ဆော့လော်ဒေသရဲ့ အခြေအနေ မေးမြန်းချက်
2018.03.20
ကချင်ပြည်နယ် ဆော့လော်ဒေသမှာ အစိုးရဌာနဆိုင်ရာတချို့အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ပါဝင်ပတ်သက်မှုတွေနဲ့အတူ တရုတ်နိုင်ငံသားတွေက တရုတ်ပြည်ဘက်ကို တရားမဝင် သစ်ခိုးထုတ်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒေသခံတွေကတော့ မြစ်ကြီးနားကနေ ဆော့လော်အထိ ဂိတ်ပေါင်းစုံရဲ့ တားမြစ်မှုတွေကြောင့် ဆန်ရိက္ခာ နဲ့ စက်သုံးဆီတွေ သယ်ယူဖို့ အခက်အခဲတွေ ရှိနေတယ်လို့လည်း ပြောကြပါတယ်။
လက်ရှိဆော့လော်ဒေသရဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ဆော့လော်ဒေသခံတဦးကို RFA သတင်းထောက် ကိုကျော်မျိုးမင်း ဒီကနေ့ မေးမြန်းထားပါတယ်။