အထူး ကိုယ်စားလှယ် Derek Mitchell ခရီး အမေရိကန် အစိုးရ အပြုသဘော ရှုမြင်
2011.09.07

(Photo: AFP)
ဝါရှင်တန် ဒီစီ မြို့တော်မှာ ကျင်းပတဲ့ ဟောပြောပွဲ အခမ်းအနားတခုမှာ သတင်းထောက်တွေက Mr. Mitchell ရဲ့ မြန်မာနိုင်ငံ ခရီးအကြောင်း ဘယ်လို သဘောရပါလဲလို့ မေးမြန်းကြတဲ့ အခါမှာ သူက-
“Mr. Derek Mitchell ဟာ အထူး ကိုယ်စားလှယ် အနေနဲ့ အစိုးရ အဖွဲ့ဝင်တွေနဲ့ရော
ဒေါ်အောင်ဆန်းစုကြည် အပြင် တိုင်းရင်းသား အဖွဲ့တွေက ကိုယ်စားလှယ်တွေနဲ့ပါ တွေ့ဆုံ ဆွေးနွေးမယ်လို့ သိရှိထားပါတယ်၊ အဲသလို တွေ့ဆုံတဲ့အခါ ဘာတွေ ပြောဆို ဆွေးနွေးနိုင်မယ် ဆိုတာကို ကျနော်လည်း ခင်ဗျားတို့ နည်းတူ မျှော်လင့်တကြီး သိချင်နေပါတယ်လို့ လက်ထောက်
နိုင်ငံခြားရေး ဝန်ကြီးက ဖြေကြားသွားပါတယ်။
ဒါ့အပြင် အမေရိကန် အစိုးရ အနေနဲ့ ဆက်လက်ပြီး စူးစမ်းလေ့လာ သိရှိလိုတဲ့ ကိစ္စရပ် တချို့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ မြင်တွေ့ခဲ့ရတယ် ဆိုတာကိုတော့ ပြောချင်ပါတယ်လို့ လည်း မစ္စတာ ကတ် ကင့်ဘဲလ်က ပြောသွားပါတယ်။