သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-11-22
ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်ဒေသ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ပြည်နယ်လွှတ်တော်ထံ ပွင့်ပွင့်လင်းလင်းတင်ပြပေးဖို့ ရခိုင်ပြည်နယ်အစိုးရကို တိုက်တွန်းကြောင်းအဆိုကို ဒီနေ့ကျင်းပတဲ့ ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ တင်သွင်းလိုက်ပါတယ်။
2017-11-22
အမှန်တကယ်စိုက်ပျိုးခြင်းမရှိဘဲ မြေလွတ် မြေလပ်တွေ ရယူထားတဲ့ ကုမ္ပဏီတွေရှိတဲ့အတွက် ပြန်လည်စိစစ်သွားမယ်လို့ ဗန်းမော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သင်း က ဒီနေ့ ပြောပါတယ်။
2017-11-22
လယ်ယာမြေနဲ့ အခြားမြေတွေ သိမ်းဆည်းခံရမှုတွေနဲ့ပတ်သက်ပြီး အောက်ခြေမှာ ဖြစ်ပျက်နေ တာတွေကို လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးနေတာ အာပေါက်တော့မှာဖြစ်ပြီး ဝန်ကြီးဌာနတွေအနေနဲ့ မူဝါဒတွေ ပြောနေတာထက် တိတိကျကျဖြေဖို့ လိုအပ်ကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် က ဒီနေ့ သတိပေးလိုက်ပါတယ်။
2017-11-22
ကရင်ပြည်နယ်မှာ အာရှလမ်းမကြီးဖောက်လုပ်ဖို့အတွက် လိုအပ်တဲ့ ကျောက်မိုင်းတွေကို လွန်းညတောင်ကနေ ထုတ်ယူဖို့ ချစ်လင်းမြိုင်ကုမ္ပဏီနဲ့ တရုတ်ကုမ္ပဏီတွေပြုလုပ်နေ တာကို ဒေသခံတွေက ဒီနေ့ ကန့်ကွက်ကြောင်း လက်မှတ်တွေရေးထိုးခဲ့ကြပါတယ်။
2017-11-22
ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူး ကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ရဲ့ တာဝန်နဲ့လုပ်ပိုင်ခွင့်တွေ ပြင်ဆင် သတ်မှတ်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး ၂ဝ၁၇ နိုဝင်ဘာလ ၂၁ ရက်နေ့က ပြည်ထောင်စု လွှတ်တော်မှာ သဘောထား ရယူရာမှာ.. သမ္မတရုံးဝန်ကြီးဟောင်းတစ်ဦးဖြစ်တဲ့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်းက ကန့်ကွက် လိုက်ပါတယ်။
2017-11-22
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် မလက်တိုကျေးရွာအုပ်စုက ကျေးရွာပေါင်း ၁၅ ရွာက လူဦးရေ တစ်ထောင်ခန့်ဟာ မအူပင်မြို့နယ်အတွင်းမှာရှိတဲ့ Orchard ကုမ္ပဏီကို နိုဝင်ဘာလ (၂၁) ရက်နေ့ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2017-11-22
ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးတွေကို နိုင်ငံတစ်ဝှမ်းက အသက် ၅ နှစ်ကနေ ၁၅ နှစ်အထိကလေးငယ်တွေကို နိုဝင်ဘာလ ၁၅ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ထိုးပေးနေရာ မနေ့ကအထိ ကလေးငယ် ၆ သန်းကျော်လောက်ကို ထိုးနှံပေးပြီး ဖြစ်ပါတယ်။
2017-11-22
ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူး ကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့် ပြင်ဆင်မှုအပေါ် ဝန်ကြီးဟောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်း က ဒီနေ့ ကန့်ကွက်လိုက်ပါတယ်။
2017-11-22
နေပြည်တော်က မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန MICC 1 မှာ ၂ ရက် ကျင်းခဲ့သည့် (၁၃) ကြိမ်မြောက် ASEM နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအကြောင်း အပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြထားပါတယ်။
2017-11-21
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှာ ကာလတန်ဖိုးငွေကျပ် သိန်းပေါင်း နှစ်သောင်းနီးပါးတန်ဖိုးရှိတဲ့ WY စိတ်ကြွဆေးပြား ကိုးသိန်းခြောက်သောင်းကျော်ကို ရဲတပ်ဖွဲ့က မနေ့က သိမ်းဆည်းရမိ ခဲ့ပါတယ်။
2017-11-21
ငြိမ်းစုစီဥပဒေပုဒ်မ ၁၉၊ နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တို့နဲ့ တရားစွဲဆိုခံထားရတဲ့ မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခကို ကမာရွတ်မြို့နယ် တရားရုံးက ငြိမ်းစုစီ ပုဒ်မ ၁၉ နဲ့ ဒီနေ့ ထောင်ဒဏ်(၁)လချမှတ်လိုက်ပါတယ်။
2017-11-21
ပြည်ထောင်စုလွှတ်တော် နာယကဟောင်း ဥက္ကဌအဖြစ် တာဝန်ယူနေတဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ရဲ့ တာဝန်နဲ့ လုပ်ပိုင် ခွင့်တွေ ဒုတိယအကြိမ် ပြင်ဆင်မှုအပေါ် ဝန်ကြီးဟောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်းက ဒီနေ့ ကန့်ကွက်လိုက်ပါတယ်။
2017-11-21
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ RFA အစီအစဉ်မှာ မန္တလေးမြို့ မြဝတီ မင်းကြီးကျောင်းတိုက် နာယကဆရာတော် ဦးအရိယဝံသာဘိဝံသ က သီတဂူဆရာတော်ကြီး ရဲ့ ဟောကြားချက်အပေါ် စွပ်စွဲပုတ်ခတ်ထားတဲ့အတွက် ကန့်ကွက်ကြောင်း သီတဂူဆရာတော်ရဲ့ တပည့်သံဃာတော်တွေက မနေ့က သတင်းထုတ်ပြန်ပါတယ်။
2017-11-21
ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးပြီး ၃ရက်အကြာမှာ သေဆုံးသွားခဲ့တဲ့ ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ ကညင်ချောင်းကျေးရွာက ကလေးတစ်ဦးဟာ တခြားရောဂါအခံနဲ့ သေဆုံးတာဖြစ်ပြီး ကာကွယ်ဆေးနဲ့ ဆက်စပ်မှုမရှိဘူးလို့ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက် မန်နေဂျာက ဒီကနေ့ ပြောပါတယ်။
2017-11-21
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးရောက်ရှိနေသူတွေ နေရပ်ပြန်လာနိုင်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြား အမြန်ဆုံးသဘောတူညီမှုရရှိမယ်လို့ မျှော်လင့်ကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် က ဒီနေ့ ပြောပါတယ်။