ရိုဟင်ဂျာအရေးနဲ့ R2P ဆိုင်ရာ ဆွေးနွေးပွဲ ဝါရှင်တန်မှာ ကျင်းပ


2018.01.30
rohingya-r2p-discussion-622.jpg ရိုဟင်ဂျာအရေးနဲ့ R2P အလားအလာဆိုင်ရာ ဆွေးနွေးပွဲကို ဝါရှင်တန်ဒီစီမြို့က ဂျော့ဝါရှင်တန်တက္ကသိုလ်မှာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့က ကျင်းပခဲ့စဉ်
Photo: RFA

ရခိုင်ပြည်နယ်က ထွက်ပြေးသွားခဲ့တဲ့ ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာက လူသားချင်းစာနာမှုအရ ဝင်ရောက်အကာကွယ်ပေးဖို့ တာဝန်ရှိမှု Responsibility to Protect (R2P) ဆိုင်ရာ ဆွေးနွေးပွဲတခုကို မနေ့ညနေက ဝါရှင်တန်ဒီစီ ရှိ ဂျော့ဝါရှင်တန်တက္ကသိုလ်မှာ ကျင်းပခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာ ဝါရှင်တန်အခြေစိုက် မဟာဗျူဟာနဲ့ နိုင်ငံတကာရေးရာလေ့လာရေးအဖွဲ့ CSIS က လူ့အခွင့်အရေး ဆိုင်ရာ အကြီးတန်းသုတေသီ Shannon Green ၊ နယူးယောက်မြို့တက္ကသိုလ် CUNY က မဟာတန်းဆိုင်ရာ ပါမောက္ခ Thomas Weiss နဲ့ ဂျော့ဝါရှင်တန်တက္ကသိုလ်က နိုင်ငံတကာရေးရာ ပါမောက္ခ Amitai Etzioni၊ အမေရိကန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးနဲ့ ဥပဒေရေးရာဌာန ပါမောက္ခ Paul Williams တို့က တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

ဒီလိုဆွေးနွေးရာမှာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ R2P နဲ့ပတ်သက်လို့ အားနည်းချက် အားသာချက်တွေ၊ နိုင်ငံတကာဥပဒေတွေနဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုတွေကို သတ်မှတ်ချက်တွေ နဲ့ R2P နဲ့ပတ်သက်လို့ လက်ရှိရင်ဆိုင်နေရတဲ့ နိုင်ငံတကာပဋိပက္ခနဲ့ စိန်ခေါ်မှုတွေကို ပညာရှင်ရှုထောင့်ကနေ ဆွေးနွေး ခဲ့ကြပါတယ်။

မြန်မာနိုင်ငံက ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာက R2P နဲ့ သတ်မှတ်ဝင်ရောက်ဖြန်ဖြေတာ၊ စွက်ဖက် လာနိုင်တာ ရှိ မရှိ RFA က မေးမြန်းရာမှာတော့ အလားအလာသိပ်နည်းကြောင်း၊ အမေရိကန်မူဝါဒရေးရာမှာ လည်း မြန်မာအစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် စာနာနားလည်မှုရှိသူတွေကများပြီး အားမလိုအားမရဖြစ် သူတွေလည်းရှိကြောင်း ဖြေကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။