သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-08-24
တိုးတက်လာတဲ့ကဏ္ဍတွေထဲမှာ ပညာရေးကဏ္ဍလည်း ပါဝင်တယ်လို့ နေပြည်တော်မှာ ဒီကနေ့ကျင်းပတဲ့ ၂ဝ၁၈ ခုနှစ် ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။
2018-08-24
မူးယစ်ဆေးဝါး ထုတ်လုပ် ဖြန့်ချိ၊ ရောင်းဝယ်သုံးစွဲနေတာတွေကို အစိုးရက ထိထိရောက်ရောက် နှိမ်နင်းဆောင်ရွက်နေတာကြောင့် ရုပ်ရှင်လောကသား အနုပညာရှင်တွေအနေနဲ့ မူးယစ်ဆေးဝါး ရှောင်ကြဉ်ကြဖို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2018-08-24
မန္တလေး ပြည်ကြီးတံခွန်မြို့နယ်မှာရှိတဲ့ Grand Royal အရက်ချက်စက်ရုံက အလုပ်သမား ၈ဝ ကျော် အလုပ်ထုတ်ခံရတဲ့အတွက် ပြန်လည်ခန့်ထားရေး ညှိနှိုင်းပေးဖို့ မန္တလေးတိုင်းအစိုးရရုံးကို လာရောက်တဲ့ အလုပ်သမားခေါင်းဆောင်တွေနဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးတို့ ဒီနေ့ တွေ့ဆုံခဲ့ပါတယ်။
2018-08-24
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် တာလောကြီးရွာက ကချင်လွတ်မြောက်ရေးအဖွဲ့ KIA က ဖမ်းဆီးသွားခဲ့တဲ့ ရွာသား ၄ ဦးထဲက ၃ ဦး ပြန်လွတ်လာတယ်လို့ တာလောကြီးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းထူးက RFA ကို ဒီနေ့ ပြောပါတယ်။
2018-08-23
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က မွတ်စလင်ဒုက္ခသည်တွေအပေါ် ကျူးလွန်ခဲ့တာတွေနဲ့ ပတ်သက်ပြီး မြန်မာအာဏာပိုင်တွေကို နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC ကိုပို့ဖို့ အာဆီယံ လွှတ်တော်အမတ်တွေက ဒီနေ့ သြဂုတ်လ ၂၄ ရက်နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
2018-08-23
ပထမဆုံးအကြိမ် ကမ္ဘာလုံးဆိုင်ရာ မသန်စွမ်းသူများအရေး ဆွေးနွေးပွဲ (Global Disability Summit 2018) ကို ပြီးခဲ့တဲ့ ဇူလိုင်လနောက်ဆုံးပတ်က အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာကျင်းပရာမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် မွေးရာပါ မသန်စွမ်းသူ မစုပုံချစ် တက်ရောက်ဖို့ ရွေးချယ်ခံခဲ့ရပါတယ်။
2018-08-23
မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး အမြဲတမ်းကော်မတီ FPNCC က နိုင်ငံအနှံ့က ရေဘေးဒုက္ခသည်တွေအတွက် အလှူငွေကျပ်သိန်းပေါင်း လေးထောင်ကျော်ကို ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC မှာ ဒီနေ့ ပေးအပ်လှူဒါန်းခဲ့ပါတယ်။
2018-08-23
အလုပ်သမားအငြင်းပွားမှုဖြစ်ရင် ထောင်ဒဏ်ချမှတ်နိုင်တဲ့အထိ အရေးယူနိုင်ဖို့အတွက် အမျိုးသားလွှတ်တော်က အတည်ပြုထားတဲ့အချက်ကို ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီက ဒီနေ့ ပယ်ဖျက်လိုက်ပါတယ်။
2018-08-23
ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ်မှာရှိတဲ့ ဖုယွင်အထည်ချုပ်စက်ရုံက အလုပ်ထုတ်ခံရတဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ဝင် အယောက် ၃ဝ ကို အလုပ်ရှင်က ပြန်မခန့်တော့ဘူးလို့ ပြောတာကြောင့် အလုပ်သမားတွေ ဆန္ဒပြကြမယ်လို့ သိရပါတယ်။
2018-08-23
NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေး ရှေ့နေဦးကိုနီ လုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး တရားခံအဖြစ် ဖမ်းဆီးထားသူတွေကို ဒီကနေ့ ၆၉ ကြိမ်မြောက် ရုံးထုတ်ခဲ့ပါတယ်။
2018-08-23
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက နေရာသုံးခုမှာ လက်လုပ်မိုင်းတွေ ပေါက်ကွဲ ခဲ့တဲ့ကိစ္စနဲ့ ဆက်နွယ်ပြီး စစ်တွေမြို့ခံ ကိုမောင်အေးဝင်းနဲ့ ကိုမောင်ဦးမြင့် တို့ကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ စွဲချက်တင်ဖို့ စစ်တွေခရိုင် တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။
2018-08-23
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့်သြဂုတ်လ ၂၈ ရက်နေ့မှာ ရန်ကုန်မြို့က တက္ကသိုလ် ကျောင်းသူကျောင်းသားတွေနဲ့ ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမမှာ တွေ့ဆုံပြီး စာပေစကားဝိုင်း ကျင်းပသွားဖို့ရှိတယ်လို့ သိရပါတယ်။
2018-08-23
ရှမ်းပြည်နယ် တောင်ကြီးမြို့ GE ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ထဲမှာ အသတ်ခံခဲ့ရတဲ့ ဒုအရာခံဗိုလ်နဲ့ တပ်ကြပ်ကြီး အပါအဝင် လေးယောက်ကို မနေ့ နေ့လည်ပိုင်းက တောင်ကြီးမြို့ တိုင်းရင်းသားပေါင်းစုံ သုသာန်မှာ သြင်္ဂိုဟ်ခဲ့တယ်လို့ သိရပါတယ်။
2018-08-23
အလုပ်ရှင်ဟာ အလုပ်သမားတွေကို လာမယ့် စက်တင်ဘာလ ၁၅ ရက်နေ့မှာ လစာ လာရောက်ပေးချေမယ်လို့ ပခုက္ကူမြို့နယ် အလုပ်သမား ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ထံ အကြောင်းကြားစာပေးပို့လိုက်ပါတယ်။
2018-08-23
ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ် ဖုယွင်အထည်ချုပ်စက်ရုံမှာ အလုပ်သမားသမဂ္ဂအဖွဲ့ဝင် အလုပ်သမား အယောက် ၃၀ အလုပ်ထုတ်ခံရတဲ့ကိစ္စကို အလုပ်ရှင်ကိုယ်စားလှယ်နဲ့ အလုပ်သမားတွေ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။