သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-09-11
ကားအဟောင်း ရှိသူတွေကို နိုင်ငံခြား ကနေ ကားအသစ် သွင်းခွင့်ပေးတော့ မယ်ဆိုတဲ့ အစိုးရရဲ့ ကြေညာချက် ကြောင့် ကားဟောင်း လိုက်လံဝယ်ယူ သူတွေ တဟုန်ထိုး များနေပြီး ကားဈေးနှုန်းတွေ ထိုးတက်သွားတယ်လို့ ရန်ကုန်က လုပ်ငန်းရှင်တဦးက ပြောပါတယ်။
2011-09-11
၂ဝ၁ဝ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် မဲဆန္ဒနယ်ကနေ အနိုင်ရရှိခဲ့တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP အမတ် ဦးအောင်ကျော်ဇံ ကို လွှတ်တော်ကိုယ်စားလှယ် အဖြစ်က ဖယ်ရှားလိုက်တဲ့ လုပ်ရပ်ဟာ နိုင်ငံရေးအရ ထိုးနှက်ချက်ဖြစ်တယ်လို့ RNDP ပါတီက လွှတ်တော်အမတ် ၁၅ ဦး လက်မှတ်ရေးထိုးပြီး ဒီကနေ့ သဘောထား ထုတ်ပြန်လိုက်ပါတယ်။
2011-09-11
မြန်မာအစိုးရသစ်အနေနဲ့ တိုင်းရင်းသားအင်အားစု တွေနဲ့ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ငြိမ်းချမ်းတဲ့ နည်းနဲ့ ဖြေရှင်း အဆုံးသတ်စေဖို့ စိတ်အားထက်သန်မှု ရှိနေကြောင်း မြန်မာပြည်ကို သွားရောက်ခဲ့တဲ့ EU ဥရောပသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေး မဟာမင်းကြီး Kristalina Georgieva က ဒီကနေ့ ဘန်ကောက်မြို့မှာ ပြောကြားလိုက်ပါတယ်။
2011-09-11
အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ မူဝါဒရေးရာ ညှိနှိုင်းရေးမှူး Derek Mitchell နဲ့ အဖွဲ့ဟာ ဒီကနေ့ ရန်ကုန်မြို့က လူမှုရေး အသင်းအဖွဲ့တွေကို သွားရောက်တွေ့ဆုံပြီး လက်ရှိ ဆောင်ရွက်နေမှု အခြေအနေတွေကို မေးမြန်းခဲ့ပါတယ်။
2011-09-11
အသက် ၁၁ နှစ်အရွယ် မိန်းကလေး ငယ်တဦးကို ကလေးအလုပ်သမား အိမ်စေအဖြစ် ခိုင်းစေရာမှာ အမျိုးမျိုး နှိပ်စက် ညှဉ်းပန်းတဲ့အတွက် အိမ်ရှင် ဖြစ်သူကို ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် ရဲစခန်းက ဖမ်းဆီးထားတယ်လို့ စုံစမ်း သိရှိရပါတယ်။
2011-09-11
၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၉ ရက် နေ့ စစ်တပ်က အာဏာသိမ်းချိန်မှာ သေနတ်ထိမှန် သေဆုံးခဲ့ရတဲ့ အခြေခံပညာကျောင်းသူ မဝင်းမော်ဦး အတွက် ပြည်ပရောက်အဆိုတော် လားရှိုးသိန်းအောင် ရေးဖွဲ့ စပ်ဆိုထားတဲ့ ဂုဏ်ပြုတေးသီချင်းတပုဒ်ကို ပြည်ပရောက် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့တွေက ဖြန့်ဝေဖို့ စီစဉ်နေပါတယ်။
2011-09-11
မြန်မာအာဏာပိုင်တွေ အနေနဲ့ လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေကို နိုင်ငံတွင်းက ဒုက္ခရောက်နေတဲ့ နေရာတွေကို ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိအောင် လိုက်လျော ဆောင်ရွက်ပေးမယ်လို့ ကတိပေးလိုက်တဲ့အပေါ် အားတက်မိတယ်လို့ ဥရောပသမဂ္ဂရဲ့ လူသားချင်း စာနာထောက်ထားရေးရာ မဟာမင်းကြီး Ms. Kristalina Georgieva က မြန်မာနိုင်ငံကအပြန် Belgium နိုင်ငံ Brussels မြို့မှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။
2011-09-11
အခုတပတ် ဦးခင်မောင်စိုး စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် မစ္စတာ ဒဲရက်မစ်ချယ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်နေပြီလားဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးထားကြပါတယ်။
2011-09-11
နေပြည်တော်ကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက်မစ်ချယ်နဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်တို့ ဒီကနေ့ (စနေနေ့) တွေ့ဆုံခဲ့ရာမှာ အမေရိကန် အထူးကိုယ်စားလှယ်က လက်ရှိ လွှတ်တော်မှာ လွတ်လပ်စွာပြောဆိုခွင့် မည်မျှ ရှိသည်ကို မေးမြန်းခဲ့ကြောင်း၊ ဦးသိန်းညွန့်က မိမိတို့ လွတ်လပ်စွာ ပြောဆိုခွင့်ရှိကြောင်း၊ သို့ရာတွင် လက်တွေ့ ကျင့်သုံးရာတွင် လွှတ်တော်ကိုယ်စားလှယ် တဦးချင်းရဲ့ ယုံကြည်ချက်နဲ့ သတ္တိပေါ်မှာ မူတည် ကြောင်း ပြန်လည်ပြောကြားရင်း မြန်မာအစိုးရရဲ့ ပြောင်းလဲမှုတွေပေါ် မူတည်ကာ အမေရိကန်အစိုးရ အနေနဲ့ ပိတ်ဆို့မှုတွေကို လျှော့ချပေးဖို့ တိုက်တွန်းခဲ့ ကြောင်း သိရပါတယ်။
2011-09-11
နေပြည်တော်မှာ ကျင်းပနေတဲ့ ဒုတိယ အကြိမ်မြောက် လွှတ်တော် အစည်းအဝေးမှာ ကော်မတီ (၁၉) ခု ဖွဲ့စည်းခဲ့ရာမှာ လွှတ်တော် ကိုယ်စားလှယ် အချင်းချင်းကြား ရွေးချယ်တင်မြှောက် တဲ့ စနစ်မျိုးမဟုတ်ဘဲ သမ္မတ စိတ်ကြိုက် တိုက်ရိုက် ရွေးချယ် ခန့်အပ်ခဲ့တာမျိုး ဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။
2011-09-10
သမ္မတအိုဘားမားရဲ့ ကိုယ်ပိုင် အသေးစားလုပ်ငန်း မြှင့်တင်ရေး အစီအစဉ်အရ အမေရိကန် ပြည်ထောင်စုမှာ အောင်မြင်နေတဲ့ အသေးစား ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို ဂုဏ်ပြု ချီးမြှင့်တဲ့ အထဲမှာ မြောက်ကယ်ရိုလိုင်းနား ပြည်နယ်မှာရှိတဲ့ Hissho Sushi ကုမ္ပဏီ ပိုင်ရှင် Philip Maung ပါဝင်ခဲ့ပါတယ်။ Philip Maung ကို အာရ်အက်ဖ်အေက ဖိတ်ခေါ်မေးမြန်းထားပါတယ်။
2011-09-10
စစ်ကိုင်းတိုင်း အထက်ပိုင်း နာဂတောင်တန်းမှာရှိတဲ့ ဦးခပ်ပလန် ဦးဆောင်တဲ့ နာဂ လက်နက်ကိုင်တပ်ဖွဲ့ NSCN က သူတို့နယ်မြေထဲမှာ နေထိုင်ခွင့်ပေးထားတဲ့ အိန္ဒိယနိုင်ငံက အာသံ လက်နက်ကိုင်တပ်ဖွဲ့ ULFA ကို နှင်ထုတ်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။
2011-09-10
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်း သားတွေနဲ့ အစိုးရ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ပေါ်ပေါက်လာဖို့ တိုက်တွန်းကြောင်း နိုင်ငံရေးအကျဉ်းသားတွေက သဘောထားထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။
2011-09-10
ဥရောပသမဂ္ဂ EU ရဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ မဟာမင်းကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ မနက်ပိုင်းက သီးခြား တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
2011-09-10
တာချီလိတ်မြို့ အရှေ့မြောက်ဘက် မိုင် ၃ဝ အကွာမှာ ရှိတဲ့ ဟွေ့လေလန် ပူးပေါင်းဂိတ်မှာ စက်တင်ဘာလ ၈ ရက်နေ့ ည ၈ နာရီက ဆယ်ဘီးကား တစီးပေါ်ကနေ ကျပ်ငွေ သိန်း ၄ ထောင်ကျော် တန်ဖိုးရှိတဲ့ ‘ယာဘ’ ခေါ် စိတ်ကြွဆေးပြား တသောင်းခွဲခန့် ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။