NCA စာချုပ်သဘောတူချက် တပ်မတော်က လိုက်နာသင့်တယ်လို့ KNU ပြော


2018.03.20

အစိုးရနဲ့ KNU အဖွဲ့တို့ NCA စာချုပ်နဲ့ အပစ်အခတ်ရပ်ထားပေမယ့် တပ်မတော်က ကရင်ပြည်နယ် ဖာပွန်ဒေသမှာ လမ်းဖောက်မယ်ဆိုပြီး တပ်တွေပို့ထားတဲ့အပြင်၊ ဒေသခံကရင်တိုင်းရင်းသားတွေကို ပစ်ခတ်ခြောက်လှန့်ထားတဲ့အတွက် ရွာသား ၂၀၀၀ လောက် တောတောင်တွေထဲ ပုန်းခိုနေရလို့ ဖာပွန်ခရိုင်ဟာ မတည်ငြိမ်သေးဘဲ ဖြစ်နေပါတယ်။ ဒီပြဿနာပြေလည်ဖို့ JMC လို့ခေါ်တဲ့ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီဝင်တွေ သွားလေ့လာဖို့လည်း ရှိတယ်လို့ သိရပါတယ်။

ဒါကြောင့် NCA စာချုပ်ပါအချက်တွေကို KNU ဘက်က လိုက်နာနေသလို၊ မြန်မာ့တပ်မတော်ဘက်ကလည်း လိုက်နာဖို့သင့်တယ်လို့ KNU ကပြောပါတယ်။

KNU ဒုတိယဥက္ကဌ ပဒိုစောကွယ်ထူးဝင်း ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။