သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-11-21
မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့အစည်းဖြစ် တဲ့ “ ငြိမ်းချမ်းမေတ္တာ”က ကြီးမှူးကျင်းပတဲ့ ဆွေးနွေးဝိုင်းတစ်ခုကို နေပြည်တော်က မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ ၂ မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2018-11-21
ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်မှာ လှေနဲ့တွေ့ရှိခဲ့တဲ့ မွတ်စလင်ဒုက္ခသည် ၁၀၆ ဦးကို ဒီနေ့ညနေပိုင်းမှာ သူတို့ရဲ့ မူလနေရာတွေဆီကို ပြန်လည်ပို့ဆောင်လိုက်ပြီလို့ သိရပါတယ်။
2018-11-21
အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေး ဦးဆောင်အဖွဲ့ PPST ဥက္ကဋ္ဌနေရာကို တာဝန်ယူထားတဲ့ ကရင်အမျိုးသား အစည်းအရုံး KNU ဥက္ကဋ္ဌဟာ PPST တာဝန်ကနေအနားယူပြီး KNU ကိုယ်စား အထွေထွေအတွင်းရေးမှူးချုပ် ပဒို စောတာဒိုမူးကို အစားထိုး တာဝန်ပေးဖို့ စီစဉ်နေတယ်လို့ KNU အဖွဲ့ခေါင်းဆောင်တွေက ပြောပါတယ်။
2018-11-21
နေပြည်တော်မှာ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တချို့ ဒီကနေ့ အလွတ်သဘောအနေနဲ့ သီးသန့်တွေ့ဆုံဆွေးနွေးမယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ခေါင်း ဆောင်တွေ မတွေ့ဖြစ်ခဲ့ကြဘူးလို့ သိရပါတယ်။
2018-11-21
ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ် မန်ပန်ကျေးရွာနဲ့ နမ့်ဟူးကျေးရွာ အနီးမှာ တအာင်းပလောင်အဖွဲ့ TNLA စစ်ကြောင်းက ကားလမ်းပေါ်မှာ တွေ့ရတဲ့ ယာဉ်တစ်စီးကို ရပ်တန့်စစ်ဆေးရာမှာ ကွတ်ခိုင်အခြေစိုက် စစ်ဗျူဟာ ခလရ (၄၅) က ဗိုလ်ကြီး အဆင့်ရှိသူ တစ်ဦးကို လက်နက်နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။
2018-11-21
အစိုးရလျှို့ဝှက်ချက်အက်ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခံထားရတဲ့ ရိုက်တာသတင်းထောက် နှစ်ယောက်ရဲ့အမှုနဲ့ပတ်သက်ပြီး အယူခံ လျှောက်ထားတာကို ရန်ကုန်တိုင်းတရားရုံးချုပ်က လက်ခံ ကြားနာခွင့် ပြုလိုက်တဲ့အတွက် သတင်းထောက်နှစ်ဦး ပြစ်ဒဏ်က လွတ်မြောက်ဖို့ မျှော်လင့်နေကြပါတယ်။
2018-11-20
အစိုးရက ဖွဲ့စည်းဆောင်ရွက်နေတဲ့ ဆိုရှယ်မီဒီယာလူမှုကွန်ရက် စောင့်ကြည့်ရေးအဖွဲ့နဲ့ ပတ်သက်လို့ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်းက ဒီနေ့ ပြည်သူ့လွှတ်တော်မှာ မေးမြန်းခဲ့ပါတယ်။
2018-11-20
ရန်ကုန်တိုင်းအစိုးရက ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ AFD ကနေ ယူရိုသန်း ၇ဝ ချေးငွေရယူမယ့် အစီအစဉ်ကို လွှတ်တော်ကိုယ်စားလှယ်တချို့က ကန့်ကွက်နေသလို တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေ ကလည်း ထောက်ခံမှုမရှိကြဘူးလို့ သိရပါတယ်။
2018-11-20
တောင်ကိုရီးယားနိုင်ငံမှာ တရားမဝင် မြန်မာအလုပ်သမားတဦး သေဆုံးမှုနဲ့ပတ်သက်ပြီး အဖြစ်မှန် ဖော်ထုတ်ပေးဖို့ တောင်းဆိုခဲ့ကြပြီးနောက် ဒီနေ့ တရားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ တောင်ကိုရီးယား ဗုဒ္ဓဘာသာအဖွဲ့နဲ့ တွေ့ဆုံပါတယ်။
2018-11-20
အများပြည်သူ ထင်ယောင်ထင်မှားဖြစ်စေမယ့် သတင်းတု၊ သတင်းမှားတွေ ရေးသားနေတဲ့ သတင်းမီဒီယာတွေကို စောင့်ကြည့်ဖော်ထုတ်သွားမယ်လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ဒီနေ့ သဘောထားထုတ်ပြန်လိုက်ပါတယ်။
2018-11-20
ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်ကနေ ပြန်ပို့လိုက်တဲ့ မွတ်စလင်ဒုက္ခသည် ၁၀၆ ဦးဟာ မနက်ဖြန် နိုဝင်ဘာလ ၂၁ ရက်နေ့ မနက်အစောပိုင်းမှာ စစ်တွေမြို့နယ်ကို ရောက်ရှိမှာဖြစ်တယ်လို့ သိရပါတယ်။
2018-11-20
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်ကိုင်ကျေးရွာတဝိုက်မှာ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့TNLA နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်တွေ မနေ့ကစတင်ပြီး တိုက်ပွဲဖြစ်ပွားနေပါတယ်။
2018-11-20
ကချင်ပြည်နယ် ဖားကန့်မြို့နယ် နမ့်မော်ကျေးရွာအုပ်စုက ကျောက်စိမ်းသစ်ရွက် ကုမ္ပဏီလုပ်ကွက် ထဲမှာ ရေမဆေးကျောက်ရှာဖွေသူတွေနဲ့ လုံခြုံရေးရဲတပ်ဖွဲ့တို့အကြား မနေ့က ပဋိပက္ခဖြစ်ပွားပြီး ရေမဆေးသမားတစ်ဦး သေဆုံးခဲ့ပါတယ်။
2018-11-20
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အုံအင်းဘုရားအနီးက လယ်ယာမြေ ၂ ဧကကို အောင်မြင်သူ ကုမ္ပဏီက ပိုင်ဆိုင်တယ်ဆိုကာ လာရောက်ရှင်းလင်းဖယ်ရှားခဲ့တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ စည်ပင်သာယာဝန်ထမ်းတွေနဲ့ ရဲတပ်ဖွဲ့တို့ကို ဥပဒေအရ အရေးယူဆောင်ရွက်ပေးဖို့ ဖယ်ရှားခံရ သူတွေက ချမ်းမြသာစည်မြို့နယ် တရားရုံးမှာ ဒီနေ့ ဦးတိုက်လျှောက်ထားခဲ့ပါတယ်။
2018-11-20
ငွေကျပ်သန်း ၆ ထောင်ကျော် အသုံးပြုပြီး အစိုးရရဲ့ ဆိုရှယ်မီဒီယာ စောင့်ကြည့်တဲ့လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ ဥပဒေနဲ့ ညီညွတ်မှု ရှိ မရှိ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်း က ဒီနေ့ ပြည်သူ့လွှတ်တော်မှာ မေးခွန်းထုတ်လိုက်ပါတယ်။