ဥရောပနိုင်ငံများအဖွဲ့ EU က မြန်မာနိုင်ငံကို လက်နက်တင်ပို့ရောင်းချမှုနဲ့ မြန်မာ့တပ်မတော် ထိပ်တန်း ခေါင်းဆောင် ၁၄ ဦးအပေါ် ပိတ်ဆို့အရေးယူမှုတွေကို နောက်နှစ် ဧပြီလ ၃ဝ ရက်နေ့အထိ သက်တမ်း တစ်နှစ် တိုးလိုက်ပါတယ်။ အဲဒီ ပိတ်ဆို့မှုတွေအရ တပ်မတော်ခေါင်းဆောင်တွေကို ဥရောပအဖွဲ့ဝင်နိုင်ငံတွေက ဝင်ရောက်ခွင့် ပိတ်ပင်ထားပြီး ဥရောပရှိ သူတို့ရဲ့ ပိုင်ဆိုင်ခွင့်တွေကိုလည်း ထိန်းချုပ်ထားပါတယ်။ ဒါပေမဲ့ EU နိုင်ငံတွေမှာ အဲဒီ တပ်မတော်ခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်မှု ဘယ်လောက်ရှိသလဲဆိုတာတော့ မသိရပါဘူး။
အခု ပိတ်ဆို့မှုအရ မြန်မာ့တပ်မတော်ကို သင်တန်းပေးခြင်းနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း မပြုလုပ်ဖို့လည်း တားမြစ်ထားပါတယ်။ အခုလို EU က ပိတ်ဆို့မှုသက်တမ်းတိုးတာနဲ့ ပတ်သက်ပြီး မြန်မာအစိုးရနဲ့ တပ်မတော်ရဲ့ တုံ့ပြန်ပြောကြားချက် တစ်စုံတရာကို မသိရသေးပါဘူး။