ရှားခဲရွာသားတွေ ထောင်ဒဏ်ချမှတ်ခံရ
2014.06.28
ဧရာဝတီတိုင်း ရှားခဲရွာမှာ ၂၀၁၂ ခုနှစ်ကဖြစ်ခဲ့တဲ့ အင်းလေလံပြဿနာနဲ့ပတ်သက်လို့ဖြစ်ခဲ့တဲ့ အထိကရုဏ်းကြောင့် တရားစွဲခံထားရတဲ့ ဒေသခံရွာသား ၆ ယောက်ကို သောကြာနေ့က ပုသိမ်ခရိုင်တရားရုံးမှာ ထောင်ဒဏ်အသီးသီး ချမှတ်လိုက်တယ်လို့သိရပါတယ်။
အဲဒီရွာကအင်းကို လုပ်ပိုင်ခွင့်ရသွားတဲ့ ဝိုင်းဝိုင်းလည်သမအသင်းပိုင် တဲအိမ်တစ်လုံးနဲ့တဲထဲက ပစ္စည်းတွေဖျက်ဆီးမှု နဲ့အဲဒီရွာသားတွေကို မနှစ်က ဇွန်လမှာဖမ်းဆီးခဲ့ပြီး အခုတော့ ထောင်ချ လိုက်တာပါ။
ကိုကျော်ကြီး၊ ကိုအောင်စိုးနိုင်၊ ကိုရင်ထွေးတို့ကို ထောင်ဒဏ် ၂ နှစ်ခွဲစီနဲ့ ဒေါ်အေးလှိုင် ၊ ဒေါ်စန္ဒာကြည်၊ ဒေါ်မြတ်မွန် တို့ကို ထောင်ဒဏ် ၁ နှစ်စီ အသီးသီးချမှတ်လိုက်တာဖြစ်ပါတယ်။
အဲဒီ ရှားခဲအင်းကို ဒေသခံရေလုပ်သားတွေကိုလုပ်ခွင့်ပေးမယ်လို့ သက်ဆိုင်ရာဝန်ကြီးက ပြောပြီးတဲ့နောက်၊ တိုင်းအစိုးရက ဝိုင်းဝိုင်းလည်သမအသင်းကို လုပ်ပိုင်ခွင့်ပေးလိုက်တဲ့အတွက် ဒေသခံတွေနဲ့တင်းမာမှုဖြစ်ပြီး ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တာလို့သိရပါတယ်။