သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-07-09
UNFC ခေါ် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ အဖွဲ့ဟာ ဇူလိုင်လ ၇ ရက်နေ့ က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ EU ဥရောပသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
2011-07-09
ဧရာဝတီတိုင်း ပုသိမ် ကံကြီးထောင့် မြို့နယ်က လယ်သမားအရေး ဆောင်ရွက်သူ ဦးထွန်းအေးကို ကံကြီးထောင့်တရားရုံးက မနေ့က ထောင်ဒဏ် ၃ လ ချမှတ်လိုက်တယ်လို့ သိရပါတယ်။
2011-07-09
အသက် ၁၇ နှစ် မပြည့်သေးတဲ့ ကလေးစစ်သား မောင်ဇော်ဝေလင်း ဟာ မန္တလေး ‘၁၁၁’ ဆက်သွယ်ရေး တပ်မှာ တာဝန် ထမ်းဆောင်နေရပြီး မိဘတွေက ပြန်လည်ခေါ်ယူဖို့ တာဝန်ရှိသူတွေထံ တင်ပြထားကြောင်း သတင်းရရှိပါတယ်။
2011-07-09
ရန်ကုန်တိုင်း ထန်းတပင်မြို့နယ်မှာ လူငယ်ကွန်ရက် အဖွဲ့တွေ အသစ်ထပ်ဖွင့်လိုက်တဲ့ ‘အမေ့အိမ်’ စာသင် ကျောင်းက ကျောင်းသားတွေကို ဒေသခံ ကြံ့ခိုင်ဖွံ့ဖြိုး ရေးပါတီ တာဝန်ခံတွေက ပစ္စည်းနဲ့ မက်လုံးပေး စည်းရုံးနေသလို ကျောင်းသားမိဘတွေကိုလည်း ခြိမ်းခြောက်နေတယ်လို့ စုံစမ်း သိရှိရပါတယ်။
2011-07-09
အစိုးရတပ်တွေနဲ့ KIO တပ်တွေ ယာယီ အပစ်အခတ် ရပ်စဲရေး စတင် စကားပြောဆိုနေတယ် ဆိုပေမယ့် နေ့စဉ် တဘက်နဲ့ တဘက် ပစ်ခတ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။
2011-07-09
ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် (၁၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးနေရာမှာ မူးယစ်ဆေးဝါးမှု နဲ့ ထောင်ကျဖူးသူ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တဦးကို အစားထိုး ခန့်အပ်လိုက်တာနဲ့ ပတ်သက်ပြီး ရပ်ကွက်နေ လူတချို့က မကျေနပ်တဲ့အတွက် ပြည်ထဲရေး ဝန်ကြီးဌာနကို လက်မှတ်ထိုး တိုင်ကြား ကန့်ကွက်ထားတယ်လို့ သိရပါတယ်။
2011-07-09
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လွှတ်တော်အမတ် ဇေကမ္ဘာဦးခင်ရွှေနဲ့ လယ်သမားတွေ ပြဿနာဖြစ်ရတဲ့ အကြောင်းရင်း စာအုပ်ကို ထုတ်ဝေခဲ့တဲ့ မတူကွဲပြား ခြင်းနှင့် ငြိမ်းချမ်းရေးပါတီကို နောက်ထပ် အလားတူ ဆက်လက် မထုတ်ဝေဖို့ စာပေစိစစ်ရေးက မနေ့က ခေါ်ယူ သတိပေးခဲ့တယ်လို့သိရပါတယ်။
2011-07-09
၂ဝ၁ဝ ရွေးကောက်ပွဲအနိုင်ရ ရေနံချောင်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ဝင်းဟာ အရပ်သား လုပ်ငန်းရှင်တဦးကို ကျပ်ငွေ သိန်း ၁၃ဝ မပေးချေသေးတဲ့အတွက် နစ်နာသူလုပ်ငန်းရှင်က သက်ဆိုင်ရာကို တိုင်တန်းထားတယ်လို့ သိရပါတယ်။
2011-07-08
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လုပ်ငန်းစဉ် ချမှတ်ဆောင်ရွက်နေတဲ့ လယ်သမား အသိပညာပေး အစီအစဉ် အရ လင်းနိုင်အောင် ကုမ္ပဏီရဲ့ ဦးဆောင် ညွှန်ကြားရေးမှူး စိုက်ပျိုးရေး ပညာရှင် ဦးစိန်ဝင်းဟန် က လယ်ယာမြေ ပြဿနာနဲ့ဒီမိုကရေစီ ကျင့်စဉ် အကြောင်း လိုက်လံ ဟောပြောပို့ချနေပါတယ်။
2011-07-08
NLD လှုပ်ရှားမှုတွေ ရပ်တန့်ဖို့ တားမြစ်တဲ့ ပြည်ထဲရေး ဝန်ကြီးရဲ့ သတိပေးစာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဖြေဆိုထားပါတယ်။
2011-07-08
ဟင်္သာတမြို့က လ္ဘက်ရည်ဆိုင် ပိုင်ရှင်ရဲ့ နှိပ်စက်တာကို ခံခဲ့ရတဲ့ ၉ နှစ်သား အရွယ် မောင်ထိပ်ကွက်ခေါ် မောင်စိုးထက်အောင်ရဲ့ အမှုကို စတင် ကြားနာ စစ်ဆေးနေပြီ ဖြစ်ကြောင်း သတင်းရရှိ ပါတယ်။
2011-07-08
၂၀၁၀ နိုဝင်ဘာလမှာ နေအိမ် အကျယ်ချုပ်က လွတ်မြောက်ပြီးတဲ့ နောက်ပိုင်း ရန်ကုန်မြို့ပြင်ပကို ပထမဆုံး အကြိမ် ခရီးထွက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ကို ဒီကနေ့ ချောချောမောမော ပြန်လည် ရောက်ရှိလာပါတယ်။
2011-07-08
ဝါရှင်တန်ဒီစီ အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှု အဖွဲ့(US Campaign for Burma) ၊ လူမှုအဖွဲ့အစည်း ၂၂ ဖွဲ့အပါအဝင် လူပုဂ္ဂိုလ်တဦးတို့က စုပေါင်း လက်မှတ် ရေးထိုးပြီး မြန်မာအစိုးရကို ဖိအားပေးဖို့အမေရိကန် သမ္မတ ဘာရက် အိုဘားမားထံ မနေ့က စာရေး တိုက်တွန်းလိုက်ကြ ပါတယ်။
2011-07-08
ပဲခူးတိုင်းအတွင်း အခြေစိုက်တဲ့ တပ်မ (၇၇) ရဲ့ တပ်ရင်းတွေမှာ အောက်ခြေ စစ်သည်တွေဟာ သူတို့ ရရှိတဲ့ လစာနဲ့အခြေခံ ရိက္ခာ လုံလောက်မှု မရှိတဲ့ အတွက် စားဝတ်နေရေး ကြပ်တည်း ဆိုးဝါးနေတယ်လို့ စုံစမ်း သိရှိရပါတယ်။
2011-07-08
မြန်မာနိုင်ငံမှာ နှစ်ရှည် ထောင်ဒဏ်တွေနဲ့ ထိန်းသိမ်းခံထားရတဲ့ ဗီဒီယို သတင်းထောက် ၁၇ ဦးကို ချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ မြန်မာ အစိုးရကို နိုင်ငံတကာ သတင်း မီဒီယာအဖွဲ့ ၁၂ ဖွဲ့က မနေ့က တိုက်တွန်းလိုက်ပါတယ်။