သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-12-30
ကချင်ပြည်နယ် တနိုင်း-လီဒိုလမ်းပေါ် ဖားကန့်မြို့နယ်အပိုင် ရှဒူးဇွပ်ရွာနဲ့ ၁ မိုင်အကွာမှာ အစိုးရတပ်မတော်နဲ့ ကေအိုင်အေတို့ ဒီနေ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
2017-12-30
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကို အစိုးရနဲ့ တပ်မတော် လက်တွဲဖြေရှင်းပြီး ရပ်တန့်စေခဲ့တယ်လို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ က ဒီနေ့ ပြောပါတယ်။
2017-12-30
ပညာရေးဝန်ထမ်းတွေ၊ ဆရာ၊ ဆရာမတွေကို ပြည်ပခရီးစဉ်တွေ နာမည်တပ်ဖိတ်ကြားရင် ခွင့်မပြုကြောင်း ပညာရေးဝန်ကြီးဌာနက ညွှန်ကြားချက်ထုတ် လိုက်တာဟာ ဆရာ၊ ဆရာမတွေရဲ့ လွတ်လပ်စွာဖွံ့ဖြိုးခွင့်၊ လေ့လာခွင့်ကို ထိခိုက်တဲ့အတွေက် အဲဒီညွှန်ကြားချက်ကို ကန့်ကွက်ကြောင်း ပညာရေးစနစ်ပြုပြင်ပြောင်း လဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER က မနေ့က ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။
2017-12-30
နေပြည်တော်က လွှတ်တော်အဆောက်အဦးကို မောင်းသူမဲ့ လေယာဉ်ငယ် (ဒရုန်း)နဲ့ ရိုက်ကူးဖို့ ကြိုးစားတဲ့အတွက် ၁၉၃၄ ခုနှစ် လေယာဉ်ပျံသန်းမှု ဥပဒေ အရ ထောင်ဒဏ် ၂ လ ချမှတ်ခံလိုက်ရတဲ့ တူရကီအခြေစိုက် TRT သတင်းဌာနက သတင်းထောက် ၂ ဦးနဲ့ မြန်မာနိုင်ငံသား စကားပြန်၊ ယာဉ်မောင်းတို့ ၄ ဦးဟာ ဒီကနေ့ ပြန်လည် လွတ်မြောက်လာပြီဖြစ်ပါတယ်။
2017-12-30
ရခိုင်ပြည်နယ် မောင်တောဒေသမှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့အတွက် လာမယ့် ဇန်နဝါရီလ ၂၃ ရက်နေ့ကစပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ပြန်လာကြမယ့် ဒုက္ခသည်တွေကိုလည်း ညပိုင်းမှာလက်ခံမှာ မဟုတ်ဘူးလို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ပြောပါတယ်။
2017-12-30
ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာသန်း ၉ဝ နဲ့ ဆောင်ရွက်နေတဲ့ မဟာဓာတ်အားလိုင်းပြင်ပက ဒေသတွေ လျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းအကြောင်း ရှင်းလင်းပွဲကို နေပြည်တော်က စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနရုံးမှာ ဒီဇင်ဘာလ ၂၉ ရက်နေ့က ကျင်းပခဲ့ပါတယ်။
2017-12-30
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီဇင်ဘာလ ၂၉ ရက်နေ့က ကယားပြည်နယ် လွိုင်ကော်မြို့ မှာ ကျင်းပခဲ့တဲ့ လူငယ်ငြိမ်းချမ်းရေးစကားဝိုင်းမှာ ဒေသခံ တိုင်းရင်းသား လူငယ် ၈ ဦးနဲ့ ဆွေးနွေးခဲ့ပါတယ်။
2017-12-29
မကြာခင် ရက်ပိုင်းတွင်း ကျရောက်တော့မယ့် ၂၀၁၈ နှစ်သစ်အတွက် မြန်မာ့နိုင်ငံရေးလောကမှ ထင်ရှားသူတချိုရဲ့ နှစ်သစ်ဆုတောင်းစကားတွေကို မသင်းသီရိ စုစည်းတင်ဆက်ထားပါတယ်။
2017-12-29
၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က အကြမ်းဖက် တိုက်ခိုက်မှုတွေနောက်ပိုင်း ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း ည ၆ နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားခဲ့တာကို နောက်ထပ် ၂ လ တိုးမြှင့်ခဲ့ပါတယ်။
2017-12-29
ရခိုင်ပြည်နယ် မောင်တောဒေသကို သွားရောက်လေ့ လာခဲ့တဲ့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော် မရှင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေး သွားတဲ့ မွတ်စလင်တွေကို ပြန်လက်ခံရေး အဆင်သင့်မဖြစ်သေးတဲ့ အခြေအနေတွေကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ ပြီးခဲ့တဲ့ရက်က တင်ပြဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
2017-12-29
ထွက်ပြေးသွားတဲ့ မွတ်စလင်တွေကို မြန်မာအစိုးရ ပြန်လက်ခံတဲ့အခါ ပထမအသုတ်အနေနဲ့ ရိုဟင်ဂျာ ၁ သိန်း ပြန်ပို့ဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ဆန္ဒရှိနေတယ်လို့ ပြောလိုက်ပါတယ်။
2017-12-29
အနိမ့်ဆုံး လုပ်ခလစာနှုန်းထားသစ်အဖြစ် တစ်ရက်ကို ၄၈၀၀ နှုန်းသတ်မှတ်ဖို့ ဒီကနေ့ နေပြည်တော်က အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနရုံးမှာ ကျင်းပခဲ့တဲ့ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး အမျိုးသားအဆင့်ကော်မတီ အစည်းအဝေးက ဆုံးဖြတ်လိုက်ပါတယ်။
2017-12-29
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA ကို မွန်ပြည်သစ်ပါတီက လက်မှတ်ထိုး သွားဖို့အတွက် ပါတီဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်တစ်ဦးက အတည်ပြု ပြောကြားလိုက်ပါတယ်။
2017-12-29
တပ်မတော်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ပေါ်ကို မနေ့ညကနေ ဒီနေ့ ညနေပိုင်းအထိ ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးဒုက္ခသည်ဦးရေ လေးရာကျော်လောက် ရှိနေပြီလို့ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ကျောက်မဲမြို့ခံ ကိုသားဇော် က ပြောပါတယ်။
2017-12-29
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီနေ့ ကယားပြည်နယ်လွိုင်ကော်မြို့က ငြိမ်းချမ်းရေး စကားဝိုင်း ခရီးစဉ်အတွင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP က သီးသန့်တွေ့ ဆုံခွင့်ရဖို့ တောင်းဆိုခဲ့ပေမယ့် တွေ့ဆုံခွင့်မရခဲ့ဘူးလို့ KNPP ဆက်ဆံရေးရုံးတာဝန်ခံ က ပြောပါတယ်။