သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-03-22
၂၀၁၆ ခုနှစ်မှာ ကမ္ဘာပေါ်ကလူပေါင်း ၁၀၈ သန်းဟာ ငတ်မွတ်ခေါင်းပါးတဲ့ဒဏ် ပြင်းပြင်းထန်ထန် ခံစားခဲ့ရပြီး ၂၀၁၇ ခုနှစ်မှာတော့ ငတ်မွတ်ခေါင်းပါးဒဏ်ခံရသူအရေအတွက်ဟာ ၁၂၄ သန်းအထိ ရှိလာတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်တဲ့အစီရင်ခံစာတခုမှာ ဖော်ပြထားပါတယ်။
2018-03-22
ဒီကနေ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ဦးတီခွန်မြတ်ကို ရွေးချယ်လိုက်တာဟာ ပြည်သူတွေ မျှော်မှန်းထားတဲ့ ရွေးချယ်မှုမျိုးမဟုတ်ဘူးလို့ ဝေဖန်မှုတွေရှိနေသလို တစ်ဖက်မှာလည်း လွှတ်တော်အတွင်း ပါတီစွဲနဲ့ အားပြိုင်မှုတွေ လျော့နည်းသွားနိုင်တယ်လို့ ဝေဖန်တာတွေ ရှိနေပါတယ်။
2018-03-22
လစ်လပ်သွားတဲ့ နိုင်ငံတော်သမ္မတ ဦးထင်ကျော် နေရာအတွက် အစားထိုးတင်မြှောက်နိုင်ဖို့ ဒုတိယသမ္မတလောင်းတစ်ဦးကို မနက်ဖြန်မှာ ကျင်းပမယ့် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ရွေးချယ်မှာဖြစ်ပါတယ်။
2018-03-22
ကရင်ပြည်နယ် ဖာပွန်ခရိုင် တောင်ပိုင်းမှာ တပ်မတော်ဘက်က KNU နယ်မြေအတွင်း လမ်းတိုး ချဲ့ဖောက်လုပ်တဲ့အတွက် နှစ်ဖက်လက်နက်ကိုင် ပဋိပက္ခတွေဖြစ်ရတဲ့ကိစ္စကို JMC - U အစည်း အဝေးမှာ ဆွေးနွေးခဲ့ကြပြီး လက်ရှိအချိန်မှာ နှစ်ဖက်တပ်တွေ နားလည်မှုနဲ့ အပစ်ရပ်ထားပြီး လမ်းဖောက်လုပ်မှုကိုလည်း ရပ်ဆိုင်းထားပါတယ်။
2018-03-22
သမ္မတနဲ့ လွှတ်တော်ထိပ်ပိုင်းခေါင်းဆောင် အပြောင်းအလဲတွေအပါအဝင် အန်အယ်လ်ဒီ အစိုးရအဖွဲ့ရဲ့ သက်တမ်း ၂ နှစ်တာအတွင်း ပြည်သူတွေဘဝ တိုးတက်ပြောင်းလဲအောင် စွမ်းဆောင်နိုင်မှု၊ မစွမ်းဆောင်မှု အခြေအနေတွေနဲ့ ပတ်သက်လို့ မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ စာရေးဆရာ ဦးကျော်ဝင်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ကြပါပြီ။
2018-03-22
ရခိုင်ပြည်နယ်မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပပြုလုပ်နိုင်ခြင်းမရှိတာကြောင့် ဖွဲ့စည်းထားတဲ့ ဆွေးနွေးပွဲဖြစ်မြောက်ရေးကော်မတီကို မတ်လ ၂၀ရက်နေ့က ဖျက်သိမ်းလိုက်ပါတယ်။ ခုလိုအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ မပြုလုပ်နိုင်တဲ့ ပြည်နယ်တွေဟာလည်း ရှမ်းပြည်နယ်က တချို့နေရာတွေနဲ့ ရခိုင်ပြည်နယ်တို့မှာ ဖြစ်ပါတယ်။
2018-03-22
ရခိုင်ပြည်နယ် အမ်းမြို့မှာ တရုတ်ဓာတ်ငွေ့နဲ့ ရေနံပိုက်လိုင်းစီမံကိန်းကြောင့် ထိခိုက်နစ်နာခဲ့ရ တာတွေကို ဖြေရှင်းမပေးအတွက် CNPC ကုမ္ပဏီနဲ့ MOGE မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းကို ဒေသခံ ၆၀၀ လောက်က ဒီနေ့ ကန့်ကွက်ဆန္ဒပြကြပါတယ်။
2018-03-22
မွန်ပြည်နယ်၊ သထုံမြို့နယ်က မင်းလွင်တောင်မှာ ဘိလပ်မြေစက်ရုံ တည်ဆောက်ဖို့ အတွက် ဖြူမင်းထွန်းကုမ္ပဏီကို ဓာတ်သတ္တုစမ်းသပ်လုပ်ကိုင်ခွင့် ထပ်မပေးဖို့အတွက် ဒေသခံတွေရဲ့ သဘောထားအတိုင်း တောင်းဆိုသွားမှာဖြစ်တယ်လို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် က ပြောပါတယ်။
2018-03-22
တရားရုံးကို ဖိနပ်နဲ့ပစ်ပေါက်ခဲ့တဲ့ တရားလွှတ်တော် ရှေ့နေ ဦးဇော်ဝင်းကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ မနေ့ည မတ်လ ၂၁ ရက်နေ့က သူနေထိုင်တဲ့ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်နေအိမ်မှာ ဖမ်းဆီးလိုက်ပါတယ်။
2018-03-22
လစ်လပ်သွားတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နေရာအတွက် အရင်က ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးတီခွန်မြတ်ကို ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မဲခွဲပြီး ရွေးချယ်တင်မြှောက်လိုက်ပါတယ်။
2018-03-22
နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဟာ လက်ရှိတာဝန်ကနေ အနားယူလိုတဲ့အတွက် နှုတ်ထွက်ကြောင်း နိုင်ငံတော်သမ္မတရုံးက မတ်လ ၂၁ ရက်နေ့စွဲနဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
2018-03-22
ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံကျေးရွာတဝိုက်နဲ့ နမ့်တောင်ကုန်းတဝိုက်မှာ တပ်မတော်၊ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့TNLA နဲ့ ရှမ်းပြည်တပ်မတော်တောင်ပိုင်း RCSS/SSA တပ်တွေ တိုက်ပွဲပြင်းထန်နေပါတယ်။
2018-03-22
ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-U ၁၅ ကြိမ်မြောက် အစည်းအဝေးကို ရန်ကုန်မြို့ NRPC မှာ မတ်လ ၂၁ ရက်နေ့က စတင်ကျင်းပနေပါတယ်။
2018-03-21
သမ္မတတာဝန် နှစ်နှစ် ထမ်းဆောင်ပြီးနောက် ဒီနေ့မှာပဲ ဦးထင်ကျော်ဟာ တာဝန်တွေကနေ အနားယူလိုတာကြောင့်ဆိုပြီး နုတ်ထွက်လိုက်ပါတယ်။
2018-03-21
ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဂျပန်လွှတ်တော် နိုင်ငံခြားရေးရာ ဒုဝန်ကြီး Iwao Horii အီဝေအိုး ဟိုးရီး က မုတ်သုန်ရာသီ အလွန်နီးကပ်နေပြီဖြစ်တဲ့အတွက် ရိုဟင်ဂျာ မွတ်စလင်တွေ ပြန်ပို့ရေးကို လူသားချင်းစာနာမှု ရှူထာင့်ကကြည့်ပြီး အမြန်လုပ်ဆောင်ဖို့လိုကြောင်း မနေ့က ပြောကြားလိုက် ပါတယ်။