အမေရိကန် အထူးကိုယ်စားလှယ်က လွတ်လပ်စွာ ပြောဆိုခွင့်အကြောင်း မေးမြန်း
နေပြည်တော်ကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက်မစ်ချယ်နဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်တို့ ဒီကနေ့ (စနေနေ့) တွေ့ဆုံခဲ့ရာမှာ အမေရိကန် အထူးကိုယ်စားလှယ်က လက်ရှိ လွှတ်တော်မှာ လွတ်လပ်စွာပြောဆိုခွင့် မည်မျှ ရှိသည်ကို မေးမြန်းခဲ့ကြောင်း၊ ဦးသိန်းညွန့်က မိမိတို့ လွတ်လပ်စွာ ပြောဆိုခွင့်ရှိကြောင်း၊ သို့ရာတွင် လက်တွေ့ ကျင့်သုံးရာတွင် လွှတ်တော်ကိုယ်စားလှယ် တဦးချင်းရဲ့ ယုံကြည်ချက်နဲ့ သတ္တိပေါ်မှာ မူတည် ကြောင်း ပြန်လည်ပြောကြားရင်း မြန်မာအစိုးရရဲ့ ပြောင်းလဲမှုတွေပေါ် မူတည်ကာ အမေရိကန်အစိုးရ အနေနဲ့ ပိတ်ဆို့မှုတွေကို လျှော့ချပေးဖို့ တိုက်တွန်းခဲ့ ကြောင်း သိရပါတယ်။
ဦးသိန်းညွန့်နဲ့ RFA အဖွဲ့သား ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းခန်း အပြည့်အစုံကို နားဆင်နိုင်ပါတယ်။