YBS လိုင်း တိုင်ကြားစာ ၁ဝဝဝ ရှိနေ


2017.01.20
ybs-phone-620.jpg Yangon Bus Service အရေးပေါ်ဖုန်းနံပါတ်များ
Photo: YBS

ရန်ကုန်မြို့တွင်း ဘက်စ်ကားလိုင်းစနစ်သစ်တွေ စတင်ပြေးဆွဲတဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့ကနေ လေးရက်တာ အတွင်း YBS ဘတ်စ်ကားတွေနဲ့ ပတ်သက်ပြီး တိုင်ကြားမှု ၁ဝဝဝ ဝန်းကျင်ရှိနေပြီဖြစ်တယ်လို့ YBS ကွပ်ကဲရေး ဗဟိုက တိုင်းဒေသကြီး  လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင် က ပြောပါတယ်။

အဲဒီတိုင်ကြားချက်တွေကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြသွားမှာဖြစ်တယ်လို့ မင်္ဂလာတောင်ညွှန့် မြို့နယ်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင် က ပြောပါတယ်။

"တိုင်ကြားမှုပေါင်း ၁၀၀၀ ကျော်လောက်လာပါတယ်။ ခရီးသွားပြည်သူတွေရဲ့ အခက်အခဲတွေ ကျနော် တို့က သေချာမှတ်တမ်းတင်ပါတယ်။ မှတ်တမ်းတင်ပြီးတဲ့အခါကျရင် အစိုးရကို တင်ပြပါတယ်။ ဒါမှ အဆင်ပြေတဲ့ အခြေအနေရှိတာကို။ ခရီးသွားလုပ်သားပြည်သူတွေရဲ့ အခက်အခဲတင်မဟုတ်ဘူး ။ မော်တော်ယာဉ်လုပ်ငန်းရှင်တွေရှိတယ်။ မော်တော်ယာဉ်မောင်းသမားတွေရှိတယ်။ သူတို့နဲ့လည်း ကျနော်တို့တွေ့ပါတယ်။ တွေ့ပြီးတဲ့ ခါကျတော့သူတို့ဘက်မှာလည်း အခက်အခဲတွေရှိပါတယ်။ သူတို့ကလည်း ဝန်ကြီးချုပ်နဲ့တွေ့ရင် ပြောမယ်။ အစိုးရက လုပ်ပေးရမယ့် ကိစ္စရပ်တွေကိုလည်း ကျနော်တို့က ပြောမှာဖြစ်ပါတယ်။"


တိုင်ကြားမှုတွေထဲမှာ ခရီးသည်အင်အားနဲ့ ကားအစီးရေ မလုံလောက်တာတွေ၊ မှတ်တိုင်တိုးချဲ့ဆောင်ရွက်သင့် တာတွေ၊ ယာဉ်နောက်လိုက်တွေရဲ့ မောက်မာတဲ့ ဆက်ဆံရေးတွေ၊ ယာဉ်စီးခ ပိုမိုတောင်းခံတာတွေ၊ လိုရာခရီး ကိုရောက်ဖို့ အဆင့်ဆင့်ကားပြောင်းစီးရတာတွေနဲ့ လိုင်းကားတွေ တစ်စီးနဲ့တစ်စီးကြား အချိန်ကြာမြင့်စွာ စောင့် ဆိုင်းရတာတွေကို တိုင်တန်းတာများတယ်လို့ ပြောပါတယ်။

YBS စနစ် စတင်ပြောင်းလဲတဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့က တိုင်တန်းမှု ၂၀၀ကျော်ရှိပြီး ဒုတိယနေ့က ၃၀၀ ကျော်၊ တတိယနေ့နဲ့ စတုတ္တနေ့တွေမှာ ၂၀၀ ကျော်စီရှိခဲ့တာ ဖြစ်ပါတယ်။

မနက်ဖြန် ဇန်နဝါရီလ ၂၁ ရက်နေ့က စတင်ပြီး လုပ်အားပေးစေတနာ့ဝန်ထမ်းတွေရှိတော့မှာ မဟုတ်တာကြောင့် YBS ယာဉ်လိုင်းတွေနဲ့ ပတ်သက်ပြီး တိုင်တန်းလိုသူတွေဟာ YBS ကထုတ်ပြန်ထားတဲ့ အရေးပေါ်ဖုန်းနံပါတ်တွေ ကိုသာ တိုင်ကြားနိုင်တော့မှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

MyoMinKhant
2024-02-01 21:19

Ybs card နဲ့စီးတာကို ယဉ်စီးခက ‌400ဖြစ်လို့ ကဒ်က300ပဲဖြတ်လို့ 100ထပ်ပေးရပါမယ်တဲ့ အဲ့ဒါ တရာဝင်းကြေငြာထားတာလားခင်ဗျာ
ကျွန်တော်အခုစီးတဲ့ 133ybs ကားDriverကအဲ့လိုပြောပြီး 100တောင်းသွားပါတယ်။
အဲ့ဒါတရားဝင်ဟုတ်မဟုတ် ကြောငြာချက်ထုပ်ပေးပါ။