ပြည်မြို့က လူကုန်ကူးမှု

ပဲခူးတိုင်း အနောက်ခြမ်း ပြည်မြို့မှာ အရွယ်မရောက်သေးတဲ့ ကလေးတွေကို အလုပ်အကိုင် ရမယ်လို့ ပြောဆို စည်းရုံးပြီး စစ်တပ် စုဆောင်းရေးတွေဆီ ပို့လိုက်တဲ့ အမျိုးသမီး တဦးကို ကလေးမိဘတွေက လူကုန်ကူးမှုနဲ့ တရားစွဲထားပါတယ်။

2011.09.07
army_post_305_z.jpg ရှေ့တန်း စစ်စခန်းတစ်ခုတွင် အစိုးရတပ်ဖွဲ့က စစ်သားများ ကို တွေ့ရစဉ်
Photo: AFP

ပြည်မြို့မှာ နေထိုင်တဲ့ ဒေါ်မြင့်မြင့်ချို ဆိုသူဟာ ဆယ်ကျော်သက်ရွယ် လူငယ်တွေကို အလုပ် ကောင်းကောင်းရမယ်၊ စစ်တပ်ထဲဝင်ရင်လည်း လစာကောင်းမယ်၊ မိဘတွေကိုလည်း နေစရာ အိမ်ခန်းပေးနိုင်မယ် ဆိုပြီး ပြောဆိုစည်းရုံးခဲ့တာလို့ သိရပါတယ်။

အဲဒီထဲမှာ စိတ်ဝင်စားတဲ့ လူငယ်တွေကို စစ်သား စုဆောင်းရေးက အကြပ်တပ်သား တချို့ဆီ လွှဲပေးခဲ့သလို၊ ဒီအတွက်လည်း သူက စစ်တပ်ကနေ အခကြေးငွေ ရတယ်လို့ ကလေးစစ်သား အဖြစ် စုဆောင်းခံလိုက်ရသူတွေရဲ့ မိဘတွေက ပြောပါတယ်။

အဲဒီလို စည်းရုံးခံရပြီး စစ်တပ်ထဲ အပို့ခံရ၊ စားသောက်ဆိုင်ဆီ အပို့ခံရတဲ့ လူငယ်တွေကတော့ မောင်ကောင်းထက်မောင်၊ မောင်ချစ်သဲကို၊ မောင်နိုင်အောင်နဲ့ မမိုးမိုးခိုင်တို့ ဖြစ်ပါတယ်။ ဒီလူငယ်တွေဟာ အသက် (၁၈) နှစ်အောက် ကလေးတွေ ဖြစ်ပြီး၊ အလုပ်အကိုင် ကောင်းကောင်း တခုရဖို့ ဆန္ဒ ပြင်းပြနေသူတွေ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီ ၄ ယောက်ထဲက မောင်ချစ်သဲကို ဆိုရင် အခုချိန်အထိ မုံရွာမြို့ စစ်လေ့ကျင့်ရေးကျောင်းမှာပဲ ရှိနေသေးတယ်လို့ သူ့မိဘက ပြောပါတယ်။

သူတို့တတွေ စည်းရုံးသိမ်းသွင်းခံရပုံ၊ မိဘတွေဆီ ပြန်ရောက်အောင် ကြိုးပမ်းခဲ့ရပုံနဲ့ တရားဥပဒေအရ အရေးယူဖို့ ဆောင်ရွက်နေပုံတွေကို မိသားစုဝင်တွေနဲ့ ကာယကံရှင် ကလေးတွေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ဆက်သွယ် မေးမြန်း တင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။