ဒေါ်အောင်ဆန်းစုကြည် ဦးသန့် မြေးနဲ့ တွေ့ဆုံ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကွယ်လွန်သူ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့မြေး သမိုင်းပညာရှင် ဦးသန့်မြင့်ဦးနဲ့ ဒီ မနက်က တွေ့ဆုံခဲ့ပါတယ်။

2011.09.08
assk-press2-305 ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားနှင့် သြဂုတ်လ ၂၄ ရက်နေ့ ညနေမှာ တွေ့ဆုံ ဆွေးနွေးပြီး သတင်းထောက်တွေရဲ့ အမေးကို ဒေါ်အောင်ဆန်းစုကြည် ဖြေဆိုနေစဉ်။ ဓါတ်ပုံ - NLD
NLD

ဒေါ်အောင်ဆန်းစုကြည်ဟာ ဦးသန့်မြင့်ဦး အပြင် Future မဂ္ဂဇင်း အယ်ဒီတာ အဖွဲ့နဲ့ရော ပြင်သစ် အလွတ် သတင်းစာဆရာ တဦးနဲ့ပါ တွေ့ဆုံတယ်လို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။ အားလုံးကို နာရီဝက်ခန့်စီ အချိန်ပေး တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် Derek Mitchell နဲ့လာမယ့် တနင်္လာနေ့မှာ တွေ့ဆုံမယ်လို့လည်း ဦးအုန်းကြိုင်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ တွေ့ဆုံခဲ့တဲ့ သမိုင်းပညာရှင်နဲ့ စာရေးဆရာ ဦးသန့်မြင့်ဦး ရေးသားတဲ့ Where China Meets India: Burma and the New Crossroads of Asia - တရုတ်နဲ့ အိန္ဒိယ ဆုံချက်- မြန်မာနိုင်ငံနဲ့ အာရှ ဖြတ်သန်းတဲ့ လမ်းသစ် စာအုပ်ကို ဒီလ ၁၃ ရက်မှာ တကမ္ဘာလုံးကို ဖြန့်ချီပါမယ်။

ဒီစာအုပ်ဟာ Amazon online စာအုပ်ဆိုင်မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ရောင်းအကောင်းဆုံး နံပါတ်-၁ စာအုပ် ဖြစ်ပြီး အာအက်ဖ်အေက ထုတ်လွှင့်တဲ့ မိတ်ဆွေများ အတွက် စာလက်ဆောင် ကဏ္ဍမှာ ဖော်ပြဖူးတဲ့ The River of Lost Footsteps ခြေရာဖျောက်မြစ် ဟာလည်း မြန်မာနိုင်ငံနဲ့ ဆိုင်တဲ့ စာအုပ် စာရင်းမှာ အရောင်းရဆုံး တအုပ် ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။