သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-05-21
မကြာခင်ကျင်းပတော့မယ့် ဒုတိယအကြိမ် ပင်လုံညီလာခံမှာ NCA လက်မှတ်ရေးထိုးထားခြင်း မရှိသေးတဲ့ အဖွဲ့တွေကိုပါ ဖိတ်ကြားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေရှိတယ်ဆိုပေမယ့် တကယ်တမ်း ဖိတ်ကြားရာမှာ အဖိတ်ကြားမခံရသေးတဲ့ အဖွဲ့တွေရှိနေပါတယ်။
2017-05-21
ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောမြို့ နယ်တွေမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ရပ်ကျေးအုပ်ချုပ်ရေး မှူး ၁ ဦး ခေါင်းဖြတ်သတ်ခံရသလို ယာအိမ်မှူး တစ်ဦးက ပျောက်ဆုံးနေပါတယ်။ အလားတူ သတ်ဖြတ်ခံရမှုတွေလည်း အရင်က ရှိခဲ့ဖူးပါတယ်။
2017-05-21
တပ်မတော် နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIA တို့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ပြီးခဲ့တဲ့ သုံးလေး ရက်ကစပြီး တိုက်ပွဲတွေ ရက်ဆက်ဆိုသလို ဖြစ်နေ ပါတယ်။
2017-05-21
ငြိမ်းချမ်းရေးအမြန်ဆုံးရရှိရေးအတွက် ရိုးသားစွာနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ ကချင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင် က တိုက်တွန်းလိုက်ပါတယ်။
2017-05-21
တပ်မတော် နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIA တို့ ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး ဖားကန့် မြို့နယ်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ဒီနေ့မှာ လည်း ကာမိုင်းနဲ့ မိုးကောင်းကြားမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ KIA တပ်ရင်း ၆ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး တန်ဆန်း က ပြောပါတယ်။
2017-05-21
ကချင်ပြည်နယ်အတွင်းက ပုဂ္ဂလိက လုပ်ငန်းမျိုးစုံမှာ အစိုးရရဲ့ခွင့်ပြုချက်နဲ့ လာရောက်လုပ်ကိုင်နေထိုင်နေတဲ့ တရုတ်နိုင်ငံသား အယောက် နှစ်ထောင်ကျော်ရှိတယ် လို့ ပြည်နယ်လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင်က ပြောပါတယ်။
2017-05-21
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် ၊ ရေဆိုင်ကျေးရွာ မှာရှိတဲ့ အဝါရောင် မျိုးဆက် လူငယ်ပရဟိတမိဘမဲ့နဲ့ ဆင်း ရဲနွမ်းပါးကလေးငယ်တွေကို စာသင်ပေးတဲ့ ဘုန်းတော် ကြီးကျောင်းမှာ ကျောင်းသားတွေကို ဝါးစိမ်းတုတ်နဲ့ ရိုက်နှက်ခဲ့တဲ့ သံဃာ ၄ ပါးကို မိဘအုပ်ထိန်းသူတွေက လပွတ္တာ တရားရုံးမှာ တရားစွဲဆို လိုက်ပါတယ်။
2017-05-21
မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်က ဆရာတော် ဦးဝီရသူရဲ့ ဟောပြောချက်တွေ ကို ဓမ္မ၊ အဓမ္မ ခွဲခြားပေးဖို့အတွက် နိုင် ငံတော် သံဃာ့ မဟာနာယကအဖွဲ့ဝင် ဆရာတော်တွေကို တောင်းဆိုမယ့် လက်မှတ်ကောက်ခံရေး လှုပ်ရှားမှုကို ဒီကနေ့ ရန်ကုန် မြို့ တောင်ဥက္ကလာပ မြို့နယ်မှာ အဓမ္မဝါဒဆန့်ကျင်ရေးကော် မတီ နဲ့ ရွှေဝါရောင်သံဃာတွေ စုပေါင်းပြီး ပြုလုပ်နေ ပါတယ်။
2017-05-21
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် ကွန်ကော်ကျေးရွာအုပ်စုမှာ TNLA နဲ့ RCSS /SSA တို့အကြား ဒီနေ့ တိုက်ပွဲဖြစ်ပွားတဲ့အတွက် ကျောက်မဲ မြို့ပေါ်ကို တိမ်းရှောင်လာတဲ့ စစ်ဘေးဒုက္ခသည် တစ်ရာကျော်ရှိပြီလို့ ကျောက်မဲမြို့ စစ်ဘေးရှောင်ကော်မတီ က တာဝန်ရှိသူကပြောပါတယ်။
2017-05-21
ရှမ်းပြည်ပြည်လည်ထူထောင်ရေးကောင်စီ RCSS/SSA ရှမ်းပြည်တပ်မတော် တောင် ပိုင်းအဖွဲ့ဟာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ်ကို တက်ရောက် မှာဖြစ်ပေမယ့် ညီလာခံကရရှိတဲ့ သဘောတူညီချက်တွေ ကို ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း တစ်ရပ် အဖြစ် ချုပ်ဆိုရာမှာ ပါဝင်လက်မှတ်ရေးထိုးမှာ မဟုတ်ဘူးလို့ ဒီကနေ့မှာကျရောက်တဲ့ ၅၉ နှစ်မြောက် ရှမ်းတော် လှန်ရေးနေ့အဖြစ် ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပါရှိပါတယ်။
2017-05-21
မေလ ၂ဝ ရက်နေ့ည မေးပါရစေဦး အစီအစဉ်မှာ" တရားဥပဒေစိုးမိုးရေးအတွက် ဘာတွေ လိုအပ်နေ လဲ " ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဒေါ်ဖြူဖြူသင်း (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) နဲ့ ဒေါ်နီလာသိန်း (၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) တို့က ပင်တိုင် ဆွေးနွေး ကြမှာ ဖြစ်ပါတယ်။
2017-05-20
NCA အပစ်ရပ် လက်မှတ်မရေးထိုးကြ ရသေးတဲ့ တိုင်းရင်းသား လက်နက် ကိုင်တော်လှန်ရေးအဖွဲ့တွေကို ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ် အစည်းအဝေးတက်ရောက်ဖို့ အထူး ဖိတ်ကြားသူ အနေနဲ့ မနေ့က ဖိတ်ကြားလိုက်ပေမယ့် တအာင်း ပလောင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA၊ ရက္ခိုင့်တပ်မတော် AA နဲ့ ကိုးကန့်အဖွဲ့ MNDAA အဖွဲ့တွေကို ဖိတ်ကြားခံရခြင်း မရှိဘူးလို့ ပြောပါတယ်။
2017-05-20
ချင်းပြည်နယ် ကန်ပက်လက်မြို့နဲ့ မကွေး တိုင်းဒေသကြီး ဆောမြို့နယ်ကြားက သလင်းချောင်းမှာ တည်ဆောက်ထားတဲ့ ချီစုမ်းတံတား အရည်အသွေး မပြည့်မီတဲ့ကိစ္စကို အစိုးရအနေနဲ့ စိစစ်ပေး ဖို့ ဒေသခံ ၁ဝဝ ကျော်က ဒီကနေ့ ကန်ပက်လက်မြို့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။
2017-05-20
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်မှာ မနေ့ က လေပြင်းတိုက်ခတ်ခဲ့တာကြောင့် ကျေးရွာတချို့ က နေအိမ် ၁၇ဝ ကျော် ပျက်စီးခဲ့ပြီး လူတစ်ဦး မိုးကြိုးထိမှန်သေဆုံးကာ တစ်ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ မြို့နယ်ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီး ဌာနရဲ့ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်စွာ က ပြောပါတယ်။
2017-05-20
သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရ ဦးအောင်ကို နုတ်ထွက်ပေးဖို့ မြန်မာဗုဒ္ဓ ဘာသာ နိုးကြားရေးအသင်း(ရန်ကုန်) က ဦးဆောင်တဲ့ သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ် လူ(၃ဝဝ ) လောက်က တောင်းဆိုလိုက်ပါတယ်။