တရားမဝင်ထိုင်းစားသောက်ကုန်
2018.03.20
ထိုင်းမြန်မာနယ်စပ်ကနေ ကြက်ဝက်နဲ့ အေးခဲအသားတွေ မြန်မာနိုင်ငံတွင်းကို နည်းလမ်းပေါင်းစုံနဲ့ နေ့စဉ်ဝင်ရောက်နေပါတယ်။ အဲဒီလို တရားမဝင် တင်သွင်းနေကြတဲ့အတွက် ပြည်တွင်းက အသေးစား ကြက်ဝက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူတွေ ထိခိုက်မှုရှိနေသလို၊ အေးခဲအသားတွေကတဆင့် ရောဂါ ဝင်ရောက်တာတွေ ရှိလာနိုင်တယ်လို့ မွေးမြူရေးလုပ်သူတွေက ပြောပါတယ်။
RFA သတင်းထောက် ကိုကျော်လွင်ဦး တင်ပြထားပါတယ်။