ဒုက္ခသည်ပြန်လည်လက်ခံရေး ဆက်သွယ်မေးမြန်းချက်
2017.12.30
ရခိုင်ပြည်နယ် မောင်တောဒေသမှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့အတွက် လာမယ့် ဇန်နဝါရီလ ၂၃ ရက်နေ့ကစပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ပြန်လာကြမယ့် ဒုက္ခသည်တွေကိုလည်း ညပိုင်းမှာလက်ခံမှာ မဟုတ်ဘူးလို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ပြောပါတယ်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ် မေးမြန်းထားပါတယ်။