အိုဘားမားရဲ့ အသေးစားလုပ်ငန်း မြှင့်တင်ရေးမှာ မြန်မာ ဆူရှီကုမ္ပဏီပိုင်ရှင် ဂုဏ်ပြုခံရ

သမ္မတအိုဘားမားရဲ့ ကိုယ်ပိုင် အသေးစားလုပ်ငန်း မြှင့်တင်ရေး အစီအစဉ်အရ အမေရိကန် ပြည်ထောင်စုမှာ အောင်မြင်နေတဲ့ အသေးစား ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို ဂုဏ်ပြု ချီးမြှင့်တဲ့ အထဲမှာ မြောက်ကယ်ရိုလိုင်းနား ပြည်နယ်မှာရှိတဲ့ Hissho Sushi ကုမ္ပဏီ ပိုင်ရှင် မြန်မာလူမျိုး ဦးဖီးလစ်မောင် ပါဝင်ခဲ့ပါတယ်။

2011.09.08

ဦးဖီးလစ်မောင် ကို အမေရိကန် သမ္မတ ကတော် မစ်ရှဲလ် အိုဘားမားရဲ့ အထူး ဧည့်သည်တော် အဖြစ် မနေ့က အိမ်ဖြူတော်ကနေ ဖိတ်ကြားခဲ့တာပါ။

အမေရိကန် ပြည်ထောင်စုမှာ အလုပ်လက်မဲ့ ပြသနာ အကြီးအကျယ် ရင်ဆိုင်နေရတာနဲ့ ပတ်သက်လို့ အစိုးရ အနေနဲ့ ဖြေရှင်း ဆောင်ရွက်မယ့် အစီအစဉ်ကို လွှတ်တော်မှာ သမ္မတက မိန့်ခွန်း ပြောကြားမှာ ဖြစ်ပါတယ်။

အဲဒီ လွှတ်တော်မှာ သမ္မတရဲ့ အထူးဧည့်သည်တော် အဖြစ် တက်ရောက်ရမှာ ဖြစ်တယ်လို့ ဦးဖီးလစ်မောင်က အာအက်ဖ်အေကို ပြောပါတယ်။

ဦးဖီးလစ်မောင်ဟာ အမေရိကန် ပြည်ထောင်စုကို ၁၉၈၉ ခုနှစ်မှာ စတင် ရောက်ရှိချိန်က လက်ထဲမှာ ၁၃ ဒေါ်လာပဲ ရှိခဲ့ပြီး၊ အဲဒီကနေ အဆင့်ဆင့် ကြိုးစား ရုန်းကန်ခဲ့ပြီး အခုဆိုရင် ပြည်နယ်ပေါင်း ၂၈ ပြည်နယ်မှာ သူရဲ့ ဆူရှီ ကုမ္ပဏီခွဲပေါင်း ၄၀၀ ကျော်ရှိသွားပြီလို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-12-16 00:35

ဦးဖီလစ်မောင်လိုလူမျိုးကို အများကြီးအားကျတယ်ဗျာ ကျွန်တော်လည်း ဦးဖီလစ်မောင်လိုလူမျိုးကို အမေရိကန်သမ္မတကတောင် ဖိတ်ကြားတယ်ဆိုတော့ ဦးဖီလစ်မောင်အတွင်သာမက မြန်မာနိုင်ငံသားအတွက်တောင် ဂုဏ်ယူစရာတစ်ခုပါဗျာ