သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-09-10
မကြာသေးခင်က သမ္မတဦးသိန်းစိန်က ပြည်ပရောက်မြန်မာနိုင်ငံသားတွေကို ပြန်လာခွင့် ပြုမယ်လို့ ပြောကြားခဲ့တဲ့ စကားအရ ပြည်ပရောက် မြန်မာ နိုင်ငံသားတချို့ဟာ ပထမဆုံး အသုတ်အဖြစ် နက်ဖြန် တနင်္ဂနွေနေ့ ညနေမှာ ပုဂံလေကြောင်းလိုင်း လေယာဉ်နဲ့ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာဖို့ ရှိနေပါတယ်။
2011-09-09
အသက် မပြည့်သေးတဲ့ ကလေး စစ်သား ၂ ဦးကို သက်ဆိုင်ရာ စစ်တပ်တွေက ပြန်လည်လွှတ် ပေးလိုက်တဲ့ အတွက် ဒီကနေ့မိဘရပ်ထံ ပြန်လည် ရောက်ရှိလာကြောင်း သတင်းရရှိပါတယ်။
2011-09-09
နော်ဝေးအခြေစိုက် ဒီမိုကရက်တစ် မြန်မာအသံ DVB သတင်းဌာနအတွက် မြန်မာပြည်တွင်းမှာ တာဝန် ထမ်းဆောင်စဉ် ဖမ်းဆီး အကျဉ်းကျ ခံနေရတဲ့ သတင်းထောက် (၁၇) ဦး လွတ်မြောက်ရေးအတွက် FREE BURMA VJ အဖွဲ့က နိုင်ငံတကာမှာ ရှိကြတဲ့ မြန်မာအစိုးရ သံရုံးတွေရှေ့မှာ ဒီကနေ့ တောင်းဆို ဆန္ဒပြကြ ပါတယ်။
2011-09-09
ဒီကနေ့ ကျရောက်တဲ့ ၇၂ ကြိမ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို ဘင်္ဂလားဒေ့ရှ် နိုင်ငံ အခြေစိုက် ရခိုင်အမျိုးသမီးများ အစည်းအရုံး RWU က ဒက္ကားမြို့တော်မှာ ကျင်းပ ပြုလုပ် ခဲ့ပါတယ်။
2011-09-09
မြန်မာနိုင်ငံကို ရောက်နေတဲ့ အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ကိုယ်စားလှယ် Mr. Derek Mitchell ဟာ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ ဒီနေ့ တွေ့ဆုံခဲ့သလို မနက် ၉ နာရီ ကျော်လောက်မှာ အမျိုးသား လွှတ်တော်ကို သွားပြီး လွှတ်တော် ဥက္ကဌ အပါအဝင် အမတ်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သတင်းရရှိပါတယ်။
2011-09-08
သမ္မတအိုဘားမားရဲ့ ကိုယ်ပိုင် အသေးစားလုပ်ငန်း မြှင့်တင်ရေး အစီအစဉ်အရ အမေရိကန် ပြည်ထောင်စုမှာ အောင်မြင်နေတဲ့ အသေးစား ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို ဂုဏ်ပြု ချီးမြှင့်တဲ့ အထဲမှာ မြောက်ကယ်ရိုလိုင်းနား ပြည်နယ်မှာရှိတဲ့ Hissho Sushi ကုမ္ပဏီ ပိုင်ရှင် မြန်မာလူမျိုး ဦးဖီးလစ်မောင် ပါဝင်ခဲ့ပါတယ်။
2011-09-08
နေပြည်တော်မှာ အခု ကျင်းပနေတဲ့ လွှတ်တော် အစည်းအဝေးတွေဟာ လွတ်လပ်မှုနဲ့ ပြည်သူတွေရဲ့ အသံတွေ ထင်ဟပ်မှု မရှိသလောက် ဖြစ်နေတယ်လို့ လေ့လာသူတွေက ဝေဖန် ထောက်ပြနေကြ ပါတယ်။
2011-09-08
မြန်မာနိုင်ငံမှာ သတင်းမီဒီယာ လွတ်လပ်ခွင့် ပေးမယ်ဆိုရင် နိုင်ငံနဲ့ပြည်သူ အကျိုးထက် အပြစ်က ပိုများလာမှာ ဖြစ်တယ်လို့ မြန်မာ အစိုးရ ပြန်ကြားရေး ဝန်ကြီး ဦးကျော်ဆန်းက ပြောကြားလိုက် ပါတယ်။
2011-09-08
ဒီကနေ့ နေပြည်တော်မှာ ဆက်လက် ကျင်းပတဲ့ လွှတ်တော် အစည်းအဝေးတွေမှာ ဘာသာရေး၊ ယဉ်ကျေးမှုနဲ့ ကျေးရွာ အုပ်ချုပ်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ လွှတ်တော်အမတ်တွေက ပြောပါတယ်။
2011-09-08
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကွယ်လွန်သူ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့မြေး သမိုင်းပညာရှင် ဦးသန့်မြင့်ဦးနဲ့ ဒီ မနက်က တွေ့ဆုံခဲ့ပါတယ်။
2011-09-08
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က တိုင်းပြည် ကောင်းစားရေး အတွက် အစိုးရရဲ့ အသုံးချခံ ဖြစ်မှာကို မိမိအနေနဲ့ စိုးရိမ် ပူပန်ခြင်း မရှိကြောင်း ဒီကနေ့ RFA ကို ပြောဆိုလိုက် ပါတယ်။
2011-09-07
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစု ဘဝနဲ့ ဒီမိုကရေစီရေး လှုပ်ရှားတဲ့ ဘ၀ နှစ်လွှာကို ပေါင်းစပ်ပြီး ဒိန်းမတ်လူမျိုး အမျိုးသမီး ရုပ်ရှင် ဒါရိုက်တာ Anne Gyrithe Bonne ရိုက်ကူး တင်ဆက်တဲ့ Aung San Suu Kyi- Lady of No Fear ဒေါ်အောင်ဆန်းစုကြည်-ကြောက်ရွံ့ခြင်းကင်းသော အမျိုးသမီး လို့ အမည်ပေးထားတဲ့ မှတ်တမ်းတင် ရုပ်ရှင်ကားကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ရှိတဲ့ နိုင်ငံခြား သတင်းထောက်များ အသင်းမှာ မနေ့က ပြသသွားပါတယ်။
2011-09-07
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူး ကိုယ်စားလှယ် Mr. Derek Mitchell အနေနဲ့ မြန်မာနိုင်ငံကို ပထမဆုံး အကြိမ် အဖြစ် သွားရောက်ခွင့် ရရှိတဲ့ ခရီးစဉ် ဖြစ်လို့ ဝမ်းသာ ကြိုဆိုကြောင်း၊ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကတ် ကင့်ဘဲလ်က ပြောကြားလိုက်ပါတယ်။
2011-09-07
ပဲခူးတိုင်း အနောက်ခြမ်း ပြည်မြို့မှာ အရွယ်မရောက်သေးတဲ့ ကလေးတွေကို အလုပ်အကိုင် ရမယ်လို့ ပြောဆို စည်းရုံးပြီး စစ်တပ် စုဆောင်းရေးတွေဆီ ပို့လိုက်တဲ့ အမျိုးသမီး တဦးကို ကလေးမိဘတွေက လူကုန်ကူးမှုနဲ့ တရားစွဲထားပါတယ်။
2011-09-07
မြန်မာအစိုးရက စက်တင်ဘာ (၅) ရက်နေ့မှာ စတင်ဖွဲ့စည်းလိုက်တဲ့ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အနေနဲ့ နယ်စပ် တိုင်းရင်းသားဒေသ အတွင်းက လူ့အခွင့်အရေး ချိုးဖေါက်ခံနေရတာတွေကို တကယ်ပဲ လွတ်လွတ် လပ်လပ် စုံစမ်းဖေါ်ထုတ်မှာလား ဆိုတာကို တိုင်းရင်းသား လူ့အခွင့်အရေး အဖွဲ့တွေက သံသယ ရှိနေကြပါတယ်။