မြဝတီမြို့ လောင်းကစားရုံမှာ လိင်ဖျော်ဖြေရေး အဓမ္မစေခိုင်းမှုရှိနေကြောင်း ကိုယ်တွေ့ကြုံသူ ရှင်းပြ

2022.04.29
မြဝတီမြို့ လောင်းကစားရုံမှာ လိင်ဖျော်ဖြေရေး အဓမ္မစေခိုင်းမှုရှိနေကြောင်း ကိုယ်တွေ့ကြုံသူ ရှင်းပြ ကရင်ပြည်နယ် မြဝတီမြို့က ကာစီနိုလောင်းကစားရုံမှ ထွက်ပြေးလွတ်မြောက်လာသည့် ထိုင်းအမျိုးသမီး (အင်္ကျီအနက်) ကို တွေ့ရစဉ်
Photo: Police photo via Bangkok Post

ကရင်ပြည်နယ် မြဝတီမြို့က ကာစီနိုလောင်းကစားရုံမှာ ထိုင်းအမျိုးသမီး သုံးရာလောက် လိင်လုပ်သားအဖြစ် အဓမ္မအလုပ်ခိုင်းခံနေရတယ်လို့ ထွက်ပြေးလွတ်မြောက်လာတဲ့ ၂၅ နှစ်အရွယ် ထိုင်းအမျိုးသမီးတစ်ဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်း မှာ ဒီကနေ့ ဖော်ပြထားပါတယ်။

အမည်မဖော်လိုတဲ့ အဲဒီထိုင်းအမျိုးသမီးနဲ့ နောက်တစ်ဦးဟာ ထိုင်း-မြန်မာ နယ်ခြားမှာရှိတဲ့ သောင်းရင်းမြစ်ကို ရေကူးဖြတ်ပြီး ထိုင်းနိုင်ငံဘက်ခြမ်းက မဲဆောက်မြို့ကို ထွက်ပြေး လွတ်မြောက်လာကြတာပါ။ သူတို့ဟာ လှည့်ဖြားခံရပြီး လိင်လုပ်သားအဖြစ် မြဝတီမြို့မှာ နေခဲ့ကြရတယ်လို့ ဆိုပါတယ်။

မနေ့ကပဲ ထိုင်းရဲဌာနမှာ သူတို့တွေ လိင်လုပ်သားတွေအဖြစ် အဓမ္မ အခိုင်းခံရတဲ့ကိစ္စကို အမှုလာဖွင့်ခဲ့ကြတာပါ။

အင်တာနက်မှာကျော်ကြားတဲ့သူတစ်ဦးက နယ်စပ်မှာ အမျိုးသမီးတွေအတွက် ဖျော်ဖြေရေး နဲ့ လူထုဆက်ဆံရေး အလုပ်တွေရှိတယ်လို့ ဒီနှစ်ဆန်းပိုင်းက အင်တာနက်ကနေ တိုက်ရိုက် ထုတ်လွှင့်ပြီး ဖိတ်ခေါ်ခဲ့တာကို လက်ခံခဲ့တဲ့အကြောင်း၊ ကာစီနိုကိုရောက်တဲ့အခါမှာတော့ လိင်လုပ်သားအဖြစ်မလုပ်ရင် ဘတ်ငွေ နှစ်သောင်းခွဲပေးရမယ်လို့ ကာစီနိုရဲ့ ဝန်ထမ်းက ပြောတဲ့အကြောင်း၊ သူ့လို ထောင်ချောက်ဆင်ခံရပြီး လိင်လုပ်သားဖြစ်နေရတဲ့ ထိုင်းအမျိုးသမီး သုံးရာလောက်ရှိနေတယ်လို့ ထွက်ပြေးလွတ်မြောက်လာတဲ့ အမျိုးသမီးက ပြောပါတယ်။

သူနဲ့အတူ အမျိုးသမီးတစ်ဦးဟာ မြဝတီမြို့ ကာစီနိုလောင်းကစားရုံက အင်္ဂါနေ့ညပိုင်းမှာ ထွက်ပြေးလွတ်မြောက်လာခဲ့ကြတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။