EU မဟာမင်းကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး

ဥရောပသမဂ္ဂ EU ရဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ မဟာမင်းကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ မနက်ပိုင်းက သီးခြား တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

2011.09.10
assk-eu-commissioner-305 မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဥရောပသမဂ္ဂ EU ၏ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ မဟာမင်းကြီး Kristalina Georgieva (ဝဲမှ ဒုတိယ) ၂ဝ၁၁ ခုနှစ် စက်တင်ဘာလ ၁ဝ ရက်နေ့က နေအိမ်တွင် သွားရောက်တွေ့ဆုံစဉ်။ (Photo: AFP)
AFP

မဟာမင်းကြီး Ms Karistalina Georgia ခရစ္စတလီးနား ဂျော်ဂျီယာနဲ့အဖွဲ့ဟာ ဒီကနေ့မနက် ၉ နာရီက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ လာရောက်တွေ့ဆုံတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ မိနစ် ၄ဝ ကြာ သီးခြား ဆွေးနွေးခဲ့တယ်လို့ NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဟံသာမြင့်က ပြောပါတယ်။

“ကျန်တဲ့လူတွေနဲ့ နှုတ်ဆက်တာလောက်ပဲ ရှိတယ်။ အလ္လာပ သလ္လာပ သဘောပါပဲ။ ဒေါ်အောင်ဆန်းကြည် နဲ့ကတော့ မိနစ် ၄ဝ လောက်ကြာအောင် ပြောပါတယ်။ ကျန်တဲ့လူတွေနဲ့ ၁ဝ မိနစ်လောက် စကားပြော၊ ဓာတ်ပုံရိုက်ပြီး ထွက်သွားကြတာ။ ရှေ့မှာရှိတဲ့ သတင်းထောက်တွေကိုလည်း လေယာဉ်ပျံ မမီမှာစိုးလို့ပါ ဆိုပြီး ဘာမှ ပြောမသွားဘူး။ အဲဒီတော့ ကျနော်တို့ဘက်ကလည်း ဘာမှ မထုတ်ပြန်ပါဘူး”

EU မဟာမင်းကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် ဘာတွေ ဆွေးနွေးသလဲဆိုတာ အတိအကျ မသိရပေမယ့် လူသားချင်း စာနာထောက်ထားတဲ့ အကူအညီ ပေးရေးကိစ္စတွေနဲ့ ပတ်သက်နိုင်တယ်လို့ သိရပါတယ်။ မဟာမင်းကြီးနဲ့အတူ ဥရောပသမဂ္ဂ သံအမတ်ကြီးနဲ့ တခြား အရာရှိတွေလည်း လိုက်ပါလာတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။