လွှတ်တော်အမတ်အဖြစ်က ဖယ်ရှားမှု နိုင်ငံရေးထိုးနှက်ချက် ဖြစ်ကြောင်း RNDP ပါတီပြောကြား

၂ဝ၁ဝ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် မဲဆန္ဒနယ်ကနေ အနိုင်ရရှိခဲ့တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP အမတ် ဦးအောင်ကျော်ဇံ ကို လွှတ်တော်ကိုယ်စားလှယ် အဖြစ်က ဖယ်ရှားလိုက်တဲ့ လုပ်ရပ်ဟာ နိုင်ငံရေးအရ ထိုးနှက်ချက်ဖြစ်တယ်လို့ RNDP ပါတီက လွှတ်တော်အမတ် ၁၅ ဦး လက်မှတ်ရေးထိုးပြီး ဒီကနေ့ သဘောထား ထုတ်ပြန်လိုက်ပါတယ်။

2011.09.11
rakhine_RNDP_election_305_z.jpg ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ စစ်တွေမြို့နယ် ရုံးဖွင့်ပွဲကို ဇူလိုင်လ ၁၀ ရက်နေ့က ကျင်းပနေပုံ ဖြစ်ပါသည်။ (Photo Courtesy of RNDP)
(Photo Courtesy of RNDP)

နိုင်ငံရေးအရ အခုလို ထိုးနှက်ခံရတဲ့အပေါ် ပြည်သူတရပ်လုံး သိရှိအောင် ထောက်ပြလိုတဲ့အတွက် RNDP ပါတီက ပြည်သူ့လွှတ်တော် အမတ် ၈ ဦးနဲ့ အမျိုးသားလွှတ်တော်အမတ် ၇ ဦး စုပေါင်း လက်မှတ် ရေးထိုးပြီး ဒီ ကြေညာချက်ကို ထုတ်ပြန်ရတာ ဖြစ်တယ်လို့ ပါတီဥက္ကဋ္ဌ ဖြစ်သူ အမျိုးသားလွှတ်တော်အမတ် ဒေါက်တာအေးမောင်က ပြောပါတယ်။

“ဒါဟာ နိုင်ငံရေးအားဖြင့် လုပ်ကြံခံရတယ်ဆိုတဲ့ ယူဆချက်နဲ့ ကျနော်တို့က ကမ္ဘာသူ ကမ္ဘာသားတွေလည်း သိအောင်၊ တကယ်တမ်း စစ်စစ်မှန်မှန် မဲပေးခဲ့တဲ့ ရခိုင်ပြည်သူလူထုကလည်း သိအောင်၊ ကျနော်တို့ ပါတီဝင်ထုကလည်း သိအောင် ကျနော်တို့ရဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက လွှတ်တော်အမတ်တွေရဲ့ တကယ့်ရင်ထဲက ဆန္ဒကို လူထုသိအောင် ချပြတဲ့ ကြေညာချက်ပါ”

RNDP ပါတီ အမတ် ဦးအောင်ကျော်ဇံဟာ ရွေးကောက်ပွဲမှာ မတရားသဖြင့် အောင်မြင်ခဲ့တာ ဖြစ်ကြောင်း ပြိုင်ဘက် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဦးထွန်းအောင်ခိုင်က တိုင်ကြားထားတဲ့ အမှုကို ရွေးကောက်ပွဲကော်မရှင်က သုံးကြိမ် စစ်ဆေးပြီးနောက် ဦးအောင်ကျော်ဇံကို လွှတ်တော်အမတ်က ပယ်ဖျက်ကြောင်း၊ ဦးထွန်းအောင်ခိုင် သာလျင် အနိုင်ရရှိတဲ့ လွှတ်တော်ကိုယ်စားလှယ် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး က စက်တင်ဘာလ ၉ ရက် နေ့စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့ ပါတယ်။

အမှုကို အရံှုးအနိုင် မကြေညာခင်မှာ ကော်မရှင်က ဘယ်လို ဆုံးဖြတ်မယ်ဆိုတာ ကြိုတင်သတင်းတွေ ပေါ်ထွက်ခဲ့ကြောင်း၊ နိုင်ငံရေးအရ လုပ်ကြံမှုကြောင့် ပေါ်ပေါက်ခဲ့ရတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဇံရဲ့ နစ်နာမှုတွေအပေါ် စိတ်မကောင်း ဖြစ်ရကြောင်း၊ ဒီအမှုနဲ့ပတ်သက်လို့ အခုလို ပေါ်ထွက်ခဲ့တဲ့ ရလဒ်ဟာ လုံးဝ လက်မခံနိုင်စရာဖြစ်ပြီး၊ ပြစ်တင်ရှုံ့ချကြောင်း RNDP ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-05-30 01:28

ဦးထွန်းအောင်ခိုင်
ဇာဖြစ်လို့ အသားထဲက လောက်ထွက်ဖို့ ကြိုးစာနိန်စွာလဲ ။
ရခိုင် ဟူသော အဓိပ္ပယ်ကို မိန့်လခဗျက်လား။
ပြတ်ပြတ်သားသား ပြောလိုက်မယ်၊ RNDP PARTY ကို ကန့်ကွက်သော ရခိုင်သူသား တစ်သက်လုံး သတိထားပါ ။
မည်သည့်အခါမျှ စင်ပေါ်တက်ဖို့ မကြိုးစားကဲ့ ။

Anonymous
2011-09-12 03:44

Welcome,It is very good action.In myanmar have a lot of citizens but 90% rakhine is very dangerous.They know only themselves.

Anonymous
2011-09-11 12:29

Do not Blame others,Blame Yourselves. Knowing that the WHOLE PROCESSES OF 2010 ELECTION< BASED ON 2008 CONSTITUTIONS IS UNFAIR/UNJUSTED/ONE SIDED ETC, and YET JUST WISHFULLY WANT TO GET SOME BENEFITS/POWER, YOU TOOK PART IN THAT ELECTION. BLAME FOR YOUR STUPIDITY.