သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-04-29
ရဲတံခွန် ကမ်းလွန်ရေနံတူးဖော်ရေးမှာ လုပ်ကိုင်နေတဲ့ မလေးရှားအစိုးရပိုင် Petronas ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေကို ပြန်ရုပ်သိမ်းတော့မယ်လို့ ကြေညာလိုက်ပါတယ်။
2022-04-29
မြန်မာနိုင်ငံမှာ လျှပ်စစ်မီးပြတ်တောက်မှုတွေကို ဖြေရှင်းဖို့ ရုရှားနိုင်ငံက လောင်စာဆီ တင်သွင်းမှုတွေလုပ်နိုင်ရေး ရုရှားနဲ့ မြန်မာစစ်ကောင်စီ ဆွေးနွေးနေတဲ့အကြောင်း Bloomberg သတင်းမှာ ဒီကနေ့ ဖော်ပြထားပါတယ်။
2022-04-29
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အပါအဝင် တိုင်းအစိုးရအဖွဲ့ဝင်တွေနဲ့ NLD ပါတီဝင်တွေရဲ့ အမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ကို စစ်ကောင်စီက ဖမ်းဆီးပြီး အမှုဖွင့်လိုက်ပါတယ်။
2022-04-29
ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တပ်ဖွဲ့ နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့အကြား စစ်ရေးတင်းမာနေတဲ့ ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့နယ် စနင်းတောင်ကြောတစ်ဝိုက်က စစ်ကောင်စီတပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာသွားပြီလို့ SSPP ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စိုင်းဆုက RFA ကို ပြောပါတယ်။
2022-04-29
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်၊ ပန္ဒလဲကျေးရွာထဲကို ဧပြီလ ၂၈ ရက် မနေ့ ည ၉ နာရီခွဲလောက်က ပျူစောထီးအဖွဲ့ဝင်တွေက ဝင်ရောက်ပစ်ခတ်ခဲ့ရာမှာ ဒေသခံနှစ်ဦး သေဆုံးပြီး နောက်ထပ်တစ်ဦး အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
2022-04-29
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသက တရုတ်အစိုးရပိုင် ဝမ်ပေါင်ကုမ္ပဏီနဲ့ မြန်မာစစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပြန်စရင် တိုက်ခိုက်သွားမယ်လို့ ဆားလင်းကြီးနဲ့ ယင်းမာပင်မြို့နယ် PDF အဖွဲ့ ၁၆ ဖွဲ့က ဧပြီလ ၂၁ ရက်နေ့မှာ သတိပေးထားပါတယ်။
2022-04-29
ကရင်ပြည်နယ် မြဝတီမြို့က ကာစီနိုလောင်းကစားရုံမှာ ထိုင်းအမျိုးသမီး သုံးရာလောက် လိင်လုပ်သားအဖြစ် အဓမ္မအလုပ်ခိုင်းခံနေရတယ်လို့ ထွက်ပြေးလွတ်မြောက်လာတဲ့ ၂၅ နှစ်အရွယ် ထိုင်းအမျိုးသမီးတစ်ဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းမှာ ဒီကနေ့ ဖော်ပြထားပါတယ်။
2022-04-29
ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာနေထိုင်တဲ့ CDM အထက်တန်းပြ ကျောင်းဆရာမ ဒေါ်ချယ်ရီသက်ရှည်ဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀ (ည) နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံလိုက်ရပါတယ်။
2022-04-29
ပဲခူးတိုင်း ပြည်မြို့ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကျောက်ရုပ်အနီးက ညဈေးတန်း ဈေးဆိုင်ခန်းတွေကို ဧပြီလ ၂၈ ရက် မနေ့က စစ်ကောင်စီက စက်ယန္တရားတွေသုံးပြီး ဖြိုချဖျက်ဆီးလိုက်တယ်လို့ ပြည်မြို့ခံတွေက ပြောပါတယ်။
2022-04-29
ရန်ကုန်ဆေးရုံကြီး အရေးပေါ်ကုသရေးဌာနမှူး ပါမောက္ခ ဒေါက်တာမော်မော်ဦးဟာ ဧပြီလ ၂၈ ရက် မနေ့က အင်းစိန်ထောင်တွင်း တရားရုံးကနေ ရာဇသတ်ကြီးဥပဒေပုဒ်မ-၅၀၅ (က) နဲ့ ထောင်သုံးနှစ် ချမှတ်ခံလိုက်ရပါတယ်။
2022-04-29
စစ်ကိုင်းတိုင်း ကလေးမြို့ အောင်မြေမာန်ရပ်ကွက်၊ နယ်မြေ (၃/၆၁) မှာ နေထိုင်တဲ့ စံလှ ပုံနှိပ်တိုက်ပိုင်ရှင် ဦးဝင်းဇော်ဟာ မြို့ပေါ်က အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေအတွက် စတစ်ကာတွေနဲ့ စာရွက်စာတမ်းတွေ ရိုက်နှိပ်ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဧပြီလ ၂၈ ရက် မနေ့ နေ့လယ်ပိုင်းက ဖမ်းဆီးခံလိုက်ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
2022-04-29
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် ချောင်းဆာ ကျေးရွာအုပ်စု ရေအိုးရွာက သားအဖ သုံးဦးအပါအဝင် ဖမ်းဆီးထားသူ ငါးဦးကို ဧပြီလ ၂၈ ရက်က ဆွေမျိုးတွေလက်ထဲ ပြန်လည် အပ်နှံလိုက်ပါတယ်။
2022-04-29
ရန်ကုန်တိုင်း ကြည့်မြင်တိုင်တစ်ဖက်ကမ်း အလတ်ချောင်းရပ်ကွက်မှာ Dark Shadow မြေအောက်လှုပ်ရှားမှု အဖွဲ့ဝင်လူငယ် ၁၄ ဦးကို ဧပြီလ ၂၇ ရက်နေ့ မနက်ပိုင်းက စစ်တပ်က ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားတဲ့ လူငယ်တစ်ဦး ပစ်သတ်ခံလိုက်ရတယ်လို့ ဒီဖြစ်စဉ်ကို သိရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
2022-04-28
မန္တလေးက သွေးသောက်အဖွဲ့ဆိုတဲ့အမည်နဲ့ ဧပြီ ၂၁ ရက်နေ့မှာ တယ်လီဂရမ်က ထုတ်ပြန်တဲ့ ကြေညာချက်တစ်ခုမှာတော့ NLD ပါတီဝင်တွေ၊ ပါတီကိုထောက်ခံသူတွေ၊ PDF အဖွဲ့ဝင်တွေ၊ ဆက်နွှယ်သူတွေကို သတ်ဖြတ်ချေမှုန်းမယ်လို့ ပါရှိပါတယ်။
2022-04-28
ဧပြီလ ၂၅ ရက်နေ့က သွေးသောက်အဖွဲ့ တယ်လီဂရမ်မှာ NLD ပါတီထောက်ခံသူတွေ တော်လှန်ရေးမှာ ပါဝင်သူအပြင် သတင်းမီဒီယာတွေဖြစ်တဲ့ ခေတ်သစ်မီဒီယာ၊ ဧရာဝတီ၊ မဇ္ဈိမ၊ ဒီဗွီဘီနဲ့ ဧရာဝတီတိုင်းမ်စ် တို့က သတင်းထောက်တွေ၊ အယ်ဒီတာတွေရဲ့ မိသားစုဝင်တွေကို သတ်ဖြတ်ဖို့ လိုအပ်တယ်လို့ ရေးသားထားတာ တွေ့ရပါတယ်။