သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-04-30
ပဲခူးတိုင်းမှာ နေ့အပူချိန် စံချိန်တင် မြင့်တက်ခဲ့ပြီးနောက် ပဲခူးပြည်သူ့ဆေးရုံကြီးမှာ Heat Stroke ကြောင့် ဆေးရုံရောက်လာပြီး သေဆုံးတဲ့ လူနာ ၄ ဦးရှိသွားပြီလို့ ပဲခူးဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်က RFA ကို ပြောပါတယ်။
2019-04-30
၂ဝ၁၉ ဧပြီ ၂၇ ရက်နေ့ စနေစကားဝိုင်း အစီအစဉ်မှာ " တပ်မတော် အပစ်ရပ်ကာလ ဆက်တိုးသင့်၊ မသင့် " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။
2019-04-29
ဥရောပနိုင်ငံများအဖွဲ့ EU က မြန်မာနိုင်ငံကို လက်နက်တင်ပို့ရောင်းချမှုနဲ့ မြန်မာ့တပ်မတော် ထိပ်တန်း ခေါင်းဆောင် ၁၄ ဦးအပေါ် ပိတ်ဆို့အရေးယူမှုတွေကို နောက်နှစ် ဧပြီလ ၃ဝ ရက်နေ့အထိ သက်တမ်း တစ်နှစ် တိုးလိုက်ပါတယ်။
2019-04-29
မြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်မှုတွေ ဆိုးဝါးစွာ ဆက်လက်ပေါ်ပေါက်နေတဲ့အတွက် သမ္မတဟောင်း အိုဘားမား အစိုးရလက်ထက်က ရုပ်သိမ်းခဲ့တဲ့ ပိတ်ဆို့မှုတွေကို ပြန်လည်ပြဌာန်းဖု့ိနဲ့ လက်ရှိချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကိုလည်း သက်တမ်းတိုးဖို့ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေး လွတ်လပ်မှုဆိုင်ရာအဖွဲ့ (USCIRF)က တိုက်တွန်းလိုက်ပါတယ်။
2019-04-29
တပ်မတော်ဘက်က စစ်ရေးအရှိန်တိုးမြှင့်ဖို့ အင်အားထပ်မံဖြည့်လာတဲ့အတွက် ရက္ခိုင့်တပ်မတော် AA က အပြင်းအထန်ခုခံရမှာ ဖြစ်တဲ့အတွက် ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တာကြောင့် ရခိုင်ပြည်သူတွေအနေနဲ့ အသွားအလာ ဆင်ခြင်ကြဖို့ AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက သတိပေးပြောကြားထားပါတယ်။
2019-04-29
တပ်မတော်က ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆိုထားတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ငါးဦးကို ဒီကနေ့ ရှစ်မိုင်က မရမ်းကုန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။
2019-04-29
အဂတိလိုက်စားမှုတွေဟာ ကျဆင်းတာ မရှိသေးဘဲ အရင်အတိုင်းပဲ ရှိနေသေးကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောကြားလိုက်ပါတယ်။
2019-04-29
မြန်မာနိုင်ငံကို ISIS အကြမ်းဖက်အဖွဲရဲ့ ခြိမ်းခြောက်မှုတွေရှိလာနိုင်ကြောင်း ပြောဆိုသံတွေ ထွက်လာတာကြောင့် ပြည်သူလူထုအနေနဲ့ လုံခြုံရေးသတိရှိဖို့ တပ်မတော်က သတိပေးပြောဆိုလိုက်ပါတယ်။
2019-04-29
တပ်မတော်က ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆိုထားတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ငါးဦးအမှုမှာ တရားလိုဖြစ်တဲ့ တပ်မတော်ဘက်ကို မေလ ၁၃ ရက်နေ့မှာ စတင်စစ်ဆေးမယ်လို့ သိရပါတယ်။
2019-04-29
ဒုရဲမှူးဟောင်း မိုးရန်နိုင်ကို သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) က ပါတီဝင်ဖို့ ပါတီက ကမ်းလှမ်းထားကြောင်း သိရပါတယ်။
2019-04-29
ကရင်ပြည်နယ် မြဝတီမြို့နယ် မဲကနယ်ကျေးရွာအနီးမှာရှိတဲ့ ရွှေမြစန္ဒီအိမ်ယာစီမံကိန်းက နေအိမ် ၂၀၀ နီးပါးကို အာဏာပိုင်အဖွဲ့အစည်းတွေက မနေ့ညမှာ ဖျက်စီးခဲ့တာကြောင့် ထိခိုက်ဒဏ်ရရှိခဲ့ပြီး လူလေးဦးလောက် ဆေးရုံတင်ထားရကြောင်း ဒေသခံတွေက RFA ကို ပြောပါတယ်။
2019-04-29
မြန်မာ့တပ်မတော် အနေနဲ့ ရခိုင်ပြည်နယ်မှာ စစ်အင်အားဖြည့်တင်းတာ မရှိကြောင်း ဒီရက်ပိုင်း စွပ်စွဲချက်တစ်ခုဖြစ်တဲ့ အတွဲလိုက်ပစ်တဲ့ ဒုံးတွေကိုလည်း သုံးတာမရှိကြောင်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီးမှူး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက RFA ကို ပြောပါတယ်။
2019-04-29
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ကံတောင်ကျေးရွာက ထက်ရည်လင်း ရွှေသတ္တုတူးဖော်ရေးကုမ္ပဏီ လုပ်ကွက်တစ်ခုမှာ ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့က ကျောက်နဲ့မြေစာတွေ ပြိုကျတာကြောင့် တရုတ်နိုင်ငံသား တစ်ယောက်နဲ့ မြန်မာနိုင်ငံသားတစ်ယောက် သေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
2019-04-29
ကချင်လွတ်မြောက်ရေးတပ်မတော် KIA က လီဆူတိုင်းရင်းသားတွေနဲ့ ရှမ်းတိုင်းရင်းသားတွေကို ဖမ်းဆီးနှိပ်စက်တာတွေရှိနေကြောင်း လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) က မြစ်ကြီးနားမြို့မှာ ဒီနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
2019-04-29
ချင်းပြည်နယ် ပလက်ဝမြို့နယ် ကင်းတလင်းကျေးရွာက ခူမီးတိုင်းရင်းသား ၅၂ ဦးကို ရက္ခိုင့် တပ်မတော် AA က ဖမ်းဆီးခေါ်ဆောင်သွားတာကို ပြန်လွှတ်ပေးဖို့ ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (KACC) က မနေ့က ဧပြီလ ၂၈ ရက်နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ပြီး တောင်းဆိုလိုက်ပါတယ်။