သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-07-26
ဝါရင့် သတင်းစာဆရာကြီး လူထုစိန်ဝင်း အမှတ်တရပြပွဲနဲ့ ဟောပြောပွဲကို ရန်ကုန်မြို့ ကုန်သည်လမ်းက ဆရာကြီး လူထုစိန်ဝင်းနေအိမ်နဲ့ ကပ်လျက်မှာရှိတဲ့ Living Restoration ပြခန်းမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2016-07-26
တရုတ်မြန်မာနယ်စပ် ကေအိုင်အို ထိန်းချုပ်ရာ မိုင်ဂျာယန်မြို့မှာ တိုင်းရင်းသား လက်နက်ကိုင်တော် လှန်ရေး အဖွဲ့ အစည်းတွေရဲ့ အစည်းအဝေးကို ဇူလိုင်လ ၂၆ ရက် ဒီကနေ့ စတင်ကျင်းပပါတယ်။
2016-07-26
မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနက အကောင်အထည်ဖော်နေတဲ့ မြစိမ်းရောင်ကျေးရွာ စီမံကိန်းအတွက် ဒီနှစ်အတွင်း ရခိုင်ပြည်နယ်က ကျေးရွာပေါင်း ၁၀၀ ကျော်မှာ ငွေကျပ် သန်း သုံးထောင်ကျော် ထုတ်ချေးသွားမှာဖြစ်ပါတယ်။
2016-07-26
ချင်းတွင်းမြစ်ရေနဲ့ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ခန္တီး၊ မူဆယ်နဲ့ မြစ်ကြီးနားမြို့နယ်တွေ မှာ နေအိမ်အလုံးရေ ထောင်နဲ့ချီ ရေဖုံးလွှမ်းနေတဲ့အတွက် ကုန်းမြင့်တဲ့နေရာတွေ၊ စာသင်ကျောင်းတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ထားရပါတယ်။
2016-07-26
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မူးယစ်ဆေးဝါးရောင်း ဝယ်နေတာတွေ၊ အုပ်စုလိုက် မူးယစ်ဆေးဝါးသုံး စွဲနေတာတွေကို ထိထိရောက်ရောက် ဖမ်းဆီး အရေးယူပေးဖို့နဲ့ မူးယစ်ဆေးဖြတ်စခန်းတွေဖွင့် လှစ်ပေးဖို့ တိုက်တွန်းကြောင်းအဆိုကို ရှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဝမ်းလှိုင်ခမ်းက ဒီနေ့ အမျိုးသားလွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။
2016-07-26
မန္တလေးတိုင်းရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စီမံချက်နဲ့ ပြည်ကြီးတံခွန်၊ အောင်မြေသာဇံနဲ့ ပုသိမ်ကြီးမြို့ နယ်တွေမှာ မူးယစ်ဆေးဝါးသုံးစွဲနေသူတွေကို ဒီနေ့ ဖမ်းဆီးခဲ့ပါတယ်။
2016-07-26
ရွှေပါရမီ ပညာရေးဖောင်ဒေးရှင်းရဲ့ စတုတ္ထအကြိမ် ပညာသင်ချီးမြှင့်ငွေ ပေး အပ်ပွဲကို ရန်ကုန်မြို့ Novotel ဟိုတယ်မှာ မနေ့က ကျင်းပခဲ့ပါတယ်။
2016-07-26
လာမယ့်သြဂုတ်လအတွင်း ကျင်းပမယ့် ၂၁ရာစု ပင်လုံ ညီလာခံကို ကြိုဆိုတဲ့ အကြောင်း လူ ၁၀၀ ကျော်က ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့မှာ ဂျုလိုင်လ ၂၄ ရက်နေ့က ထောက်ခံပွဲ ပြုလုပ်ခဲ့ပါတယ်။
2016-07-26
စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်မှာရှိတဲ့ တကောင်းတောင် နီကယ်စီမံကိန်းအတွက် သိမ်းဆည်းထားတဲ့ မြေယာတွေ ကို လျော်ကြေးနစ်နာကြေးပေးလျော်ဖို့ ဒေသ ခံတောင်သူတွေက ဇူလိုင်လ ၂၅ရက်နေ့က မုံရွာမြို့မှာ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
2016-07-26
ရခိုင်ပြည်နယ်မှာ ၁၉၈၂ ခုနှစ်ဥပဒေနဲ့အညီ နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့အတွက် ANP ရခိုင်အမျိုးသားပါတီက ရန်ကုန်မြို့ Dolphin စားသောက်ဆိုင်မှာ မနေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2016-07-26
ရခိုင်ပြည်နယ် စစ်တွေမြို့က အရက်ချက်တဲ့နေရာတွေကို ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့စနေနေ့က ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။ စစ်ဆေးတွေ့ရှိချက်အရ အမှတ်တံဆိပ်မရှိတဲ့ အရက်အမျိုးမျိုး ထုတ်လုပ်နေတာ တွေ့ရတယ်လို့ စစ်တွေမြို့နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။
2016-07-25
မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသား လူငယ်များ ညီလာခံ ကျင်းပဖို့အတွက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ကို တွေ့ဆုံ ခွင့်တောင်းခံတဲ့ကိစ္စကို ရှမ်းပြည်နယ်အစိုးရအဖွဲ့က ဆိုင်းငံ့ လိုက်တာနဲ့ပတ်သက်ပြီး တိုင်းရင်းသား လူငယ်အဖွဲ့ အစည်းတွေက ကန့်ကွက်လိုက်ကြပါတယ်။
2016-07-25
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေအနေ နဲ့ ပြည်တွင်းပြည်ပ အရပ်ဘက်အဖွဲ့အစည်းတွေ ကျင်းပတဲ့ အစည်းအဝေးတွေ အလုပ်ရုံဆွေးနွေး ပွဲတွေ၊ သင်တန်းတွေနဲ့ လေ့လာရေးခရီးစဉ်တွေကို တက်ရောက်ဖို့ ဖိတ်ကြားခံရတဲ့အခါ ပြည်သူ့ လွှတ်တော်ဥက္ကဌထံ တင်ပြပြီး အတည်ပြုချက်ရယူ ကြဖို့ လွှတ်တော်ရုံးက အသိပေးကြေညာလိုက်ပါတယ်။
2016-07-25
ရှမ်းပြည်နယ်မြောက်ပိုင်းက ကျေးရွာတွေ မှာ မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကား မှုနေတာတွေ အုပ်စုလိုက် မူးယစ်ဆေးဝါး သုံးစွဲတာတွေကို ထိထိရောက်ရောက် ဖမ်းဆီးအရေးယူပေး ဖို့ တိုက်တွန်းကြောင်းအဆိုကို အမျိုးသားလွှတ်တော်မှာ ဆက်လက်ဆွေးနွေးဖို့ ဒီနေ့ အတည်ပြုလိုက်ပါတယ်။
2016-07-25
ယူနီကုဒ်နဲ့ ဇော်ဂျီ ဖောင့်၂ မျိုးရှိရာမှာ အစိုးရဝန်ကြီးဌာနတွေအနေနဲ့ ယူနီကုဒ်ကိုသာ အသုံးပြုဖို့ ပညာရေး ဝန်ကြီးဌာနက ဆုံးဖြတ်လိုက်ပါတယ်။