ကမ္ဘာလုံးဆိုင်ရာ မသန်စွမ်းသူများအရေးဆွေးနွေးပွဲတက်ခွင့်ရမစုပုံချစ်


2018.08.23

ပထမဆုံးအကြိမ် ကမ္ဘာလုံးဆိုင်ရာ မသန်စွမ်းသူများအရေး ဆွေးနွေးပွဲ (Global Disability Summit 2018) ကို ပြီးခဲ့တဲ့ ဇူလိုင်လနောက်ဆုံးပတ်က အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာကျင်းပရာမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် မွေးရာပါ မသန်စွမ်းသူ မစုပုံချစ် တက်ရောက်ဖို့ ရွေးချယ်ခံခဲ့ရပါတယ်။ ခြေထောက်တချောင်းသာ အကောင်းပကတိနဲ့ မွေးဖွားလာတဲ့ မစုပုံချစ်ဟာ သြစတြေးလျအစိုးရက ပေးတဲ့ ပညာသင်ဆု ရရှိပြီး The University of New South Wales ကနေ မူဝါဒရေးရာ လေ့လာမှုဆိုင်ရာ မဟာဘွဲ့ ဆွတ်ခူးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ မစုပုံချစ်ရဲ့ဖြတ်သန်းမှုတချို့ကို RFA ဝိုင်းတော်သူ မခက်မာက တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။