သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-10-30
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ ရွှေနဒီအမြန်ရေယာဉ်ပေါ်ကနေ ဖမ်းဆီးခေါ်ဆောင်လာပြီး လမ်းမှာ ပျောက်ဆုံးသွားသူတွေကို ရှာဖွေနေဆဲဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် AA က ပြောပါတယ်။
2019-10-30
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စစ်တရားရုံးက စစ်ဆေးဖို့အတွက် တပ်မတော်စုံစမ်းစစ်ဆေးရေးခုံရုံးက ဥပဒေအကြံပြုချက် တောင်းခံတာတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
2019-10-30
သြင်္ကန်ကာလအတွင်း တပ်မတော်ကို ဝေဖန်ထောက်ပြခဲ့တဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ငါးဦးကို ဒီနေ့ မရမ်းကုန်းမြို့နယ် တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် တစ်နှစ်စီ ချမှတ်လိုက်ပါတယ်။
2019-10-29
နိုဝင်ဘာလဆန်းပိုင်းမှာ KIO/KIA အပါအဝင် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့ ပဏာမအပစ်ရပ်စဲရေး စာချုပ် လက်မှတ်ထိုးဖို့ ပြင်ဆင်နေပြီ ဆိုတဲ့သတင်း ထွက်ပေါ်လာတဲ့နောက်မှာ ကချင်လူထုအကြား ထောက်ခံမှုတွေ ရှိပေမယ့် ဒီစာချုပ်ရဲ့ အာမခံချက် အပေါ်မှာတော့ သံသယ ရှိနေကြပါတယ်။
2019-10-29
မနေ့က နေပြည်တော်မှာကျင်းပတဲ့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ် NCA လေးနှစ်ပြည့် အခမ်းအနား အဖွင့်မိန့်ခွန်းမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၁၉၄၇ ပင်လုံနဲ့ ၂၁ ရာစုပင်လုံ ကွာတယ်လို့ ပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး နိုင်ငံရေးလေ့လာသူတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတချို့ရဲ့ အမြင်တွေကို RFA သတင်းထောက် ကိုနေမျိုးထွန်းက စုစည်းတင်ပြထားပါတယ်။
2019-10-29
ရွှေနဒီရှပ်ပြေးရေယာဉ်ပေါ်က ရဲနဲ့ တပ်မတော်သားတချို့ကို ရက္ခိုင့်တပ်တော် AA က ဖမ်းဆီး ခေါ်ဆောင်သွားအပြီးမှာ ရေယာဉ်လိုင်းတာဝန်ခံ အပါအဝင် ဝန်ထမ်းရှစ်ဦးကို နယ်ခြားစောင့် ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။
2019-10-29
တပ်မတော်က ကိုးကန့်၊ တအာင်း၊ ရခိုင်ဒေသတွေမှာ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက်ခိုက် တာတွေဟာ တွေ့ဆုံဆွေးနွေးပွဲတွေကို နောက်ပြန်ဆုတ်စေပြီး ရပြီးသား ယုံကြည်မှုတွေကိုလည်း ထိခိုက်စေနိုင်တာကြောင့် ထိုးစစ် အမြန်ရပ်တန့်ဖို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ဒီကနေ့ တောင်းဆို လိုက်ပါတယ်။
2019-10-29
မကွေးတိုင်းဒေသကြီးနဲ့ ချင်းပြည်နယ်က အလုပ်သမား ၂၆ ယောက်ဟာ တရုတ်နိုင်ငံမှာ အလုပ်သွားလုပ်တဲ့အခါ အလုပ်ချိန်တွေ ပိုခိုင်းတာ၊ စက်ရုံဝင်းအတွင်း ပိတ်လှောင်ထား တာတွေကြောင့် လစာမရဘဲ မြန်မာနိုင်ငံကို ပြန်လာကြပြီဖြစ်ပါတယ်။
2019-10-29
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွားအနီးမှာ တပ်မတော်နဲ့ ရခိုင့်တပ်တော် AA တို့ မနေ့ ညနေပိုင်းကတည်းက ဖြစ်ပွားတဲ့ တိုက်ပွဲဟာ ဒီကနေ့မနက်ပိုင်းအထိ ရပ်နားခြင်း မရှိသေးဘူးလို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦး က ပြောပါတယ်။
2019-10-28
ငှက်ဖျားရောဂါ တိုက်ဖျက်ရေးအတွက် တစ်နှစ်ကို အမေရိကန်ဒေါ်လာ သန်း ၂,၀၀၀ လောက် ပိုပြီး ရင်းနှီးမြှုပ်နှံလိုက်မယ်ဆိုရင် မျိုးဆက်တစ်ဆက်လောက်အတွင်း ကမ္ဘာမှာ ငှက်ဖျား မျိုးပြုတ်သွားနိုင်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
2019-10-28
NCA လေးနှစ်ပြည့်အခမ်းအနား အောင်မြင်စွာပြီးဆုံးခဲ့ပေမယ့် RCSS /SSA အဖွဲ့ အခမ်းအနားကို မတက်ရောက်တာကြောင့် အနာဂတ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ဘာတွေဖြစ်နိုင်ပါသလဲ။
2019-10-28
လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလ ၁၉၄၇ မှာ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ခဲ့တဲ့ ပထမ ပင်လုံညီလာခံနဲ့ လက်ရှိ အစိုးရကျင်းပနေတဲ့ ၂၁ ရာစုပင်လုံ ကွာခြားချက်ကို သတိပြုဖို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီနေ့ ပြောဆိုလိုက်ပါတယ်။
2019-10-28
အရှေ့အာရှပစိဖိတ်ရေးရာ အမေရိကန်နိုင်ငံ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်စတေးဝဲလ် David Stilwell ဟာ ဒီနေ့ ရခိုင်ပြည်နယ်မြောက်ပိုင်းကို သွားရောက်ခဲ့ပြီးတော့ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ အရပ်ဖက်အဖွဲ့အစည်း၊ ရိုဟင်ဂျာလူမှုအသိုင်းအဝိုင်းတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
2019-10-28
ရက္ခိုင့်တပ်တော် AA က မြောက်ဦးမြို့နယ်အနီး အဝေးပြေးကားတစ်စီးကို တားပြီး ဖမ်းဆီးခေါ်ဆောင်သွားတဲ့ထဲက ခရီးသည် ၁၂ ဦးကို ဒီကနေ့ ပြန်လွှတ်ပေးလိုက်ပြီး မီးသတ်တပ်ဖွဲ့ဝင် ၁၉ ဦးကိုတော့ ဆက်လက်ဖမ်းဆီးထားပါတယ်။
2019-10-28
အမြန်ရေယာဉ်ကို ရပ်တန့်ခိုင်းပြီး ရက္ခိုင့်တပ်တော် AA ဖမ်းသွားသူတွေထဲက ၁၅ ဦးကို ပြန်လည်ကယ်တင်နိုင် ခဲ့တယ်လို့ တပ်မတော်က RFA ကို ပြောပါတယ်။