ထွက်ပြေးသွားသူတွေ ပြန်လက်ခံရေး လူ့အခွင့်အရေးကော်မရှင်နဲ့ မေးမြန်းချက်
2017.12.29
ရခိုင်ပြည်နယ် မောင်တောဒေသကို သွားရောက်လေ့လာခဲ့တဲ့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားတဲ့ မွတ်စလင်တွေကို ပြန်လက်ခံရေး အဆင်သင့်မဖြစ်သေးတဲ့ အခြေအနေတွေကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ ပြီးခဲ့တဲ့ရက်က တင်ပြဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်ကို RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။