သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-06-29
ပြီးခဲ့တဲ့ရက်ပိုင်းက သမ္မတ ဦးသိန်းစိန် အတည်ပြုပေး ခဲ့တဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေအပေါ် ပြင်ဆင်ချက်ဥပဒေနဲ့ ပတ်သက်ပြီး အာရှလူ့အခွင့်အရေး ကော်မရှင် က ရှေ့နေ ဦးမင်းလွင်ဦးနဲ့ ဗဟိုတရားရုံး ချုပ် ရှေ့နေဟောင်း ဒေါ်မော်လီတို့ကို ဆက်သွယ်ပြီး ဦးခင်မောင်ညိန်းက ဆွေးနွေးတင်ပြထားပါတယ်။
2014-06-29
တရုတ်နဲ့ အိန္ဒိယ နိုင်ငံတွေဟာ မြန်မာနိုင်ငံ စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါ တဲ့ အခန်းကဏ္ဍက ပါဝင်နေပြီး ဒီ နှစ်နိုင်ငံစလုံးဟာ မြန် မာနိုင်ငံရဲ့ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံတွေ အဖြစ် ဆက်လက် တည်ရှိသွားလိမ့်မယ်လို့ အခိုင်အမာယုံကြည်တဲ့ အကြောင်း သမ္မတ ဦးသိန်းစိန်က မနေ့က ပြောကြားလိုက်ပါ တယ်။
2014-06-28
ဧရာဝတီတိုင်း ရှားခဲရွာမှာ ၂၀၁၂ ခုနှစ်ကဖြစ်ခဲ့တဲ့ အင်းလေ လံပြဿနာနဲ့ပတ်သက်လို့ဖြစ်ခဲ့တဲ့ အထိကရုဏ်းကြောင့် တရားစွဲခံထားရတဲ့ ဒေသခံရွာသား ၆ ယောက်ကို သော ကြာနေ့က ပုသိမ်ခရိုင်တရားရုံးမှာ ထောင်ဒဏ်အသီးသီး ချမှတ်လိုက်တယ်လို့သိရပါတယ်။
2014-06-28
ထင်ရှားတဲ့သံဃာတော် ၃ ပါးနဲ့စာရေး ဆရာ ၄ ဦးတို့က မေတ္တာတရားနှင့် နိုင်ငံတော်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲကို ရန်ကုန်မြို့ ရှန်ဂရီလာဟော်တယ်မှာ မနေ့ကပြုလုပ်ခဲ့ကြ ပါတယ်။
2014-06-28
သဲကုန်းမြို့နယ်မှာ ဒေသခံစစ်တပ် နဲ့ပုဂ္ဂလိလုပ်ငန်းရှင်တစ်ဦးသိမ်းထားတဲ့ လယ်ဧက ၂ ထောင်ကျော် ပြန်ပေးဖို့တောင်းဆိုတဲ့ လယ် သမားခေါင်းဆောင်တချို့ကို တရားစွဲထားသလို တချို့ကို ဖမ်းဝရမ်း ထုတ်ထားပါတယ်။
2014-06-28
တောင်ကိုးရီးယား နိုင်ငံရေးအကျဉ်း သားဟောင်းတွေ ထူထောင်ထားတဲ့ Truth Foundation အမှန်တရား ထွန်းကားရေးအဖွဲ့က ကွယ်လွန် သူ NLD နာယက ဟံသာဝတီ ဦးဝင်းတင်ကို ၂ဝ၁၄ ခုနှစ်အတွက် လူ့အခွင့်အရေးဆု ချီးမြှင့်လိုက်ပါတယ်။
2014-06-28
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာနမ်းဘီးယားနဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့ဟာ ပြီးခဲ့တဲ့ ရက်တွေကတွေ့ဆုံပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးခဲ့သလို ဒီကနေ့မှာလည်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနဲ့လည်း သီးသန့်တွေ့ဆုံပြီး ဆွေးနွေးတာတွေ ရှိပါတယ်။
2014-06-28
ကွယ်လွန်ခါနီး လူနာများအတွက် ဗုဒ္ဓဘာသာထုံးစံ သရနဂုံတင်ခြင်းလုပ်ငန်းတွေကို ဆောင် ရွက်ပေးဖို့ နာရေးကူညီမှုအသင်းအနေနဲ့ စနစ်တကျဆောင် ရွက်ဖို့ စီစဉ်နေတယ်လို့ နာရေးကူညီမူအသင်း ရန်ကုန်က RFA ကိုပြောပါတယ်။
2014-06-28
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် မိုင်းမောကျေးရွာနဲ့ ကန်ဆွယ်ကျေးရွာ က တောင်သူ ၁၀၀ ကျော်တို့ဟာ တပ်မတော်က သိမ်းဆည်းထားတဲ့လယ်မြေတွေ ပြန်လည်ပေးအပ်ပွဲမှာ သိမ်းခဲ့တဲ့မြေနဲ့ ပြန်ပေးတဲ့မြေ အကျယ်အဝန်းပမာဏ ကွာနေတဲ့အတွက် ယာယီလယ်လုပ်ခွင့်လျှောက်လွှာပုံစံ ၃ ကို မထုတ်ယူခဲ့ကြဘူးလို့ သိရပါတယ်။
2014-06-28
၂၀၁၂ခုနှစ် လယ်ယာမြေဥပဒေ ပြဌာန်း ချက်ထဲက လယ်ယာမြေလုပ်ပိုင်ခွင့်အပေါ် ကန့်သတ်ထားတဲ့ အချက်၁၅ ချက်ကို ပယ်ဖျက်ပြင်ဆင်ပေးဖို့ သမ္မတနဲ့ လွှတ်တော်ဆီ်ကို မြန်မာနိုင်ငံ တောင်သူ လယ်သမားနဲ့ စိုက်ပျိုးရေး အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် AFFM က တင်ပြတောင်းဆိုသွားမယ်လို့ သိရပါတယ်။
2014-06-28
ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ ရခိုင် အမျိုးသားပါတီဝင်တွေရဲ့ တွေ့ဆုံပွဲကို ဒီနေ့ ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိတဲ့ တော်ဝင်နှင်းဆီခန်းမမှာ ပြု လုပ်ခဲ့ပါတယ်။
2014-06-28
တနင်္သာရီတိုင်းနဲ့ ကမ်းလွန်ပင်လယ်မှာ စည်းကမ်းမဲ့ထုတ်လုပ်မှုကြောင့် သစ်တောထွက်ပစ္စည်းနဲ့ ရေထွက်ပစ္စည်းတွေ တနေ့တခြား ပြုန်းတီးရှားပါးလာနေပြီဖြစ်ပါတယ်။
2014-06-28
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့မှာ ထောင်နဲ့ချီတဲ့ ဒေသခံတွေ ဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါ တယ်။
2014-06-28
သမ္မတဦးသိန်းစိန်ဟာ တရုတ်နိုင်ငံကို ၃ ရက်ကြာ ခရီးရောက်ရှိနေပြီး ဒီကနေ့မှာ တရုတ်မြန်မာအိန္ဒိယ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူ ၅ ချက် လက်မှတ်ရေးထိုးခဲ့တဲ့ အနှစ် ၆၀ ပြည့် အထိမ်း အမှတ်ပွဲတွေကို တက်ရောက်မယ်လို့ သိရပါတယ်။
2014-06-28
ကချင်ပြည်နယ် မန်စီမြို့နယ်၊ မန်ဝိန်းကြီးကျေးရွာမှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းက အခြေခံပညာ မူလတန်းကျောင်းမှာ စာသင်ခုံနဲ့ ကျောင်းဆောင်တွေ အလုံအလောက် မရှိတဲ့အတွက် ပညာသင်ကြားရာမှာ အခက်အခဲ တွေ့နေပါတယ်။ မန်ဝိန်းကြီးကျေးရွာကို သွားရောက်ခဲ့တဲ့ RFA သတင်းထောက် ကိုကျော်မျိုးထွန်း က တင်ပြထားပါတယ်။