တစ်ရှုးငှက်ပျော စိုက်ပျိုးဖို့ မြေငှားထားတဲ့ တောင်သူတွေ သတင်းစာရှင်းလင်းပွဲပြုလုပ်


2019.02.27
tissue-banana-press-622.jpg ရှမ်းပြည်နယ်၊ မဘိမ်းမြို့နယ်မှာ တစ်ရှုးငှက်ပျောစိုက်ပျိုးမှု သတင်းစာရှင်းလင်းပွဲကို ၂၀၁၉၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့က ကျင်းပစဉ်
Photo: Khaymani Win/ RFA

ရှမ်းပြည်နယ်၊ မဘိမ်းမြို့နယ်မှာ တစ်ရှုးငှက်ပျောစိုက်ပျိုးဖို့အတွက် မြေယာငှားရမ်းထားရာမှာ စရံငွေသာပေးပြီး အပြည့်အ၀ ငွေပေးချေတာ မရှိတဲ့အတွက် အခက်အခဲဖြစ်နေပြီး အမြန်ဆုံး ဖြေရှင်းပေးစေချင်တယ်လို့ တောင်သူတွေက ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ရှမ်းပြည်နယ်၊ မဘိမ်းမြို့နယ်၊ ငါးအိုးကျေးရွာက တောင်သူ ၄၀ ခန့်ရဲ့ မြေဧက ၈၀၀ ခန့်ကို သီးစိန်ကုမ္ပဏီက ငှားရမ်းထားရာမှာ အခုလိုပြဿနာဖြစ်နေတယ်လို့ သိရပါတယ်။

တောင်သူတွေအနေနဲ့က ဒီလအတွက် စာချုပ်ချုပ်ရင် ငှားရမ်းခငွေ အမြန်ဆုံးရချင်တယ်လို့ မြေဧက ၅၀ ငှားရမ်းထားတဲ့ ပြချောင်းကျေးရွာက တောင်သူ ဦးမြင့်သိန်းဝင်းက ပြောပါတယ်။

တစ်ရှုး ငှက်ပျောစိုက်ပျိုးဖို့အတွက် ခြောက်နှစ်စာ ဌားရမ်းဖို့ ပြောထားပြီး ပထမနှစ်နှစ်မှာတော့ တစ်ဧကကို ငွေကျပ် တစ်သိန်း ခုနှစ်သောင်းနဲ့ ငှားရမ်းထားတာဖြစ်တယ်လို့ သိရပါတယ်။

တစ်ရှုး ငှက်ပျောစိုက်ပျိုးတာဟာ တောတောင်တွေ ခုတ်ထွင်ရှင်းလင်းတာဖြစ်လို့ တောပြုန်တီးမှာကို စိတ်ပူတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

သီးစိန်ကုမ္ပဏီက တာဝန်ခံ ကိုကြည်ထွန်းကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ချက်ချင်း မဖြေရှင်းနိုင်ပေမယ့် တောင်သူတွေနဲ့ ညှိနှိုင်းသွားမှာပါလို့ ပြောပါတယ်။ တစ်နှစ်ကို ငှားရမ်းခ ကျပ်တစ်သောင်း တိုးပေးသွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ငါးအိုးဒေသမှာ တစ်ရှုးငှက်ပျော စိုက်ပျိုးနေတဲ့ ကုမ္ပဏီ သုံးခုရှိပြီး ထွက်ရှိလာတဲ့ သီးနှံတွေကို တရုတ်ပြည်ကို တင်ပို့ရောင်းချတာဖြစ်တယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်း ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။