သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-03-30
ငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြဿနာ ခေါင်းစဉ်နဲ့ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲက ရရှိလာတဲ့ သဘောထား စုစည်းချက်တွေနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ၈၈ မျိုးဆက်ကျောင်းသားတွေ အပါအဝင် ဒီမိုကရေစီရေး လုပ်ဖော်ကိုင်ဖက်များအဖွဲ့က ဦးဆောင်ကာ ရန်ကုန်မြို့ ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2019-03-30
မြန်မာနိုင်ငံက တင်ပို့တဲ့ ကုန်ပစ္စည်းတွေကို ၂၀၁၈ ခုနှစ် နောက်ပိုင်းကစလို့ တရားမဝင်ကုန်သွယ်မှုအဖြစ် တရုတ်နိုင်ငံဘက်က တားဆီးနှိမ်နင်းနေတာကြောင့် ဒေါ်လာသန်းချီပြီး ကုန်သွယ်ရေးကျဆင်းနေရကြောင်း တရုတ် - မြန်မာ နယ်စပ် ၁၀၅ မိုင်ဇုန် နယ်စပ်ကုန်သွယ်ရေး ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက RFA ကို ပြောပါတယ်။
2019-03-30
အစိုးရနဲ့ တပ်မတော်က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တချို့အပြင် လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေနဲ့ပါ လာမယ့် ဧပြီလအတွင်းမှာ တွေ့ဆုံဖို့ရှိတယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောပါတယ်။
2019-03-30
ရှမ်းပြည်နယ် နမ္မတူမြို့နယ် မန်လီကျေးရွာမှာ ဒီနေ့ မနက်ပိုင်းက မိုင်းတစ်လုံးပေါက်ကွဲလို့ ရွာသား သုံးဦး သေဆုံးပြီး လေးဦး ဒဏ်ရာရရှိသွားခဲ့ပါတယ်။
2019-03-30
မြန်မာ့သနပ်ခါးကို ကမ္ဘာကသိစေဖို့နဲ့ ဈေးကွက်ကျယ်ပြန့်လာစေဖို့ ရည်ရွယ်တဲ့ မြန်မာ့သနပ်ခါးပွဲတော်ကို မန္တလေးမြို့က ကျောက်တော်ကြီးဘုရားအတွင်းမှာ ဒီကနေ့ ကျင်းပပြုလုပ်ပါတယ်။
2019-03-29
ရန်ကုန်တဘက်ကမ်း တွံတေးမြို့နယ်ထဲက စေတီကတော့ ထူးထူးခြားခြား မြွေတွေကြောင့်ပဲ ပြည်တွင်းပြည်ပ ခရီးသွားတွေ စိတ်ဝင်တစား ရောက်လာနေကြတာပါ။
2019-03-29
ကျေးလက်ဒေသတွေမှာ ဆင်းရဲမွဲတေမှု၊ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုတွေကြောင့် ရန်ကုန်မြို့ကို ရွှေ့ပြောင်းအခြေချလာသူတွေ များလာပါတယ်။
2019-03-29
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်က အောက်သားကန်ကျေးရွာ အနီးမှာ မတ်လ၂၉ ရက် မနေ့က ပစ်ခတ်မှုတွေကြောင့် အမျိုးသမီးတဦးနဲ့ အမျိုးသားတဦး သေဆုံးပြီး လူ ၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
2019-03-29
၇၄ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားမှာ တပ်မတော်ရဲ့ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ပြောကြားချက်တွေအပေါ် နိုင်ငံရေးပါတီ ပြောရေးဆိုခွင့် ရှိသူတွေနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေရဲ့ အမြင်တွေကို စုစည်းတင်ပြပေးမှာဖြစ်ပါတယ်။
2019-03-29
ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေ ကယ်ထုတ်နိုင်ရေး ဆန္ဒပြခဲ့တဲ့အတွက် ထောင်ဒဏ်နဲ့ငွေဒဏ် ချမှတ်ခံထားရသူသုံးဦးရဲ့အမှုပြင်ဆင်လျှောက်ထားမှုကို ဒီကနေ့ အမိန့်ချမှတ်ခဲ့ပါတယ်။
2019-03-29
ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တိုက်ပွဲတွေကြောင့် အရပ်သားတွေ သေဆုံးရတာ၊ ထွက်ပြေးတိမ်းရှောင်ရတာတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပထမဆုံး အကြိမ်အဖြစ် ပြောကြားခဲ့ပါတယ်။
2019-03-29
ရခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်မတော်ကြား ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ မတ်လ ၂၈ ရက်နေ့အထိ တိုက်ပွဲပေါင်းတစ်ရာကျော်၊ မိုင်းပေါက်ကွဲမှု ၄၄ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးခဲ့တယ်လို့ ဒီနေ့ကျင်းပတဲ့ နိုင်ငံတော်သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေးက ပြောလိုက်ပါတယ်။
2019-03-29
ရှမ်းပြည်နယ် မြောက်ပိုင်းမှာ SSPP၊ TNLA ပူးပေါင်းတပ်နဲ့ RCSS တို့ တိုက်ပွဲအတွင်း ပျောက်ဆုံးနေခဲ့တဲ့ မန်လီရွာသား ၈ ဦးကို ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA အဖ့ွဲ က ဒီကနေ့ ပြန်လွှတ်ပေးလိုက်ပါတယ်။
2019-03-29
အစိုးရတပ်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ကြား စစ်ရေးတင်းမာမှုတွေရှိနေတဲ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် အောက်သားကန်ကျေးရွာအနီးမှာ ဒီနေ့မနက်က ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦး သေဆုံးပြီး လူ ၇ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2019-03-29
မန္တလေးအိုးဘိုထောင်မှာ ကျောင်းသားတွေ အကျဉ်းကျနေစဉ် အချိန်အတွင်း ထောင်အတွင်းမှာ သီချင်းဆိုလို့ဆိုကာ ထောင်ဝန်ထမ်းတွေက အုပ်စုလိုက် ရိုက်နှက်ခဲ့တာနဲ့ ပတ်သက်လို့ ရိုက်နှက်ခဲ့သူတွေကို အရေးယူပေးဖို့ အကျဉ်းထောင်ကနေ ဒီနေ့ လွတ်မြောက်လာတဲ့ ကျောင်းသားတွေက တောင်းဆိုလိုက်ပါတယ်။