ပထမသုတ် လူ ၁ သိန်း ပြန်ပို့ဖို့ ဘင်္ဂလားဒေ့ရှ် ကြိုးပမ်း
2017.12.29

ထွက်ပြေးသွားတဲ့ မွတ်စလင်တွေကို မြန်မာအစိုးရ ပြန်လက်ခံတဲ့အခါ ပထမအသုတ်အနေနဲ့ ရိုဟင်ဂျာ ၁ သိန်း ပြန်ပို့ဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ဆန္ဒရှိနေတယ်လို့ ပြောလိုက်ပါတယ်။
နှစ်နိုင်ငံသဘောတူစာချုပ်အရ ဇန်နဝါရီလကုန်လောက်မှာစမယ့် ဒုက္ခသည်ပြန်လက်ခံရေး အစီအစဉ်အရ၊ ပထမဆုံးပြန်ပို့မယ့် လူ ၁ သိန်းကို စာရင်းလုပ်ထားတယ်လို့ လမ်းပမ်းဆက်သွယ်ရေးဝန်ကြီး အိုဘေဒူးလ် ကွာဒါက ပြောပါတယ်။
နှစ်ဖက်အစိုးရအရာရှိတွေက အဲဒီလူစာရင်းကို နောက်ဆုံးအဆင့် အတည်ပြုပြီးတာနဲ့ အမြန်ဆုံးပြန်ပို့မယ်လို့ ကွာဒါက ဆိုပါတယ်။ ထွက်ပြေးသွားတဲ့သူတွေ ပြန်လက်ခံရေးဆောင်ရွက်မယ့် အလုပ်အဖွဲ့ရဲ့ နောက်တစ်ကြိမ် အစည်းအဝေးကို မြန်မာနိုင်ငံမှာ လုပ်မှာဖြစ်ပြီး၊ ဘယ်လိုစပြီး လက်ခံမလဲဆိုတာ ဆုံးဖြတ်ကြမယ်လို့ ပြောပါတယ်။