ရခိုင်ပြည်နယ် စစ်တွေမြို့က အရက်ချက်တဲ့နေရာတွေကို ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့စနေနေ့က ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။ စစ်ဆေးတွေ့ရှိချက်အရ အမှတ်တံဆိပ်မရှိတဲ့ အရက်အမျိုးမျိုး ထုတ်လုပ်နေတာ တွေ့ရတယ်လို့ စစ်တွေမြို့နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။ RFA သတင်းထောက် မဝေယံမိုးမြင့်က တင်ပြထားပါတယ်။