သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-01-20
အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ ၁၅ ကြိမ်မြောက် ငြိမ်းချမ်းရေးဖိုရမ်နဲ့ ပတ်သက်တဲ့ သတင်းစာ ရှင်းလင်းပွဲကို ရန်ကုန်မြို့ အလုံလမ်းက Summit Park View Hotel မှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။
2017-01-20
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့မှာ တိုင်းရင်းသား မျိုးနွယ်စုတွေပါဝင်တဲ့ လူငယ်ဖိုရမ်တစ်ခုကို ဇန်နဝါရီလ (၂ဝ) ရက်နေ့ ဒီနေ့ စတင်ကျင်းပနေပါတယ်။
2017-01-20
သောကြာနေ့တိုင်း RFA အသံလွှင့်ရေဒီယို နဲ့ ရုပ်မြင်သံကြား TV ကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ် သားသား စကားများ” အစီအစဉ်ဖြစ် ပါတယ်။
2017-01-20
မြန်မာနိုင်ငံမှာ မြေယာဥပေဒတွေ ပြဌာန်းထားပေ မယ့် တောင်သူလယ်သမားတွေ ရင်ဆိုင်နေရ တဲ့ မြေသိမ်း၊ ယာသိမ်း ပြဿနာတွေကို မဖြေရှင်းနိုင် ပဲဖြစ်နေပါတယ်။ ဦးသစ်ဆင်းက စုစည်းတင်ပြ မှာပါ။
2017-01-20
စစ်အစိုးရအဆက်ဆက်ခေတ်များက မြန်မာနိုင်ငံကနေ ပြည်ပကို ထွက်ခွာကြသူအများအပြားမှာ ခုချိန်မှာပြည်တော် ပြန်ဝင်ချင်ကြသူတွေ ရှိနေပါတယ်။ သူတို့ဟာ ပြည်ပမှာ သင်ကြားတတ်မြောက်လာတဲ့ ပညာနဲ့ အတွေ့အကြုံတွေကို တိုင်းပြည် ပြန်လည်ထူထောင်ရေးအတွက် အသုံးချဖို့ဖြစ်တယ်လို့ ဆိုပါတယ်။ ပြည်တော်ပြန်ချင်သူတွေကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က လက်ကမ်းကြိုဆိုတယ်လို့ ပြောပေမယ့် အဆင်ပြေချောမွေ့မူ နည်းနေပါသေးတယ်။
2017-01-20
ရန်ကုန်မြို့တွင်းမှာ စတင်ပြေးဆွဲနေတဲ့ အများပိုင်ယာဉ်လိုင်းစနစ်သစ်နဲ့ပတ်သက်ပြီး အားနည်းချက်တွေကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေနဲ့ ပြန်လည်သုံးသပ်သင့်တယ်ဆိုတဲ့ ဝေဖန်မှုတွေရှိနေပါတယ်။
2017-01-20
မြန်မာနိုင်ငံ တိုင်းနဲ့ပြည်နယ်တချို့က ပြည်သူတွေဟာ နွေမှာသောက်စရာရေပြတ်သွားပြီး မိုးရာသီမှာတော့ ရေကြီးနစ်မြုပ်ကုန်တဲ့အတွက် နေစရာအခက်အခဲတွေနဲ့ ရင်ဆိုင်ကြရပြန်ပါတယ်။ သစ်တောတွေခုတ်လှဲပြီး သစ်တွေအဆမတန် ထုတ်လုပ်နေတာတွေကို မတားဆီးနိုင်ခဲ့ရင် မြန်မာနိုင်ငံမှာ ရှေ့လျှောက်ဒီထက်ပိုပြီး ရေပြတ်တာတွေ၊ ရေကြီးရေလျှံတာတွေဖြစ်လာလိမ့်မယ်လို့ ပညာရှင်တွေက သုံးသပ်ကြပါတယ်။
2017-01-20
လူမျိုးရေး ဘာသာရေး အကြမ်းဖက်မှုတွေ ထပ်မံမဖြစ်ပွားစေရေးအတွက် ထိရောက် စွာအရေးယူတားမြစ်ပေးဖို့ မြန်မာနိုင်ငံသား အစ္စလမ် ဘာသာဝင် ၂၇ ဦးက စုပေါင်းလက်မှတ်ရေးထိုးပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ စာရေးသားတင်ပြလိုက်ပါတယ်။
2017-01-20
မြောက်ပိုင်းမဟာမိတ်အဖွဲ့လေးဖွဲ့ထဲက AA ရခိုင်အဖွဲ့၊ TNLA တအာင်းပလောင် အဖွဲ့နဲ့ ကိုးကန့်အဖွဲ့တို့ကို ငြိမ်းချမ်းရေးဖြစ်စဉ်မှာပါဝင်ဖို့ သဘောတူကြောင်းနဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင် နဲ့ တွေ့ ဆုံဆွေးနွေးဖို့လိုကြောင်း တပ်မတော် ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်နိုင်ငံအထူး ကိုယ်စားလှယ်နဲ့ တွေ့ဆုံရာမှာ ပြော လိုက်ပါတယ်။
2017-01-20
ကချင်ပြည်နယ် ဖားကန့်မြို့နယ် နမ့်မဖြစ်ရွာ အလယ်တန်းကျောင်းက သေနတ်နဲ့ ပစ်သတ်ခံရတဲ့ ဆရာ ဦးအောင်ဇင်ထွန်းရဲ့ ဈာပနကို ဆရာ ဆရာမတွေနဲ့ ကျောင်းသားတွေ အပါ အဝင် ဒေသခံပြည်သူ ငါးထောင်ဝန်းကျင် ဒီကနေ့ လိုက်ပါ ပို့ဆောင်ခဲ့ပါတယ်။
2017-01-20
ရန်ကုန်မြို့တွင်း ဘက်စ်ကားလိုင်း စနစ်သစ်တွေ စတင်ပြေးဆွဲတဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့ကနေ လေးရက်တာအတွင်း YBS ဘတ်စ်ကားတွေနဲ့ ပတ်သက်ပြီး တိုင်ကြားမှု ၁ဝဝဝ ဝန်းကျင်ရှိနေပြီဖြစ်တယ်လို့ YBS ကွပ်ကဲရေးဗဟိုက တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင် က ပြောပါတယ်။
2017-01-20
ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့နယ် ဥက္ကဌ ဦးဒီဒီနောင်လတ်နဲ့ သင်းအုပ်ဆရာ ဦးလန်ဂျော်ဂမ်ဆိုင်း တို့ကို မုံးကိုးမြို့တိုက်ပွဲတွေ အတွင်း မြောက် ပိုင်းမဟာမိတ်တပ်ဖွဲ့တွေကို ထောက်ပံ့ ခဲ့တဲ့အတွက် ပြီးခဲ့တဲ့ ၂၀၁၆ ဒီဇင်ဘာ ၂၄ ရက်နေ့က ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက မနေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။
2017-01-20
ရှမ်းပြည်နယ် မိုင်းရှုးနဲ့ ကျေးသီးမြို့နယ် ဘက်ကနေ ရပ်စောက်မြို့မှာရောက်နေတဲ့ စစ်ဘေးဒုက္ခသည် ၁၀၀ ကျော်အတွက် စားဝတ်နေရေးအတွက် လိုအပ်ချက်တွေရှိနေတယ်လို့ ဒုက္ခသည်တွေကို ကူညီနေတဲ့ ရပ်စောက်မြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးခိုင်ညီညီကျော် က ပြောပါတယ်။
2017-01-20
တပ်က သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေမှာ ဝင်ရောက်ထွန်ယက်ခဲ့ လို့ ထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့ တောင်ကြီး မြို့နယ် ရေပူနဲ့ ကွမ်လုံကျေးရွာတွေ က တောင်သူ ၅၅ ယောက်ဟာ ဒီကနေ့မှာ တစ်လ ကြာထောင်ထဲမှာနေရပြီး လွှတ်ရက်စေ့လို့ ညောင်ရွှေထောင် ကနေ ပြန်လည်လွှတ်မြောက်လာပြီ ဖြစ်ပါတယ်။
2017-01-20
မလေးရှားနိုင်ငံမှာ အခုလဆန်းပိုင်းက မြန်မာ အလုပ်သမား ၅ ဦး သေဆုံးတဲ့အထိ အကြမ်းဖက် တိုက်ခိုက်ခံရပြီးနောက်ပိုင်း မလေး ရှားရောက် မြန်မာနိုင်ငံသားတွေအကြား လုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုတွေရှိနေပါတယ်။