC လို့ခေါ်တဲ့ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီဝင်တွေ သွားလေ့လာဖို့လည်း ရှိတယ်လို့ သိရပါတယ်။
2018-03-20
သြစတြေးလျနိုင်ငံကို ရောက်နေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကင်ဘာရာမြို့မှာ ဒီကနေ့ သြစတြေးလျနိုင်ငံ ဝန်ကြီးချုပ်နဲ့ ရိုဟင်ဂျာတွေအရေး ဆွေးနွေးခဲ့ကြသလို မြန်မာမိသားစုတွေနဲ့ တွေ့ဆုံပြီးလည်း မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအတွေအကြောင်း ရှင်းပြပြောဆိုခဲ့ပါတယ်။
2018-03-20
ကချင်ပြည်နယ် ဆော့လော်ဒေသမှာ အစိုးရဌာနဆိုင်ရာတချို့အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ပါဝင်ပတ်သက်မှုတွေနဲ့အတူ တရုတ်နိုင်ငံသားတွေက တရုတ်ပြည်ဘက်ကို တရားမဝင် သစ်ခိုးထုတ်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။
2018-03-20
ကရင်ပြည်နယ် ဖာပွန်ခရိုင်ဘက်မှာ အစိုးရတပ်မတော်တပ်ရင်း ၆ ရင်းတို့က ဝင်ရောက်နေရာ ယူထားတဲ့အတွက် စစ်ကြောင်းတွေ အမြန်ဆုံးပြန်ထွက်သွားပေးဖို့ ကရင်ငြိမ်းချမ်းရေးကွန်ရက်က ကြေညာချက် ထုတ်ပြန်တောင်းဆိုထားပါတယ်။
2018-03-19
သြစတြေးလျနိုင်ငံကို ရောက်နေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဆစ်ဒနီမြို့မှာ ဒီနေ့ ကျင်းပဖို့ စီစဉ်ထားတဲ့ လူထုတွေ့ဆုံပွဲကို ကျန်းမာရေးအခြေအနေကြောင့် မတက်ရောက်နိုင်တော့ကြောင်း ပွဲစီစဉ်သူတွေက ပြောပါတယ်။
2018-03-19
သြစတြေးလျနိုင်ငံကို ရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကင်ဘာရာမြို့မှာ ဒီကနေ့ သြစတြေးလျဝန်ကြီးချုပ် Malcolm Turnbull နဲ့ တွေ့ဆုံပြီး ရိုဟင်ဂျာတွေအရေးနဲ့ လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
2018-03-19
တရုတ်-မြန်မာနယ်စပ် ဆော့လော်ဒေသဘက်ကို မြစ်ကြီးနားဘက်ကနေ စက်သုံးဆီနဲ့ ဆန်တွေ သယ်ယူဖို့ ကန့်သတ်မှုတွေရှိနေတာကြောင့် အဲဒီဒေသဘက်မှာ အခြေခံကုန်ပစ္စည်းတွေ ရှားပါးမှုတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2018-03-19
အမေရိကန်၊ ယူကေ၊ ကိုးရီးယား၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဂျပန်၊ အိန္ဒိယ၊ ထိုင်း၊ တရုတ် စတဲ့ နိုင်ငံပေါင်း ၁၀ ခုကျော်က စစ်သံမှူး ၂၀ လောက်ဟာ အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် မောင်တောဒေသကို ဒီနေ့ သွားရောက်လေ့လာခဲ့ပါတယ်။
2018-03-19
၂၀၁၇ ခုနှစ် မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကြမ်းကို ကချင်နိုင်ငံရေးပါတီများ ပေါင်းစည်းရေးကော် မတီက ဦးဆောင်ပြီး ခန့်မှန်း လူဦးရေ ၂၀၀ လောက်က ဖားကန့်မြို့မှာ ဒီကနေ့ ဆန္ဒပြကြပါတယ်။
2018-03-19
ထိုင်းနိုင်ငံ မင်ဘူလီမြို့နယ် နောင်ကျော့နယ်မြေက ကြက်သားထုတ်လုပ်တဲ့ Progress Food Processing ကုမ္ပဏီဟာ စက်ရုံရပ်နားတော့မှာဖြစ်လို့ မြန်မာအလုပ်သမား ၁၃၀ ကျော် အလုပ်ရပ်နားခံလိုက်ရပေမယ့် လုပ်သက်အလိုက် လျော်ကြေးမပေးတဲ့အတွက် မကျေနပ်ဘူးလို့ မြန်မာအလုပ်သမားတွေက ပြောပါတယ်။
2018-03-19
စည်းကြပ်မှုက လွတ်ကင်းနေတဲ့ ငွေတွေကို အခွန်လျှော့ချပေးတာဟာ အခွန်ပိုမိုရရှိမယ့်အပြင် ရင်းနှီးမြှုပ်နှံမှုတိုးလာပြီး နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ ရည်ရွယ်တယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဒီနေ့ပြောပါတယ်။