ကန်ပက်လက်မြို့နယ် နဲ့ ဆောမြို့နယ်ကြားက တံတားကိစ္စ ဆန္ဒပြ


2017.05.20
chisone-bridge-620.jpg ချင်းပြည်နယ်က ဆိုင်နန်ရွာနဲ့ မကွေးတိုင်းဒေသကြီး ဆွဲလွဲကျင်းကျေးရွာကို ဆက်သွယ်ထားတဲ့ ချီစုမ်းတံတား ကို တွေ့ရစဉ်
.

ချင်းပြည်နယ် ကန်ပက်လက်မြို့နဲ့ မကွေးတိုင်းဒေသကြီး ဆောမြို့နယ်ကြားက သလင်းချောင်းမှာ တည်ဆောက် ထားတဲ့ ချီစုမ်းတံတား အရည်အသွေး မပြည့်မီတဲ့ကိစ္စကို အစိုးရအနေနဲ့ စိစစ်ပေးဖို့ ဒေသခံ ၁ဝဝ ကျော်က ဒီကနေ့ ကန်ပက်လက်မြို့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။

အဲဒီတံတားကို ဆွဲထားတဲ့ သံကြိုးတွေ၊ အသုံးပြုပစ္စည်းတွေဟာ ခိုင်မာမှုမရှိနိုင်တာကြောင့် လူတောင်မဖြတ်ရဲဘူးလို့ တံတားတည်ဆောက်ရေး စောင့်ကြည့်ရေးကော်မတီ ဒုတိယဥက္ကဌ ဦးနိုင်းကွီးက ပြောပါတယ်။

"အပေါ်မှာ သံကြိုးလေးတွေက သုံးမတ်အလုံး ဘယ်ဘက်မှာ ၄ ချောင်း ညာဘက်မှာ ၄ ချောင်း ၊ အောက်မှာက သုံးမတ်လုံးလောက်ပဲရှိတယ်၊ ဘယ်ဘက်မှာ တစ်ချောင်း ညာဘက်မှာ တစ်ချောင်း၊ အဆောက်အဦးတစ်ခု ဆောက်မယ်ဆိုရင် အောက်တန်းတွေက ကြီးကိုကြီးရမှာ အခုက တန်းနဲ့ဆင့်နဲ့က ရွယ်တူတွေဖြစ်နေ တယ်၊ ကြိုးရဲ့သေးငယ်မှုက တစ်ကြောင်းပေါ့၊ အောက်တန်းတွေ၊ အောက်ဆင့်တွေ ရဲ့ သေးငယ်မှုက တစ်ကြောင်းပေါ့၊ လူတောင်မှ ကူးဖို့အဆင်မပြေဘူး"

အဲဒီတံတားကို အရှည် ၂၆၇ ပေ၊ အကျယ် ၁ဝ ပေ ဆောက်ဖို့ သတ်မှတ်ထားပေမယ့် လက်တွေ့မှာတော့ အရှည် ၂၄၂ ပေနဲ့ အနံ ၇ ပေသာရှိတာကြောင့် ပြန်လည်စိစစ်ပေးဖို့ တောင်းဆိုတာဖြစ်ပါတယ်။

တံတားမှာ အသုံးပြုဖို့အတွက် သစ်တွေကို ခုတ်ယူတုန်းက တန် ၃ဝ လောက်ရှိပေမယ့် တကယ့်လက်တွေ့ အသုံးပြုထားတာတော့ ၄ တန်လောက်ပဲရှိတာကို တွေ့ရတယ်လို့လည်း ဦးနိုင်းကွီးက ပြောပါတယ်။

ပြည်ထောင်စုအစိုးရက တံတားတည်ဆောက်ဖို့အတွက် ရန်ပုံငွေ ကျပ်သိန်း ၁ဝ၆ဝ ကျော် ချထားပေးထား တာဖြစ်ပါတယ်။

ဒီကနေ့ ဆန္ဒပြရာမှာ အဲဒီတံတားကို  အသုံးပြုကြရမယ့် ကျေးရွာတွေဖြစ်တဲ့ ဆိုင်နန်၊ ဆေးကေး၊ စလင်းမင်းသား၊ ခန်နန်နဲ့ ပန်သာ စတဲ့ကျေးရွာက ဒေသခံတွေ ပါဝင်ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။