ရခိုင်မှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်ကြောင်း AA ပြော
2019.04.29

တပ်မတော်ဘက်က စစ်ရေးအရှိန်တိုးမြှင့်ဖို့ အင်အားထပ်မံဖြည့်လာတဲ့အတွက် ရက္ခိုင့်တပ်မတော် AA က အပြင်းအထန်ခုခံရမှာ ဖြစ်တဲ့အတွက် ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တာကြောင့် ရခိုင်ပြည်သူတွေအနေနဲ့ အသွားအလာ ဆင်ခြင်ကြဖို့ ရက္ခိုင့်တပ်မတော် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက သတိပေးပြောကြားထားပြီး တပ်မတော်ကတော့ စစ်အင်အားထပ်ဖြည့်တာ မရှိကြောင်း ငြင်းဆိုလိုက်ပါတယ်။
RFA သတင်းထောက် ကိုအောင်သိင်္ခက တင်ပြထားပါတယ်။