သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-11-11
ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံကို အရေးယူပေးဖို့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ တရားရုံး (International Court of Justice) ကို OIC လို့ ခေါ်တဲ့ အစ္စလာမ္မစ်နိုင်ငံများအဖွဲ့ ကိုယ်စား ဂမ်ဘီယာနိုင်ငံက မနေ့က တင်သွင်းလိုက်ပါတယ်။
2019-11-11
ရခိုင်ပြည်နယ် မြေပုံမြို့နယ်၊ ရွာသာရွာကျေးရွာကို AA အဖွဲ့နဲ့ ဆက်စပ်တယ်ဆိုတဲ့ သံသယနဲ့ တပ်မတော်က မနေ့ကစတင်ပြီး ဝင်ရောက်စစ်ဆေးနေရာမှာ ရွာသား ရှစ်ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2019-11-11
AA အနေနဲ့ တော်လှန်ရေးကာလဆိုပြီး ကိုယ့်ဘာသာစည်းကမ်းတွေ သတ်မှတ်လုပ်ဆောင် သွားရင်တော့ အဖွဲ့အစည်းအတွက် ထိခိုက်နစ်နာမှုတွေ ရှိလာနိုင်ကြောင်း NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။
2019-11-10
အာဆီယံနဲ့ မိတ်ဖက်နိုင်ငံတွေပါဝင်တဲ့ RCEP အာဆက် အဖွဲ့မှာ အိန္ဒိယနိုင်ငံ လက်မှတ်မရေးထိုးတော့ပါဘူး။
2019-11-10
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွှေ့ပြောင်းနေထိုင်သူတွေအတွက် မဲပေးခွင့်ကန့်သတ်ချက် ပြင်ဆင်လိုက်တဲ့အပေါ် တိုင်းရင်းသားပါတီတွေက ကန့်ကွက်ကြပါတယ်။
2019-11-10
ချင်းပြည်နယ် ပလက်ဝမြို့နယ် တုံးမဝကျေးရွာနားမှာ မနေ့က တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အရပ်သားတစ်ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2019-11-10
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ဝက်ရူးကျေးရွာကနေ ရွာသာရွာကျေးရွာကို စက်လှေနဲ့ ငါးသွားရောင်းတဲ့ လင်မယားနှစ်ဦးဟာ ဒီနေ့မနက်မှာ သေနတ်နဲ့ပစ်ခတ်ခံရလို့ အမျိုးသမီးပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။
2019-11-10
ရက္ခိုင့်တပ်တော် AA က နိုဝင်ဘာလ ၃ ရက်နေ့ကတည်းက ဖမ်းထားတဲ့ ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် ၁၁ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းနဲ့ ပတ်သက်လို့ ဇနီးသည်က စိုးရိမ်နေပါတယ်။
2019-11-09
ရခိုင်ပြည်နယ်အတွင်းမှာ နောက်ထပ်လူမျိုးတုံးသတ်ဖြတ်မှု အန္တရာယ် ရှိလာနိုင်သေးတယ်လို့ ကုလသမဂ္ဂက မကြာသေးခင်က ကြေငြာချက်ထုတ်ပြန်သတိပေးချက်နဲ့ မြန်မာအစိုးရရဲ့ လုံခြုံရေးဆိုင်ရာ မူဝါဒတွေဟာ တကယ်ပဲ အလုပ်ဖြစ်ရဲ့လားလို့လည်း မေးခွန်းထုတ်ထားတဲ့ ဆောင်းပါးတစ်ပုဒ်ကို မြန်မာ့တပ်မတော်ဟာ ကိုယ့်ကိုယ်ကိုယ် ထိခိုက်နစ်နာအောင် လုပ်နေတယ် ဆိုတဲ့ ခေါင်းစဉ်နဲ့ အမေရိကန်အခြေစိုက် Foreign Policy မဂ္ဂဇင်းမှာ မနေ့က ရေးသားဖော်ပြထား ပါတယ်။
2019-11-09
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း တပ်မတော်နဲ့ AAတို့ကြားဖြစ်ပွားနေတဲ့တိုက်ပွဲကြောင့် အရပ်သားတွေ သေဆုံး၊ ဒဏ်ရာရ၊ အထိန်းသိမ်းခံရတာမျိုးလို လုံခြုံရေးပိုင်းစိုးရိမ်ရတဲ့ အတွက် ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ဒီနေ့ ကြေညာလိုက်ပါတယ်။
2019-11-09
ရက္ခိုင့်တပ်တော် AA ကနေ ပြန်လွှတ်လိုက်ပြီဆိုတဲ့ မီးသတ် ၁၈ ဦးမှာ ၁၁ ဦးကိုသာ လက်ခံရရှိသေးတာကြောင့် ကျန်နေတဲ့သူတွေကို လိုက်လံ ရှာဖွေစုံစမ်းနေတယ်လို့ ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာန ပြောပါတယ်။
2019-11-09
၂ဝ၁၉ နိုဝင်ဘာ ၉ ရက်နေ့ RFA စကားဝိုင်း အစီအစဉ်မှာ " တပ်မဲရုံတွေ ပြင်ပရွှေ့သင့်သလား " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။
2019-11-08
ကမ္ဘာ့ဘဏ်ရဲ့ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ကနေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးငွေယူမယ်ဆိုရင် မြန်မာနိုင်ငံမှာလိုအပ်နေတဲ့ ပညာရေးဆိုင်ရာလုပ်ငန်းအများအပြားမှာ အသုံးပြုနိုင်မှာဖြစ်တယ်လို့ ပညာရေးနဲ့ ပတ်သက်ပြီးလေ့လာစောင့်ကြည့်နေသူတွေက ပြောပါတယ်။
2019-11-08
အာဏာရအလွှာနဲ့ နိုင်ငံရေးသဘောထားကွဲလွဲတဲ့ လူငယ်ကျောင်းသားတွေ တရားစွဲထောင်ချခံရတဲ့ ယဉ်ကျေးမှုရှိသင့်သေးသလား၊ မရှိသင့်တော့ဘူးလားဆိုတာ တင်ပြထားပါတယ်။
2019-11-08
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာမှာ အစုလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့ ရုပ်အလောင်းတွေကိစ္စကို တပ်မတော်စစ်ခုံရုံးမှာ စုံစမ်းစစ်ဆေးအရေးယူဖို့ ပြင်ဆင်နေပါပြီ။