သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-02-27
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုထောက်ခံပွဲကို နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ အပါအဝင် လူအင်အားတစ်ထောင်လောက် စုပေါင်းပြီး ရန်ကုန် မြို့တော်ခန်းမရှေ့မှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။
2019-02-27
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားတဲ့ ပူးပေါင်းကော်မတီကို ထောက်ခံကြောင်းနဲ့ အမြန်ဆုံးပြင်ဆင်ပေးရေးအတွက် ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ်၊ ငါးအိုးကျေးရွာမှာ ဒေသခံငါးရာလောက် ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2019-02-27
နေပြည်တော် လွှတ်တော်ဝင်းအနီးမှာ ဒရုန်းလွှတ်တင်ခဲ့တဲ့အတွက် ဖမ်းဆီးထားတဲ့ ပြင်သစ်နိုင်ငံသား Arthur Desclaux ကို ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ အရ ဥတ္တရသီရိမြို့နယ် တရားရုံးက အလုပ်နဲ့ ထောင်ဒဏ်တစ်လ ချမှတ်လိုက်ပါတယ်။
2019-02-27
ရက္ခိုင့်တပ်မတော် AA က ဖမ်းဆီးသွားတဲ့ ပလက်ဝမြို့နယ် သံတောင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးချာဟော်နဲ့ စခန်းမှူး ဒုရဲအုပ် ဆလိုင်းဘီးဖာတို့ ပြန်လည်လွတ်မြောက်လာကြပါတယ်။
2019-02-27
Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်း အမှုမှာ တရားလိုပြသက်သေဖြစ်တဲ့ ဦးဝီရသူဟာ အရပ်ဖက်တရားရုံးမှာ အစစ်ဆေးမခံဘဲ မြို့နယ်သံဃနာယကရုံးမှာသာ လာရောက်စစ်ဆေးဖို့ လျှောက်ထားချက်ကို မန္တလေးခရိုင်တရားရုံးက ဒီနေ့ ပယ်ချလိုက်ပါတယ်။
2019-02-27
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဟာ ပြည်သူလူထုရဲ့ ဆန္ဒဖြစ်တဲ့အတွက် တပ်မတော်က အေးအေးချမ်းချမ်း ငြိမ်းငြိမ်းချမ်းချမ်း ပါဝင်ပေးဖို့ ဖက်ဒရယ် ဒီမိုကရက်တစ် အင်အားစုခေါင်းဆောင် ဦးမြအေးက ဒီကနေ့ ရန်ကုန်မြို့တော် ခန်းမရှေ့မှာ ကျင်းပတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ထောက်ခံပွဲမှာ ပြောပါတယ်။
2019-02-27
အရင်ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က လက်ရှိတိုင်းအစိုးရကို လွှဲပြောင်းပေးဖို့ ကျန်ရှိနေတဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေတွေထဲက ကျပ်သန်း ၃ ထောင်ကျော် ပြန်လည်ပေးဆပ်ထားပြီ ဖြစ်တယ်လို့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။
2019-02-27
NCA အပစ်ရပ်လက်မှတ် မထိုးရသေးတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၄ ဖွဲ့ပူးပေါင်းပြီး အစိုးရနဲ့ NCA အတွက် မဆွေးနွေးခင် ပဏာမ အပစ်ရပ် စာချုပ် (Bilateral) ချုပ်ဆိုလိုကြောင်း အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ကို အဆိုပြုတင်ပြလိုက်တယ်လို့ မြောက်ပိုင်းမဟာမိတ် အဖွဲ့တွေက ပြောပါတယ်။
2019-02-27
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် ဝက်မှေးကျေးရွာက မသွဲ့သွဲ့ဝင်း၊ မဖြူဖြူဝင်းနဲ့ မစန်းလှတို့ကို တရားစွဲဆိုထားတဲ့ ပုဒ်မ ၃၃၂ ကို ပလပ်လိုက်ပြီး ပုဒ်မ ၃၄၁ အတွက် ဒဏ်ငွေ ကျပ် ၅ သောင်းစီ ပေးဆောင်ဖို့ ဒီကနေ့မှာ မြို့နယ်တရားရုံးက အမိန့်ချလိုက်တာဖြစ်ပါတယ်။
2019-02-27
ရှမ်းပြည်နယ်၊ မဘိမ်းမြို့နယ်မှာ တစ်ရှုးငှက်ပျောစိုက်ပျိုးဖို့အတွက် မြေယာငှားရမ်းထားရာမှာ စရံငွေသာပေးပြီး အပြည့်အ၀ ငွေပေးချေတာ မရှိတဲ့အတွက် အခက်အခဲဖြစ်နေပြီး အမြန်ဆုံး ဖြေရှင်းပေးစေချင်တယ်လို့ တောင်သူတွေက ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
2019-02-27
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားတဲ့ ပူးပေါင်းကော်မတီကို ထောက်ခံကြောင်းနဲ့ အမြန်ဆုံးပြင်ဆင်ပေးရေး တောင်းဆိုတဲ့ ဆန္ဒပြပွဲကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ်၊ ငါးအိုးကျေးရွာမှာ ဒေသခံအင်အား ၅၀၀ ခန့်နဲ့ ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။
2019-02-26
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တည်ငြိမ်မှုရရှိဖို့ အရေးကြီးကြောင်းနဲ့ လက်ရှိ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး တည်ငြိမ်မှုရရှိအောင် ပူးပေါင်းဆောင်ရွက်နိုင်ရေးကို တရုတ်နိုင်ငံအနေနဲ့ တိုက်တွန်းလိုကြောင်း တရုတ်နိုင်ငံအထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော်ရှန်းက ပြောလိုက်ပါတယ်။
2019-02-26
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ မနေ့က ကျင်းပတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနည်းလမ်းမကျတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံကိုပြင်ဆင်ဖို့ လုပ်ဆောင်နေတဲ့ အခြေအနေ၊ လက်ရှိပြည်တွင်း ငြိမ်းချမ်းရေး အခြေအနေတွေ နဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ ပြန်လည်ခေါ်ယူရေးကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။
2019-02-26
ကုလသမဂ္ဂ မှုးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး UNODC က ထုတ်ပြန်တဲ့ ၂ဝ၁၈ခုနှစ် ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုနဲ့ ပတ်သက်တဲ့ အစီရင်ခံစာမှာ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ကို စွပ်စွဲထားတာတွေပါရှိတာကြောင့် ဒါဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ထိခိုက်နိုင်တယ်လို့ KIO အဖွဲ့က UNODC ကို အိပ်ဖွင့်ပေးစာပေးပို့လိုက်ပါတယ်။
2019-02-26
၁၃ဝဝ ပြည့် အရေးတော်ပုံမှာ ကျဆုံးခဲ့တဲ့ မန္တလေးအာဇာနည် ၁၇ ဦး၊ အနှစ် ၈ဝ ပြည့် အထိမ်းအမှတ်ပွဲကို မန္တလေးမြို့က အာဇာနည် ၁၇ ဦး ဗိမာန်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။