တိုင်းရင်းသား လူငယ်ညီလာခံ ရှမ်းပြည်နယ်အစိုးရ ဆိုင်းငံ့


2016.07.25
ethnic-youth-conference-620.jpg မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ ညီလာခံကို တက်ရောက်မယ့် ကရင်နီပြည်က လူငယ်တွေ ဇူလိုင်လ ၂၆ ရက်နေ့က ပင်လုံမြို့ကို သွားနေစဉ်
Photo: Khun A-Than Facebook

မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ ညီလာခံကျင်းပဖို့အတွက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ကို တွေ့ဆုံ ခွင့်တောင်းခံတဲ့ကိစ္စကို  ရှမ်းပြည်နယ် အစိုးရအဖွဲ့ က ဆိုင်းငံ့လိုက်တာနဲ့ပတ်သက်ပြီး တိုင်းရင်းသား လူငယ်အဖွဲ့ အစည်းတွေက ကန့်ကွက်လိုက်ကြပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ ညီလာခံကို ဇူလိုင် ၂၇ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ကျင်းပဖို့အတွက် ပင်လုံမြို့ကျောက်တိုင်ကွင်းကို အသုံးပြုခွင့်နဲ့ ညီလာခံကျင်းပခွင့် ပြုဖို့အတွက် တိုင်းရင်းသား လူငယ်များ ညီလာခံဖြစ်မြောက်ရေး ကော်မတီက ရှမ်းပြည်နယ် ဝန်ကြီးချုပ်ကို တွေ့ဆုံခွင့်တောင်းခံ ခဲ့တဲ့အပေါ် ဆိုင်းငံ့ထားကြောင်း ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ဗမာတိုင်းရင်းသားရေးရာဝန်ကြီးက  ဇူလိုင် ၂၅ ရက်နေ့က အကြောင်းပြန်ခဲ့ပါတယ်။

အခုလို အကြောင်းပြန်ကြားချက်အပေါ် ညီလာခံတက်ရောက်မဲ့ ထားဝယ်၊ မြိတ်၊ ဆလုံတိုင်းရင်းသားလူငယ်ကိုယ် စားလှယ်တွေက ကန့်ကွက်လိုက်ကြ ပြီး   မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသား ညီလာခံကို မူလသတ်မှတ်ထားတဲ့ အစီအစဉ်အတိုင်း ဆောင်ရွက်နိုင်ဖို့ အခြား တိုင်းရင်းသား လူငယ်များနဲ့အတူ လက်တွဲပူးပေါင်း ဆောင်ရွက် သွားမယ်လို့မနေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

အလားတူ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ရှမ်းယဉ်ကျေးမှုနဲ့ လူမှုရေးအသင်း ကလည်း ဒီဆိုင်းငံ့စာကို ပြန်လည်ရုတ်သိမ်းပေး ဖို့ တောင်းဆိုလိုက်ပါတယ်။ လူငယ်များညီလာခံဟာ တိုင်းရင်းသား လူမျိုးများ ရင်ကြားစေ့ရေး ပြန်လည်သင့်မြတ်ရေး၊ နိုင်ငံတော်ငြိမ်းချမ်းသာယာ ဝပြောရေး၊ ဖက်ဒရယ် ပြည်ထောင် စု တည်ဆောက်ရေးတို့ကို အထူးအထောက်အကူဖြစ်စေနိုင်တဲ့ အတွက် ရှမ်းပြည်နယ်အစိုးရအနေနဲ့ အားပေး ကူညီပေးဖို့လည်း မေတ္တာရပ်ခံလိုက်ပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး  တိုင်းရင်းသားလူငယ်များညီလာခံ ဖြစ်မြောက်ရေး ကော်မတီက ကိုခိုင်လမင်း ကို RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ်မေးမြန်း ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။