ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် UWSA ဝ,အဖွဲ့ရဲ့အမြင်
2018.08.23
မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး အမြဲတမ်းကော်မတီ FPNCC က နိုင်ငံအနှံ့က ရေဘေးဒုက္ခသည်တွေအတွက် အလှူငွေကျပ်သိန်းပေါင်း လေးထောင်ကျော်ကို ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC မှာ ဒီနေ့ ပေးအပ်လှူဒါန်းခဲ့ပါတယ်။ မြောက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ စုပေါင်းပြီး ရေဘေးဒုက္ခသည်တွေအတွက် အလှူငွေပေးအပ်ခဲ့တာနဲ့ လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် သတင်းထောက်တွေက UWSA ဝ,အဖွဲ့ရဲ့ ဆက်ဆံရေးရုံးတာဝန်ခံကို မေးမြန်းခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုအောင်သိင်္ခ ကောက်နှုတ် တင်ပြထားပါတယ်။