သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-01-31
အမျိုးသားဒီမိုကရေစီပါတီ NLD ရဲ့ ဗဟိုစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်း ဦးဆောင်ပြီး အဖွဲ့ဝင် ၉ ဦးနဲ့ ဇန်နဝါရီလ ၂၉ ရက် မနေ့က ပြန်လည်ဖွဲ့စည်းလိုက်ပါတယ်။
2018-01-31
ရခိုင်ပြည်နယ်က ထွက်ပြေးသွားခဲ့တဲ့ ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲတခုကို မနေ့ညနေက ဝါရှင်တန်ဒီစီရှိ ဂျော့ဝါရှင်တန်တက္ကသိုလ်မှာ ကျင်းပခဲ့ပါတယ်။
2018-01-30
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက် ဟာ စစ်တွေနဲ့ မြောက်ဦး သွားကားလမ်းပေါ်မှာ ဇန်နဝါရီ ၃ဝ ရက်နေ့ မနေ့ညနေ ၄ နာရီခွဲခန့်က သတ်ဖြတ်ခံခဲ့ရပါတယ်။ ဦးဘိုဘိုမင်းသိုက် လိုက်ပါစီးနင်းတဲ့ကားဟာ ပုဏ္ဏားကျွန်းမြို့နယ် သရက်ချိုကျေးရွာအနီးမှာ လမ်းဘေးကို ထိုးကျသွားခဲ့ကြောင်းနဲ့ ကားပေါ်ကနေ လူ ၃ ဦးထွက်ပြေးသွားတာကို မြင် ရကြောင်း ဒေသခံတွေက ပြောပါတယ်။
2018-01-30
ရခိုင်ပြည်နယ်က ထွက်ပြေးသွားခဲ့တဲ့ ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာက လူသားချင်း စာနာမှုအရ ဝင်ရောက်အကာကွယ်ပေးဖို့ တာဝန်ရှိမှု Responsibility to Protect (R2P) ဆိုင်ရာ ဆွေးနွေးပွဲတခုကို မနေ့ညနေက ဝါရှင်တန်ဒီစီ ရှိ ဂျော့ဝါရှင်တန်တက္ကသိုလ်မှာ ကျင်းပခဲ့ပါတယ်။
2018-01-30
ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ မြန်မာနိုင်ငံ ပြန်ပို့ရေးလုပ်ငန်းစဉ်မှာ ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ပါဝင်ဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။
2018-01-30
တနိုင်းမြို့နယ်အတွင်း မြန်မာ့တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ပွဲကြောင့် ပယင်းမှော်တွေကနေ ထွက်ပြေးလာတဲ့သူ ၃၅၀၀ လောက်ထဲက အမျိုးသမီးနဲ့ ကလေးအယောက် ၂၀၀ ကျော်ဟာ ဒီနေ့ တနိုင်းမြို့နားက လမုံဂိတ်ကို ရောက်ရှိခဲ့ပါတယ်။
2018-01-30
မန္တလေးတိုင်းဒေသကြီးအတွင်းက လယ်ယာမြေပြဿနာတွေနဲ့ တရားရင်ဆိုင်နေရတဲ့ တောင်သူတွေ အရေးကို ဖြေရှင်းပေးနိုင်ဖို့အတွက် တိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံခွင့်ရဖို့ တောင်သူ ၅၀ လောက်က ဒီနေ့ မန္တလေးတိုင်းအစိုးရအဖွဲ့ရုံးရှေ့မှာ တောင်းဆိုခဲ့ကြပါတယ်။
2018-01-30
တနင်္သာရီတိုင်းဒေသကြီးအတွင်း တပ်မတော်က သိမ်းယူထားတဲ့မြေတွေထဲမှာ အသုံးမပြုတော့ တဲ့ မြေတွေကို မူလပိုင်ရှင်တွေထံ ပြန်လည်စွန့်လွှတ်ပေးဖို့ စီစဉ်ထားတာ ရှိ မရှိ တနင်္သာရီတိုင်း လွှတ်တော်မှာ ဒီနေ့ မေးမြန်းတာကို တိုင်းဝန်ကြီး ဦးမြင့်စန်းက တိတိကျကျဖြေကြားတာ မရှိဘူးလို့ မေးမြန်းတဲ့ ကိုယ်စားလှယ် ဦးရဲမြင့်ဆွေ က ပြောပါတယ်။
2018-01-30
ကရင်ပြည်နယ် ဘားအံမြို့မှာ ရဲတပ်ဖွဲ့ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြလို့ဆိုပြီး လယ်ယာမြေပြဿနာတွေ အမြန်ဆုံးဖြေရှင်းပေးဖို့ ဆန္ဒပြတောင်းဆိုပွဲ ဦးဆောင်သူကို ပုဒ်မ ၁၉ နဲ့ ဘားအံမြို့မရဲစခန်းက ဒီနေ့ အမှုဖွင့်လိုက်ပါတယ်။
2018-01-30
ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးဖို့ ဆန္ဒပြတာကြောင့် ကျောင်းထုတ်ခံထားရသူတွေ ကို ကျောင်းပြန်တက်ခွင့်ပေးဖို့ စစ်ကိုင်းပညာရေးတက္ကသိုလ်မှာ ကျောင်းသား ကျောင်းသူ ၁၀၀ ကျော်က ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2018-01-30
ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးဖို့ ဆန္ဒပြတောင်းဆိုမှုကြောင့် ဒီနေ့အထိ ကျောင်းသား ကျောင်းသူ ၄၈ ဦး ကို ကျောင်းရပ်နားတာဟာ သက်ဆိုင်ရာကျောင်းအလိုက် စီမံခန့်ခွဲရေးအဖွဲ့တွေရဲ့ လုပ်ဆောင်ချက်သာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်မင်း က ဒီနေ့ ပြောပါတယ်။
2018-01-30
ငွေကြေးမပြေလည်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေအတွက် ပညာရေး၊ ကျန်းမာရေး လိုအပ်ချက်တွေကို လူမှုရေးအရ ကူညီပံ့ပိုးပေးဖို့ အစီအစဉ် ရှိ မရှိ မေးခွန်းကို ဒီနေ့ ပြန်လည်စတင်ကျင်းပတဲ့ ဆဌမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး မှာ မေးမြန်းဖို့ တင်ထားတာ ပယ်ချခံလိုက်ရတယ်လို့ မင်္ဂလာတောင်ညွန့်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေး က ပြောပါတယ်။
2018-01-30
အစိုးရအနေနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို လူမှုရေးအရ ကူညီပံ့ပိုးပေးဖို့ အစီအစဉ် ရှိ၊ မရှိ မေးခွန်းကို ဒီနေ့စတင်ကျင်းပနေတဲ့ ဆဌမအကြိမ် ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးမှာ မင်္ဂလာတောင်ညွန့်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေး က မေးမြန်းဖို့ ကြိုတင်လျှောက်ထားတာကို လွှတ်တော် ဥက္ကဌက ပယ်ချလိုက်ပါတယ်။
2018-01-29
သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး အစိုးရ လက်ထက်ကနေ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ အကူးအပြောင်း ကာလအတွင်း မန္တလေးတိုင်းက အများပြည်သူပိုင် မြေကွက်တွေကို ကာလပေါက်ဈေးထက် အဆမတန် လျော့ပြီး ပုဂ္ဂလိကကို လွှဲပြောင်း ရောင်းချပေးခဲ့ပါတယ်။
2018-01-29
ရှမ်းပြည် မြောက်ပိုင်း နမ္မတူမြို့နယ်က “နမ္မတူဘော်တွင်း” ဟာ ဒုတိယ ကမ္ဘာစစ်မတိုင်ခင်က ကမ္ဘာမှာ ငွေနဲ့ခဲ အများဆုံးထွက်တဲ့ သတ္တုတွင်းကြီး ဖြစ်ပါတယ်။